Category: Article


  • အီရန်ခေါင်းဆောင်ရှိတဲ့နေရာကို သိပြီး လုပ်ကြံဖို့ လနဲ့ချီပြင်ဆင်ခဲ့တဲ့အမေရိကန်-အစ္စရေး စစ်ဆင်ရေး

    အီရန်နိုင်ငံ့ဦးသျှောင် သေဆုံးခဲ့တဲ့တိုက်ခိုက်မှုဟာ အများထင်ခဲ့သလို ညအချိန်မှာ မဟုတ်ဘဲ နေ့အချိန် မနက်ခင်းပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။ ဒီလိုတိုက်ရတဲ့အကြောင်းရင်းကတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ နာရီပိုင်းအလိုမှာ ရခဲ့တဲ့ အရေးကြီးထောက်လှမ်းရေးအချက်အလက်တွေကို ကောင်းကောင်းအသုံးချဖို့ ဆုံးဖြတ်ခဲ့ကြတာကြောင့်ပါ။ အီရန်က အရေးကြီး ထိပ်တန်းပုဂ္ဂိုလ်တွေ တွေ့ဆုံနိုင်မယ့် အခွင့်အလမ်းအချိန်အခါကို လပေါင်းများစွာ သူတို့ စောင့်ကြည့်နေခဲ့ကြပြီး အီရန့်ဦးသျှောင်ခေါင်းဆောင် အလီ ခါမေနီ တစ်ယောက် စနေနေ့ နံနက်ခင်းမှာ တီဟီရန်မြို့လယ်က ခြံဝင်းထဲ ရှိနေလိမ့်မယ်ဆိုတာကို သူတို့ သိခဲ့ကြပါတယ်။ တချိန်တည်းမှာ တခြားစစ်ဘက်နဲ့ ထောက်လှမ်းရေးအကြီးပိုင်းပုဂ္ဂိုလ်တွေ တွေ့ဆုံနေတဲ့နေရာကိုလည်း သူတို့က အတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ခေါင်းဆောင်ရဲ့အသွားအလာကို စောင့်ကြည့်နေခဲ့ကြတာ လနဲ့ချီကြာပါပြီ။ ဘယ်လိုနည်းလမ်းတွေကို သုံးပြီး သူတို့ ထောက်လှမ်းခဲ့လဲဆိုတာ အမေရိကန် ဘက်က လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ…

  • အားနည်းချက်ကို ဖုံးထားသော ခါမေနီ၏ လျှို့ဝှက်လက်နှင့် အလှမ်းကျယ်သည့် အကြမ်းဖက်မှု

    အယာတိုလာ အလီ ခါမေနီသည် သူ၏ ညာဘက်လက်ကို အမြဲတမ်း ဖုံးကွယ်ထားလေ့ရှိပြီး ယင်းအချက်ကို သင် သတိထားမိခဲ့ချင်မှ ထားမိပေလိမ့်မည်။ ခါမေနီသည် ၁၉၈၁ ခုနှစ် လုပ်ကြံခံရမှုတွင် သေလုနီးပါး ဖြစ်ခဲ့ကာ ညာလက်မှာ ထာဝရ သုံးမရဖြစ်သွားခဲ့သည်။ ခါမေနီသည် လူထုရှေ့ထွက်သည့် အခါတိုင်းတွင် သူ၏လက်ကို ဝတ်ရုံထဲ၌ တဝက်တပျက် ဝှက်ထားကာ မလှုပ်မယှက် ထားလေ့ရှိသည်။ သို့မဟုတ်ပါက အသုံးမဝင်တော့သည့် အတိုင်း သူ၏ ပေါင်ပေါ်၌ တင်ထားတတ်သည်။ ထိုအမူအရာသည် ခါမေနီ၏ ပုံရိပ်အစိတ်အပိုင်းတခု ဖြစ်လာခဲ့သည်။ ဆိုဗီယက်အာဏာရှင် ဂျိုးဆက် စတာလင် ငယ်စဉ်က မတော်တဆမှုကြောင့် ဖြစ်ခဲ့သော လက်မသန်စွမ်းမှုကို ဖုံးကွယ်ထားသကဲ့သို့ပင်၊ ခါမေနီသည်လည်း အကြွင်းမဲ့ အာဏာရှင်ပုံစံအောက်တွင် သူ၏ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။…

  • ခါမေနီကို သုတ်သင်နိုင်ခဲ့သည့် တိုက်ခိုက်မှုနောက်ကွယ်မှ CIA ၏ ထောက်လှမ်းရေးစွမ်းပကား

    အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်ရန် အသင့်ပြင်နေချိန်တွင် အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA)သည် အရေးအကြီးဆုံး ပစ်မှတ်ဖြစ်သည့် အီရန်ဦးသျှောင်အယာတိုလာ အလီ ခါမေနီ တည်ရှိရာနေရာကို အတိအကျ စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ စီအိုင်အေသည် ခါမေနီ၏ သွားလာလှုပ်ရှားမှုပုံစံများနှင့် တည်နေရာများကို လပေါင်းများစွာ စောင့်ကြည့် ထောက်လှမ်းခဲ့ခြင်းဖြင့် ခိုင်လုံသောသတင်းအချက်အလက်များ ရရှိခဲ့ကြောင်း စစ်ဆင်ရေးနှင့် နီးစပ်သူများက ပြောသည်။ ထို့နောက် တီဟီရန်မြို့လယ်ရှိ ခေါင်းဆောင်မှုဝင်းအတွင်း၌ အီရန်ထိပ်တန်းခေါင်းဆောင်များ၏ အစည်းအဝေးတခုကို စနေနေ့နံနက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း စီအိုင်အေက သိရှိခဲ့သည်။ အရေးကြီးဆုံးအချက်မှာ အဆိုပါနေရာ၌ အီရန်ဦးသျှောင်ကိုယ်တိုင် ရှိနေမည်ဟူသော အချက်ပင်ဖြစ်သည်။ ရရှိလာသော ထောက်လှမ်းရေးသတင်းသစ်ကို အမိအရအသုံးချရန်အတွက် အမေရိကန်နှင့် အစ္စရေးတို့သည် ၎င်းတို့၏ တိုက်ခိုက်မည့်အချိန်ဇယားကို ညှိနှိုင်းပြင်ဆင်ခဲ့ကြကြောင်း ဆုံးဖြတ်ချက်အကြောင်း သိရှိနားလည်သူများက ဆိုသည်။ ယင်းသတင်းအချက်အလက်သည် အီရန်ထိပ်တန်းခေါင်းဆောင်များနှင့် ဦးသျှောင်ခါမေနီတို့ကို…

  • ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း

    ဘာသာရေးမှိုင်းမိခြင်း၊ အစွဲသန်ခြင်း၏ ဆိုးကျိုးများစွာထဲက အဆိုးဆုံးတစ်ခုကတော့ ဆင်ခြင်တုံတရားတွေ အသိဉာဏ်တွေ ကန်းသွားခြင်းပါပဲ။ ၁။ “မိလ္လာရေကို သောက်မိသူများ” အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့က ကတ်သလစ်ဘုရားကျောင်းတကျောင်းဖြစ်တဲ့ Our Lady of Velankanni ဟာ လာရောက်ကြသူ ဘုရားဖူးတွေနဲ့ စည်ကားနေလေ့ရှိပါတယ်၊ အဲဒီလို စည်ကားရခြင်း အကြောင်းရင်းကတော့ ဘုရားကျောင်း ပရဝဏ်ထဲက ယေရှုခရစ်တော်ရဲ့ ရုပ်တု ခြေဖျားကနေ ရေတစက်စက် ကျနေပြီး ဒါဟာ ဘုရားသခင်ရဲ့ တန်ခိုးပြာဋိဟာ အထင်အရှားဖြစ်ခြင်း လို့ ဘာသာဝင်တွေက ယုံကြည်ကြပြီး အဲဒီရေတွေကိုလည်း Holy Water “သန့်စင်တဲ့ ရေကြည်တော်”ရယ်လို့ အနာရောဂါတွေ ပျောက်ကင်းတယ်ဆိုပြီး သောက်သုံးကြပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ အိန္ဒိယနိုင်ငံ Rationalist International ဥက္ကဋ္ဌ “ဆန်နယ် အီဒါမာရူကူ”ကို TV…

  • မြန်မာပြည်သားတွေ မွဲသွားတာဟာ “ငွေမည်း”တွေကြောင့်လည်း ပါတယ်

    မြန်မာပြည်သားတွေ မွဲသွားတာဟာ “ငွေမည်း”တွေကြောင့်လည်း ပါတယ်လို့ ဆိုရမယ်။ မြန်မာပြည်နဲ့ မပြောဘဲ အခြား သန့်ရှင်းတဲ့ နိုင်ငံတစ်ခုခုနဲ့ နှိုင်းယှဉ်ပြောရင် နားလည်လွယ်လိမ့်မယ်။​ သန့်ရှင်းတယ်လို့ ပြောပေမယ့် သန့်ရှင်းဖို့ ကြိုးစားနေတဲ့ နိုင်ငံတစ်ခုလို့ ဆိုကြစို့။ ဥပမာ- သန့်ရှင်းနိုင်ငံ။ လူတစ်စုဟာ အရင်က မွဲတယ်။ ရုတ်တရက် ငွေရတယ်။ ကျိကျိတက် ချမ်းသာလာတယ်။ “သူဟာ ဒီငွေကို ဘယ်က ရသလဲ” အပြင်းအထန် လိုက်ကြပါတယ်။ – လာဘ်ပေးလာဘ်ယူလား? – အခွန်ရှောင်လား? – မူးယစ်ဆေးလား? – လိမ်လည်တာလား? – ခိုးလာတာလား?စသည်။ ငွေမည်းဖြစ်နေခဲ့မယ်ဆိုရင် လူကိုလည်း အရေးယူမယ်။ ငွေကိုလည်း သိမ်းမယ်။ ဘာပြုလို့ အပြင်းအထန်လိုက်ကြတာလဲ? ငွေမည်းကလည်း ငွေပါပဲ။ ငွေမည်းကို ဒီအတိုင်း ပေးသုံးလိုက်လို့…