Category: Article


  • အာဏာရှင်တို့ရဲ့ ဒစ်ဂျစ်တယ် အကျဉ်းထောင်ကို ဘယ်လို ရင်ဆိုင်မလဲ

    စစ်ကောင်စီဆိုတဲ့ ရန်သူမှာ ချီးကျူးစရာတခုရှိပါတယ်။ အဲဒါကတော့ သူတို့ အာဏာတည်မြဲဖို့ လုပ်စရာရှိတာကို မြဲမြဲမြံမြံ ရဲရဲဝံ့ဝံ့ လုပ်ကိုင်တတ်တဲ့ အကျင့်ပါပဲ။ အခုလည်း မဲလိမ်မဲခိုးပွဲကနေတဆင့် တရားမဝင် အစိုးရတရပ် ဖွဲ့စည်းဖို့ အပူတပြင်းလုပ်နေပါတယ်။ ပေါ်တာဆွဲတာတွေကလည်း နေ့စဉ်ရက်ဆက် တရက်မှမနားဘူး။ အခုလည်း လာပြန်ပြီ နောက်တခု။ ဖုန်းတွေရဲ့ IMEI နံပါတ်တွေကို CEIR (Central Equipment Identity Register) စနစ်မှာ မဖြစ်မနေ မှတ်ပုံတင်ရမယ်ဆိုတဲ့ ကိစ္စပါပဲ။ ၂၀၂၆ ခုနှစ် မတ်လ ၅ ရက်မှာ စစ်ကောင်စီက တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါပြီ။ မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး အခွန်လွတ် မှတ်ပုံတင်ခိုင်းပါတယ်။ ဧပြီလ ၁ ရက်နေ့ကစပြီး မှတ်ပုံမတင်ထားရင် ဖုန်းတွေကို…

  • မြန်မာမှာ ငွေကြေးဖောင်းပွမှုနဲ့ ကန့်သတ်ချက် တွေကြောင့် တချို့မိသားစုတွေဟာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘူးလို့ UNOCHA ထုတ်ပြန်

    မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေသွားနေရပြီး ဘေးဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရဟု ဖော်ပြ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေနဲ့ ကန့်သတ်ချက်တွေကြောင့် တချို့မိသားစုတွေဟာ ထမင်းနပ်မှန်အောင်မစားနိုင်တော့ဘူးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး(UNOCHA)က မတ်လ ၉ရက်ကထုတ်ပြန်ပါတယ်။ စီးပွားရေးကလည်း တောက်လျှောက်ကျဆင်းနေတာကြောင့် အခြေအနေတွေက တစ်နှစ်ထက် တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့လည်း ဆိုပါတယ်။ “ပြီးခဲ့တဲ့ ၂နှစ်လောက်က တထောင်တန်ပစ္စည်းတစ်ခုက ဒီနေ့ သုံးထောင် ဖြစ်နေပြီ။တစ်သောင်းတန် တစ်ရွက်က ရှာလို့သာခက်တာ အဲဒါပိုက်ဆံနဲ့ စျေးသွားလို့မရတော့ဘူး”လို့ ရန်ကုန်မြို့နေ အသက်(၄၀)အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပြည်သူတွေဟာ အတော်လေး ဒုက္ခရောက်နေကြရပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေကြောင့် လူပေါင်းများစွာဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေဟာ အသက်ရှင်ဖို့အတွက် အန္တရာယ်များတဲ့ ခရီးတွေကို သွားနေကြရပြီး ဘေးဒုက္ခမျိုးစုံနဲ့…

  • ဆေးအိတ်တစ်လုံး၊ စက်ချုပ်သံတစ်ညံညံနဲ့ ယောတပ်တော်ရဲ့ နောက်ကွယ်က ခွန်အားများ

    “ပျူနွယ်တောင်သား ဓလေ့အကများနဲ့ ချည်ထည်ရက်ကန်းခတ်သံများ၊ ချည်ထည်ယောပုဆိုးများ ဝတ်ဆင်ကြီးပြင်းခဲ့တဲ့ ကျွန်တော်ယောသားတစ်ယောက်ပါ” ဆိုတဲ့ ယောဒေသခံ အဆိုတော် ကိုတောသားကြီးရဲ့ သီချင်းစာသားက ယောဒေသကို ကွက်ကွက်ကင်းကင်း မြင်ယောင်လာစေပါတယ်။ ယောဒေသဆိုတာက ပုံတောင်ပုံညာတောင်တန်းကြီးနဲ့ ချင်းတောင်တန်းတွေကြားမှာ တည်ရှိနေတဲ့ ဒေသတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတစ်ခုလည်း ဖြစ်တဲ့အတွက် ယော လို့ ပြောလိုက်ရင် လူသိနည်းကြပါတယ်။ ယောဒေသမှာ ဂန့်ဂေါ၊ ကျောက်ထု၊ ဆော၊ ကျော၊ လောင်းရှည်နဲ့ ထီးလင်းမြို့နယ်တို့ ပါဝင်ပြီး တောင်သား၊ ချင်းပုံ၊ ပျူနဲ့ ဗမာလူမျိုးတွေ စုပေါင်းနေထိုင်ကြပါတယ်။ အဲ့ဒီလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် လူသိနည်းပါးပေမဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ယောဒေသမှာ စစ်အာဏာရှင်ကို တွန်းလှန်ဖို့ ရရာလက်နက်ကိုင်စွဲပြီးတော့ တိုက်ပွဲဝင်ကြတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အလျှိုလျှို ပေါ်ပေါက်လာကြပါတယ်။…

