Category: Article

  • “Hi ခန်း” ထဲက ပျော်ပွဲစားပွဲနှင့် ကြောက်မက်ဖွယ် HIV လှိုင်းလုံးသစ်

    “Hi ခန်း” ထဲက ပျော်ပွဲစားပွဲနှင့် ကြောက်မက်ဖွယ် HIV လှိုင်းလုံးသစ်

    ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများအပါအဝင် နယ်စပ်ဒေသများရှိ အပျော်အပါး အမှောင်လောကတွင် “Hi ခန်း” (ဟိုင်းခန်း) ဟု ခေါ်ဆိုသည့် စိတ်အပန်းဖြေရာ နေရာများသည် ယခုနောက်ပိုင်းတွင် ရေပန်းစား လူကြိုက်များလာခဲ့သည်။ သို့သော် ထိုအပျော်ခန်းများ၏ နောက်ကွယ်တွင် လူငယ်၊ လူလတ်ပိုင်းနှင့် အထက်တန်းလွှာများအကြား ဆိတ်ကွယ်ရာ ကြောက်မက်ဖွယ်ရာ HIV ကူးစက်မှု အန္တရာယ်ကြီးတစ်ခု တိတ်တဆိတ် ကူးစက်ပြန့်ပွားနေကြောင်း သိရသည်။ တရိပ်ရိပ် တက်လာနေသည့် HIV ကူးစက်မှုနှုန်း ပြည်တွင်းရှိ HIV ကာကွယ်စောင့်ရှောက်ရေး NGO တစ်ခုတွင် လုပ်ကိုင်နေသည့် အမျိုးသမီးဆရာဝန်တစ်ဦးက လက်ရှိရင်ဆိုင်နေရသည့် အခြေအနေကို ယခုလို ညည်းတွားပြောဆိုသည်။ “လူငယ်အချင်းချင်း မတော်တဆ အိပ်မိကြရင်းနဲ့ ကိုယ့်ကိုယ်ကို မသင်ကာလို့ဆိုပြီး ဆေးလာစစ်ကြည့်တော့မှ HIV Positive (ပိုးတွေ့ရှိကြောင်း) တွေ…

  • ဘာမြူဒါ ပုဂံ ညောင်ဦး

    ဘာမြူဒါ ပုဂံ ညောင်ဦး

    မန္တလေးတိုင်း ပုဂံ ညောင်ဦး ဒေသဟာတော့ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်မှန် ဇာတ်လမ်းတို အပိုင်းအစ တွေ ရှိနေခဲ့တာ ကြာပါပြီ။တကယ့်မြေပြင်မှာလည်း ပြည် တွင်းခရီးသွားတွေ လက်ရှောင်ကြတဲ့ လမ်းပိုင်းတစ်ခု ဖြစ်လို့နေပါပြီ။ပုဂံ ညောင်ဦး ဒေသမှာ ပြန်ပေးဆွဲမှု တွေ စပြီး သတိထားမိတာက ရေနံ့သာဒင်္ဂါး ဆိုသူ ဖြစ်ပါတယ်။အဲဒီနောက်ပိုင်းကစလို့ လူသိများတဲ့ သူတစ်ချို့ ပျောက်သွားလိုက် ပြန်ပေါ်လာလိုက် မဟုတ်ပါဘူးဆိုပြီး ငြင်း လိုက် ဖြစ်လို့နေခဲ့ပါတယ်။ ချောက်မြို့ နယ် အတွင်းမှာလဲ ယခုလို မထင်မရှား ကုမ္မဏီဝန်ထမ်းတွေ ပြန်ပေးဆွဲခံရသယောင် ဖြစ်ခဲ့ပေမယ့် ဘယ်အဖွဲ့ကမှ လို့ ထုတ်မပြောရဲကြတဲ့ အချက်ဟာ တစ်ထပ်တည်းလိုလို တူညီနေတာကို တွေ့ရပါတယ် ။ တော်-လှ-န်ရေးတ-ပ်တွေ မဟုတ်ဘူးဆိုရင် ဘယ်အဖွဲ့ဖြစ်မလဲ ❓ အကြ-မ်းဖ-က်စ-စ်တ-ပ် တစ်ခု…

  • ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး

    ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး

    “သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး”

