Category: Article
-
ဖော်တကာ နိုင်ငံလို့ အမည်တွင်ခဲ့တဲ့ နိုင်ငံကိုတောင် လိုက်မမှီတော့တဲ့အဖြစ်
နားနဲ့မနာ ဖဝါးနဲ့မနာ နှလုံးသားနဲ့ နာတော်မူပါ။ ။ အေးဗျာ။ ကျုပ်တို့စာရေးသူတွေများ ခံစားပြင်းပြင်းနဲ့ စာရေးချင်ပြီဟေ့ ဆိုရင် စကားလုံးရှာရတဲ့ ဒုက္ခဟာ အင်မတန်ကြီးသဗျာ။ တကယ်တော့ ကျုပ်စာရေးတဲ့အခါ ကျုပ်ရင်ထဲမှာ ခံစားနေရတာကို စာဖတ်သူတွေ မူရင်းအတိုင်း ခံစားရလေအောင်၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စကားကို ငှားသုံးရရင် နားသယ်ကိုရော နှလုံးသားကိုပါ တူနဲ့နှက်လိုက်သလို ဒုတ်ဒုတ်ထိ ခံစားနိုင်အောင် ရေးပြချင်တာပါ။ ဖြစ်နိုင်ရင်ဖြင့် စလေဆရာဦးပုညလို ဖတ်သူရင်ထဲ နင့်ကနဲ ဖြစ်သွားစေတဲ့ ပျစ်ပျစ်နှစ်နှစ် စကားလုံးအသစ်အဆန်းတွေ ရေးပြဖို့ ဆိုတာကလည်း ကျုပ်မှာပါရမီ မပါပြန်ဘူးဗျာ။ ခက်လှပါသကော။ ဒီကြားထဲ စာပေအလင်္ကာ ပျို့ကဗျာ စသည်တွေမှာ ဂါမ္မဒေါသ မသင့်အပ်ဘူးလို့ ရှေးဆရာကြီးများရဲ့ မိန့်မှာချက်ကလည်း ရှိနေသေးဗျာ။ ဂါမ္မဒေါသဆိုတာ “မယဉ်ကျေးတဲ့ အသုံးအနှုန်း၊ အရပ်စကား သို့မဟုတ်…
-

ကျွန်မကလေးကို သူတို့က အရှ-/င်လတ်² 🔥 T-တ်ခဲ့တယ်
“ကျွန်မကလေးကို သူတို့က အရှင်လတ်လတ် မီးရှို့သတ်ခဲ့တယ်” ဟု မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ၉ နှစ်အကြာ အသက်ရှင်ကျန်ရစ်သူများက ပြန်လည်ပြောပြ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှု၊ မီးရှို့မှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်မှာ ၉ နှစ်ကြာမြင့်လာပြီဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူများသည် ထိုဖြစ်ရပ်များ၏ နာကျင်ဖွယ်မှတ်ဉာဏ်များနှင့်အတူ တရားမျှတမှုရရှိရေးကို ဆက်လက်မျှော်လင့်နေကြကြောင်း သြစတြေးလျနိုင်ငံတွင် နေထိုင်နေသည့် ရိုဟင်ဂျာဒုက္ခသည်များက ပြောဆိုကြသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃၀ ရက်တွင် ရခိုင်ပြည်နယ်၊ တူလာတိုးလီကျေးရွာကို မြန်မာစစ်တပ်က မီးရှို့တိုက်ခိုက်ခဲ့စဉ် ရိုဟင်ဂျာအမျိုးသမီး ရိုကေးယားဘီဂမ်၏ အသက် ၁၈ လအရွယ်သား မိုဟာမက်ဆာဒက်ကို စစ်သားများက သူမ၏လက်ထဲမှ ဆွဲယူကာ မီးထဲသို့ ပစ်ချခဲ့ကြောင်း သူမက…
-

၆၂ လမ်းက စောင့်နေတဲ့ မေမေ
ကုန်တင်ယာဥ်ကြီးတွေ တဝုန်းဝုန်းသွားလို့ ဖုန်တွေ တဝေါဝေါထလေ့ရှိတဲ့ မန္တလေးမြို့၊ ၆၂ လမ်းနဲ့ ထုံးဘို-မြစ်ငယ်လမ်းထောင့်အနီးကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖုန်းထုတ်ကာ Tiktok ရိုက်ပါတယ်။ တခြား Tiktok ရိုက်သူတွေလို ကခုန်ပြီးရိုက်တာ မဟုတ်ပါဘူး။ “ကျမသားလေး မန္တလေးမှာ ပျောက်သွားပါတယ်။အမြန်ဆုံးသတင်းအကြောင်းကြားပေးပါ။ ၆၂ လမ်းကြားမှာပါ”တဲ့။ သူ့သားလေး ပျောက်ဆုံးသွားတဲ့နေရာမှာ Tiktok လာရိုက်ပြီး အကူအညီတောင်းနေရှာတာပါ။ ကုန်တင်ယာဥ်ကြီးတွေ တဝုန်းဝုန်းသွားလို့ ဖုန်တွေ တဝေါဝေါထလေ့ရှိတဲ့ မန္တလေးမြို့၊ ၆၂ လမ်းနဲ့ ထုံးဘို-မြစ်ငယ်လမ်းထောင့်အနီးကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဖုန်းထုတ်ကာ Tiktok ရိုက်ပါတယ်။ တခြား Tiktok ရိုက်သူတွေလို ကခုန်ပြီးရိုက်တာ မဟုတ်ပါဘူး။ “ကျမသားလေး မန္တလေးမှာ ပျောက်သွားပါတယ်။အမြန်ဆုံးသတင်းအကြောင်းကြားပေးပါ။ ၆၂ လမ်းကြားမှာပါ”တဲ့။ သူ့သားလေး ပျောက်ဆုံးသွားတဲ့နေရာမှာ Tiktok လာရိုက်ပြီး…
-