  • ပန်းချီဆရာမ ဖြစ်ချင်ခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် စနိုက်ပါရဲဘော်

    စနိုက်ပါရိုင်ဖယ်ကို ကိုင်ထားပြီး ရန်သူ့လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ ဒီအမျိုးသမီးက ရဲဘော် အန်နာပါ။ သူက နိုင်ငံအနှံ့က တက္ကသိုလ်နဲ့ အခြေခံပညာကျောင်းတွေက ကျောင်းသားလူငယ်တွေ စုဖွဲ့ထားတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF ရဲ့ တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ တော်လှန်ရေးအစမှာကတည်းက တိုက်ခိုက်ရေးရဲဘော်အဖြစ်ပဲ ရွေးချယ်ပါဝင်ခဲ့သူပါ။ ၂၀၂၅ နှစ်လယ်ပိုင်းက ချင်းပြည်နယ်ထဲမှာ ၆လကြာ စနိုက်ပါသင်တန်းတက်ပြီး စနိုက်ပါရဲဘော်တစ်ယောက် ဖြစ်လာပါတယ်။ ခုဆိုရင် မကွေးတိုင်းထဲမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်အန်နာရဲ့ လှုပ်ရှားမှုတွေကို စစ်တပ်ဘက်က သတိထားလာပြီး တချို့ အချိန်တွေမှာ ပျူရွာတွေထဲကနေ အသံချဲ့စက်နဲ့ ဆဲဆိုခြိမ်းခြောက်တာတွေပါ ရှိလာပါတယ်။ သူရဲ့ ဇာတိက စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ပါ။ ငယ်စဉ်ကတည်းက ပန်းချီဆွဲတာကို ဝါသနာ ပါတာကြောင့် ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့ ရည်မှန်းခဲ့ပါတယ်။ အိပ်မက်က ပန်းချီ… အခု စနိုက်ပါသမားဖြစ်နေတဲ့…

  • အာကာသအစွန်းမှ လုပ်ကြံမှု- ခါမေနီကို အဆုံးစီရင်ခဲ့သည့် စက္ကန့် ၆၀ စစ်ဆင်ရေး

    ​မကြာသေးမီက ကမ္ဘာ့သတင်းမျက်နှာဖုံးများကို တုန်လှုပ်သွားစေခဲ့သည့် အီရန်အဓိပတိ အာယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) လုပ်ကြံခံရမှုသည် ရိုးရှင်းသော လေကြောင်းတိုက်ခိုက်မှုတစ်ခု မဟုတ်ခဲ့ပါ။ ၎င်းသည် ဆယ်စုနှစ်နှင့်ချီ ကြိုတင်ပြင်ဆင်ခဲ့သော ထောက်လှမ်းရေးစစ်ဆင်ရေး၊ အဆင့်မြင့် ဆိုက်ဘာဟက်ကင်းနည်းပညာ၊ အမေရိကန် CIA ၏ သတင်းအချက်အလက်နှင့် ကမ္ဘာ့လေထုပြင်ပမှ ဝင်ရောက်လာသော ဒုံးကျည်များ ပေါင်းစပ်ထားသည့် ရုပ်ရှင်ဆန်ဆန် စစ်ဆင်ရေးကြီးတစ်ခု ဖြစ်သည်။ ​ဇာတ်ကွက်ဆင်ခြင်းနှင့် လှည့်စားမှု (The Setup) ​အီရန်ထောက်လှမ်းရေးများ အလစ်အငိုက်မိသွားစေရန် အစ္စရေးတို့က အဆင့်မြင့်လှည့်စားမှုတစ်ခုကို အသုံးပြုခဲ့သည်။ သောကြာနေ့တွင် အစ္စရေးစစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ ဌာနချုပ်များမှ ထွက်ခွာကာ ဂျူးလူမျိုးတို့၏ အပန်းဖြေနားရက် (Shabbat) အတွက် အိမ်ပြန်နေကြကြောင်း သက်သေပြရန် ဓာတ်ပုံများရိုက်ကာ လူသိရှင်ကြား ထွက်ခွာပြခဲ့သည်။ ထို့နောက်…