Category: Article
-

၁၀၂၇ စစ်ဆင်ရေး၏ အောင်နိုင်သူမှ အထီးကျန် ခုခံသူ TNLA ၏ သင်ခန်းစာများ
၁၀၂၇ စစ်ဆင်ရေး၏ အောင်နိုင်သူမှ အထီးကျန် ခုခံသူ TNLA ၏ သင်ခန်းစာများ နှင့် တော်လှန်ရေး အနာဂတ်အတွက် သတိပေးခေါင်းလောင်းသံ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” သည် မြန်မာ့နွေဦးတော်လှန်ရေး၏ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့ပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သည် ထိုစစ်ဆင်ရေး၏ အဓိကအောင်နိုင်သူများထဲမှ တစ်ဦးအဖြစ် ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အချက်အချာကျသော မြို့ကြီးများနှင့် နယ်မြေဒေသ အများအပြားကို လျှပ်တပြက်အတွင်း သိမ်းပိုက်နိုင်ခဲ့ခြင်းသည် TNLA ၏ စစ်ရေးစွမ်းရည်ကို သက်သေပြခဲ့သော်လည်း၊ အောင်ပွဲနှင့်အတူ ကြီးမားသော နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ စိန်ခေါ်မှုများလည်း တပါတည်း ကပ်ပါလာခဲ့သည်။ ယနေ့အချိန်တွင် TNLA သည် အောင်ပွဲ၏အသီးအပွင့်များကို ခံစားရမည့်အစား မဟာမိတ်များနှင့် တင်းမာမှုများ၊ ဒေသခံတိုင်းရင်းသားများ၏…
-

လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ
“လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာ အလွန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်နေပါပြီ” Unique ကွန်ပြူတာဆိုင်မှာ Laptop မရောင်းနိုင်တော့တာ၊ Royal Express လို Delivery ကုမ္ပဏီတွေမှာ ပို့စရာမရှိတော့တာနဲ့ Samsung လို နိုင်ငံတကာ ကုမ္ပဏီကြီးတွေတောင် ရောင်းစရာပစ္စည်းမရှိလို့ Sales Target တွေလျှော့ ချနေရတာဟာ မြန်မာ့စီးပွားရေးယန္တရားကြီး တကယ်ပဲ ရပ်ဆိုင်းတော့မယ်ဆိုတာကို ပြသနေတဲ့ ထင်ရှားတဲ့ လက္ခဏာတွေပါပဲ။ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်များ လက်ရှိဖြစ်နေတဲ့ နိုင်ငံခြားငွေရရှိမှု ကျဆင်းခြင်း၊ စစ်လက်န-က်ဝယ်ယူမှု ဦးစားပေးခြင်း၊ သွင်းကုန်ကန့်သတ် ခြင်းနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းခြင်းစတဲ့ အချက်တွေအပေါ် အခြေခံပြီး ရှေ့ဆက်ဖြစ်လာနိုင်တဲ့ စီးပွားရေးအခြေအနေကတော့- * ငွေကြေးဖောင်းပွမှုနဲ့ ဈေးနှုန်းမြင့်တက်မှု နိုင်ငံခြားငွေမရှိလို့ အခြေခံကုန်ကြမ်းတွေ မသွင်းနိုင်တဲ့အခါ ပြည်တွင်းမှာ ကုန်ပစ္စည်းတွေ…
-