  • အင်းစိန်​ထောင်ပိုင်​တွေရဲ့ လိင်အမြတ်ထုတ်မှု​များ

    အင်းစိန်​ထောင်ပိုင်​တွေရဲ့ လိင်အမြတ်ထုတ်မှု​များ

    အင်းစိန်​ထောင်ထောင်ပိုင် နဲ့ ဒုတိယ​ထောင်ပိုင်တို့ဟာ အမျိုးသမီးငယ်တဦး ​ဆန္ဒပြတဲ့ပုံ​တွေ​ကြောင့် ဟန်ငြိမ်းဦးတယ်လီဂရန် ချန်နယ်လ်မှာ ​ဖော်ပြခံရတဲ့အတွက် ဒုက္ခ​မ​ရောက်​အောင် ကူညီ​ပေးတယ် လို့အ​ကြောင်းပြ လိင်အမြတ်ထုတ်ခဲ့ကြတယ်လို့ကျူးလွန်ခံရသူက လူထု​နွေဦးကို ​ပြောကြားပါတယ် ။ အထူးသဖြင့် အင်းစိန် ဒု​ထောင်ပိုင်ဖြစ်တဲ့ မင်းဝင်းခိုင် (​ခေါ်) ပြည့်ဖြိုးထွန်းဟာ ဇနီးဖြစ်သူ အ​ဝေး​ရောက်​နေတုန်းမှာ သမီးရည်စားအဖြစ်တွဲခဲ့သူကိုအခြားသူ​တွေနဲ့ အတင်းဖိအား​ပေးအိပ်ခိုင်းတာ ၊အတူအိပ်ခဲ့စဥ်က ဗီဒီယိုဖိုင်​တွေရိုက်ကူးပြီး အဲဒီထဲကဗီဒီယိုတစ်ဖိုင်ကို တယ်လီဂရန်​ပေါ်က + 18 အခ​ပေးချန်နယ်မှာတင်ခဲ့တာ ၊ကျန်ဗီဒီယိုဖိုင်​တွေ ဆက်မ​တင်​စေချင်ရင် ​​ငွေ​ပေးဖို့ ဒါမှမဟုတ် သူနဲ့လာအိပ်ဖို့ ၊သူ့မိတ်​ဆွေ တစ်​ယောက်နဲ့သွားအိပ်​ပေးဖို့ စသဖြင့် အ​ကောင့်တု​တွေသုံးပြီး ဆက် တိုက်ခြိမ်း​ခြောက်​နေတယ်လို့ ကျူးလွန်ခံရသူက ​ပြောပါတယ် ။ ဇာတ်လမ်းရဲ့အစက၂၀၁၉ ခုနှစ်ဒီဇင်ဘာလကပါ။ စစ်တက္ကသိုလ်​(DSA)ကျောင်းဆင်းပြီး စစ်ဘက်က​နေ အရပ်ဘက်​ပြောင်းလာတဲ့ ပြည်ထဲရေးလက်အောက် အင်းစိန်ထောင်က လက်ထောက်ညွှန်ကြားရေးမှူး မင်းဝင်းခိုင်…

  • မမက်ချင်တဲ့အိပ်မက်ဆိုးတွေ

    မမက်ချင်တဲ့အိပ်မက်ဆိုးတွေ

    မမက်ချင်တဲ့အိပ်မက်ဆိုးတွေ ဆယ်ကျော်အသက်အရွယ်သမီးဖြစ်သူကို သူငယ်ချင်းမွေးနေ့မှာ သူ့သူငယ်ချင်းတွေနဲ့အတူ လည်ပတ်သွားလာ ပြီး မုန့်စားဖို့ချိန်းဆိုထားတဲ့ ဆိုင်တဆိုင်ဆီ လိုက်ပို့ရင်း အရက်ဘီယာတွေ အများကြီးမသောက်ဖို့ ၊ မသိတဲ့ လူတွေနဲ့ မလိုက်သွားဖို့ ကိုမိုးဇက်တယောက်က မှာနေပါတယ်။ ဒါ့အပြင် ဒီဆိုင်ကနေ တခြားတနေရာကို ထပ်ရွှေ့တယ်ဆိုရင်လည်း ဘယ်ကို သွားတယ်ဆိုတာ အဖေ့ဆီကို ဖုန်းဆက်ဖို့ တွင်တွင်မှာနေခဲ့တယ်။ မုန့်စားဖို့ ချိန်းထားတဲ့ ဆိုင်ရှေ့မှာ သမီးကိုချထားခဲ့ပေမယ့် သူ့စိတ်ကတော့ အိမ်ပြန်မရောက်သေးပါဘူး။ သူတို့မိသားစုနေထိုင်ရာ ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်ဒေသမှာက မူးယစ်ဆေးဝါးဆိုတာ လွယ်လင့်တကူ ရရှိနိုင်တဲ့အရာ ဖြစ်ပြီး လောင်းကစားနဲ့ မူးယစ်‌ဆေးဝါးကြောင့် ပစ္စည်းခိုးမှုတွေ၊ ပြန်ပေးဆွဲ လုယက် သတ်ဖြတ်တဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်လေ့ရှိတော့ လုံခြုံမှုမရှိပါဘူး။ သမီးဖြစ်သူကို လူငယ်သဘာဝ ပျော်ပျော်ပါးပါးသွားလာတာ ခွင့်ပြုထားပေမယ့် မူးယစ်ဆေးဝါးတွေနဲ့ နီးစပ်သွားမှာ၊…