လွတ်မြောက်လာသူတွေ ပြောပြကြတဲ့ စကစ ငရဲခန်း
ညှဉ်းပန်းနှိပ်စက်ပြီးနောက် ပစ်သတ်ခြင်း’ ၂၀၂၄ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ အမျိုးသား ၇၀ ဦးအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှ လွတ်မြောက်လာသူများ၏ ရင်ဖွင့်သံများ စစ်လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များ တင်ဆောင်လာသော မော် တော်ယာဉ် ခြောက်စီးသည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အနီးတွင်ရှိပြီး ရခိုင်ဗုဒ္ဓဘာ သာအများစု နေထိုင်ရာ ဗျိုင်းဖြူကျေးရွာအတွင်းသို့ ဖြည်းညှင်းစွာ မောင်းနှင်ဝင်ရောက်လာခဲ့သည်။ ၎င်းတို့ ရောက်ရှိလာသည့် အချိန်မှာ မနက် ၈ နာရီဖြစ်သဖြင့် ပုံမှန်မဟုတ်ပေ။ စစ်အုပ်စုတပ်ဖွဲ့ဝင် များသည် ပုံမှန်အားဖြင့် မွန်းလွဲပိုင်း၊ ညနေပိုင်း သို့မဟုတ် ညဉ့်အချိန်များမှသာ ကျေးရွာအတွင်း စစ် ဆေးကင်းလှည့်ခြင်းနှင့် ဝင်ရောက်စီးနင်းခြင်းများကို ပြုလုပ်လေ့ရှိကြသည်။ ကျေးရွာအလယ်တွင် စစ်ကားများ ရပ်တန့်လိုက်ပြီးနောက် တပ်ဖွဲ့ဝင် ၂၀၀ ခန့် ဆင်းလာခဲ့ကြသည်။…
-

စစ်တပ်ရဲ့ရိုင်းစိုင်းမှုကိုဖော်ပြတဲ့ ဓါတ်ပုံတစ်ပုံ
စစ်တပ်ဗုံးကြဲတာကြောင့် သားငယ်ကိုဖက်ထားလျက်အကာအကွယ်ပေးဖို့ကြိုးပမ်းခဲ့ရင်းသေဆုံးနေတဲ့ သားအမိ နှစ်ဦးရဲ့ ဓါတ်ပုံက မြင်ရသူအပေါင်းကို ဝမ်းနည်းကြေကွဲစေပါတယ် ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဗုံးကြဲသတ်ဖြတ်မှုတွေ ၊အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေ မကြာခဏကြုံရတာကြောင့် ပြည်သူတွေနှလုံးသားတွေ အကြိမ်ကြိမ် ကြေကွဲခဲ့ရတာကြောင့် ထုံကြင်နေတာတောင် ကျိန္တလီမြို့က မဖြိုးဖြိုးကျော်တို့သားအမိဓါတ်ပုံကမြင်ရသူအပေါင်းကို ဝမ်းနည်းဆို့နင့်စေခဲ့ပါတယ်။ “အပြစ်မရှိတဲ့ကလေးတွေဘဲ သေနေရတေ သူတို့တွေကလူတောင်မဖြစ်သေးဘူး”လို့ရခိုင်ပြည်သူတဦးကမှတ်ချက်ပြုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာဩဂုတ်လ ၁၃ ရက်နေ့ ည၊ ၁၀ နာရီခွဲအချိန်မှာ အာရက္ခတပ်တော်(AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ် ကျိန္တလီမြို့ပေါ် အမှတ်(၁)ရပ်ကွက် မေတ္တာပေါင်းကူးလမ်း ပေါ်ရှိ မဖြိုးဖြိုးကျော်တို့နေအိမ်အပါအဝင် နေအိမ်တွေကို ဂျက်ဖိုက်တာတစီးနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာပါ။ စစ်တပ်ကအားပြင်းလှတဲ့ဗုံးကိုကြဲချတာကြောင့် အသက် ၃၅ နှစ်အရွယ် ကိုမင်းဝေခန့် ၊ဇနီးဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မဖြိုးဖြိုးကျော်တို့နဲ့သားငယ် နှစ်ဦးဖြစ်တဲ့အသက် ၁၂…