ဂုတ်ထိပ်မှာ တရေးနိုးတဲ့ ကာလနဂါးများ
၅ နှစ်နီးပါးကြာ အိပ်ပျော်နေတဲ့ ကာလနဂါးတွေဟာတစ်ခုသောတနင်္ဂနွေမနက်နေမြင့်ချိန်မှာ ရုတ်တရက်တရေးနိုးလာပါတယ်။ အရပ်သားပြည်သူအသက်တွေ သေကြေ၊ အိမ်ယာတွေဖျက်ဆီးခံရတဲ့သတင်းတွေ မနက်မိုးလင်းကနေ ညသန်းခေါင်သန်းလွဲအထိ နေ့စဉ်ဆူညံပွက်လောရိုက်နေတာတောင်မနိုးတဲ့ မြန်မာပြည်က ကာလနဂါးတသိုက်ဟာ စစ်ကောင်စီတပ်ဝါဒဖြန့်ချိရေးသမားတစ်ယောက် လူမှုကွန်ရက်ပေါ်မှာရေးလိုက်တဲ့စာတစ်ကြောင်းကြောင့်ဩဂုတ်လ၂၄ ရက် တနင်္ဂနွေနေ့မနက်၉နာရီခန့်မှာတရေးနိုးလာတာပါ။ အလိမ်အညာတွေတစိုက်မတ်မတ်ရေးနေတဲ့ စစ်ကောင်စီ ဝါဒဖြန့်ချီရေးသမားတစ်ယောက်က “နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိပြီးဖြစ်သောကမ္ဘာ့အမွေအနှစ်ဂုတ်ထိပ်တံတားကြီးအား ပလောင်သောင်းကျန်းသူများချိုးဖျက်စီးသွားခဲ့ပါပြီ” လို့ တနင်္ဂနွေ မနက်ခင်းမှာ လူမှုကွန်ရက်ပေါ် ရေးတင်လိုက်ပါတယ်။ အဲဒီလိုရေးတင်ပြီးမိနစ်ပိုင်းအကြာမှာပဲကာလနဂါးတွေ အုံနဲ့ကျင်းနဲ့နိုးထလာပါတော့တယ်။အိတ်မှုန်စုန်မွှားနဲ့ကာလနဂါးတွေက ဘာမှသေချာမသိဘဲ ” မြန်မာတွေရဲ့နှလုံးသားကို ရိုက်ချိုးလိုက်တဲ့ TNLAတော့ မဟာအမှားကြီးလုပ်မိပြီ” လို့ ဆိုသူကဆို “ပြတ်ပြတ်သားသား တုံ့ပြန်ပေးပါအဘ”လို့ ပြောသူကပြောနဲ့တနင်္ဂနွေနေ့ဟာတော်တော်လေး ကသောင်းကနင်းဖြစ်ခဲ့ပါတယ်။ အများစုကတော့စစ်တပ်ထောက်ခံသူနဲ့ စစ်တပ်ဝါဒဖြန့် အကောင့်တွေဖြစ်ပါတယ် ။ဒါပေမယ့် သာမန်ပြည်သူတချို့လည်းပါဝင်ပါတယ် ။ ကာလနဂါးဆိုတာ ဒဏ္ဏာနာရီလာနဂါးဖြစ်ပါတယ်။ကာဠနဂါးလို့လည်း ဆိုကြပါတယ်။ဘုရားတစ်ဆူပွင့်မှ တစ်ကြိမ်နိုးတဲ့အထိ အအိပ်ကြီးတဲ့နဂါးအဖြစ် အိပ်ရာဝင်ပုံပြင်အဖြစ်ရောဘာသာရေးယုံကြည်မှုအရပါ…
-

ဂုတ်ထိပ် အရေး
သမိုင်းဝင် အထင်ကရ ဂုတ်ထိပ် တံတားကြီး နှင့် ပတ်သက်၍ ပြည်ပ သတင်းဌာနများ၏ ရေးသားချက်များကို အရင်ဦးဆုံး ဖေါ်ပြလိုပါသည်။ ဂုတ်ထိပ်တံတားကြီးအား တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်တော် TNLA နှင့် ပြည်သူ့ကာကွယ် ရေး တပ်များက ဗုံးခွဲ ဖျက်ဆီးလိုက်၍ မီတာ ၂၀ ခန့် ရှည်သော အစိတ်အပိုင်း ပျက်စီးသွားသည်ဟု စစ်အုပ်စု ခြုံငြိမ်း၏ ပြောခွင့်ရ ဇော်မဲလုဲးက ဩဂုတ် ၂၄ ရက်နေ့တွင် မီဒီယာသို့ ဗီဒီယို ဖိုင် ပေးပို့၍ သတင်း ထုတ်ပြန်လာသည်။ နောက်ထပ် ထုတ်ပြန်သော ကြေညာချက်တွင် “မိုင်းခွဲ ဖျက်ဆီးလိုက်ခြင်း” ဖြစ်သည်ဟု ပါရှိလာသည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတံတားဖြစ်သော ဂုတ်ထိပ်တံတားသည် ချောက်ကမ်းပါးအထက် ၁၀၂ မီတာ…
-

ရွေးကောက်ပွဲအလွန် တပ်ရှိရမယ့်နေရာကို စစ်ခေါင်းဆောင်အသိပေး
လာမယ့်ရွေးကောက်ပွဲပြီးရင် တပ်က နိုင်ငံရေးအတွက်မပါဘဲ နိုင်ငံတော်ကာကွယ်ရေးကိုပဲ တာဝန်ထမ်းဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ကို အသိပေးပါတယ်။ ဒါက ၁၉၉၀ ရွေးကောက်ပွဲပြီးရင် “တပ်က စစ်တန်းလျားပြန်မယ်” လို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ လူသိများတဲ့ စကားကို ပြန်လည်အမှတ်ရစေပါတယ်။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၂၅ ရွေးကောက်ပွဲအလွန်အခင်းအကျင်းတွေက မတူတော့သလို နိုင်ငံရေးမှာ တပ်ကရှိနေမယ့် နေရာချင်းလည်း မတူတော့ပါဘူး။ စစ်ခေါင်းဆောင်က သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲက အတိုင်းပဲ တပ်ကို အထိုင်ပြန်ချမှာပါ။ ရွေးကောက်ပွဲအလွန် တပ်ရဲ့နေရာ ရွေးကောက်ပွဲအလွန်မှာ တပ်က ဘယ်လိုအခန်းကဏ္ဍမှာရှိနေမလဲဆိုတာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာခဲ့တဲ့ သြဂုတ် ၁၈ မှာ အသိပေးခဲ့တာဖြစ်ပါတယ်။ သူက အချက် ၄ ချက်…