Category: Celebrity
-

အဲ့ကလေးမက “ခင်ဗျားတို့ထက် ဆရာကျတယ်”
ဖြူဖြူထွေးကိစ္စက မြင်နေရသလောက် ရိုးရှင်းတယ် မထင်ဘူး။ မရည်ရွယ်ပါ၊ မသိလို့ပါဆိုတဲ့ ဖြေရှင်းချက်ပေါ်မှာ လက်ခံသည်၊ လက်မခံသည်၊ အပြစ်ပေးသင့်သည်၊ မပေးသင့်သည် အမြင်အမျိုးမျိုးရှိကြပါတယ်။ ဒီကလေးမ နိုင်ငံရေးမသိဘူးဆိုတဲ့ စကားကိုတော့ ပြုံးမိပါတယ်။ သိလိုက်တာမှ လွန်ပြီး ပါးလိုက်တာမှ လှပ်နေတာပါ။ ၂၀၂၀ အောင်နိုင်ရေးကာလမှာ အနုပညာရှင်အများအပြား အောင်နိုင်ရေးမှာ ပါဝင်နေချိန်မှာ ပြတ်ပြတ်သားသား ငြင်းခဲ့တဲ့ ဆယ်လီ (၂) ဦး ရှိခဲ့ပါတယ်။ တစ်ဦးကတော့ ဒီကိစ္စနဲ့မဆိုင်လို့ ဂယက်မထချင်လို့ နာမည်ထုတ်မပြောတော့ပါ။ နောက်တစ်ဦးကတော့ ဖြူဖြူထွေးပါ။ အခုဘောပြန်မနေတဲ့ အဖြူရောင်အနုပညာရှင်ဆိုသူတွေတောင် အနီတွေဝတ် “NLD နိုင်ရမည်” တွေ အော်နေချိန်မှာ ရှေ့လေးငါးကွက်အထိ ကြိုမြင်နေသလို အယ်မလေးက နိုင်ငံရေးမသိဘူးဆိုတော့ ပြုံးချင်မိရုံသာ။ အခုဒီကိစ္စမှာလည်း ပန်းပန်၊ပုဝါခြုံနဲ့ ပရုတ်ဆီနာမည်က အနှောင့်အသွားမလွတ်တဲ့ကိစ္စကိုလည်း တရုတ်နာမည်မို့၊ မြန်မာဝတ်စုံဝတ်တာမို့လို့…
-

❝ဖြူဖြူခွေး ❞
အိန္ဒိယနိုင်ငံရဲ့ ရိုးရာမှာ နောက်အိမ်ထောင်မပြုနိုင်တဲ့ မုဆိုးမတွေကို အဖြူရောင်ဝတ်ရမယ်လို့ တင်းတင်းကျပ်ကျပ်သတ်မှတ်တဲ့ ဓလေ့ရှိတယ်။ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာမှာ အဖြူရောင်ဟာ ဝမ်းနည်းခြင်း၊ လောကီတွယ်တာမှုမှ လွတ်ကင်းခြင်း အထိမ်းအမှတ်နဲ့ ကွယ်လွန်သူတွေကို ဝတ်ပေးတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ဝမ်းနည်းခြင်းနဲ့ အသုဘအခမ်းအနားတွေအတွက် ရိုးရာအရောင်က အဖြူရောင်ပါ။ အဲ့ဒါ နိုင်ငံရဲ့ ဗုဒ္ဓဘာသာယုံကြည်မှုနဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပါတယ်။ ဘာကြောင့် အဖြူရောင်လဲ—မြန်မာနိုင်ငံဗုဒ္ဓဘာသာမှာ အသက်နဲ့ သေခြင်းဆိုင်ရာ ထုံးတမ်းစဉ်လာဖြစ်တယ်။ အဖြူရောင်က မိမိကိုယ်ကို အာရုံမစိုက်ဘဲ ဝမ်းနည်းခြင်းရဲ့သင်္ကေတ( နှိမ့်ချ) တာမို့ အဖြူရောင်က လောကီရေးရာနဲ့ကင်းကွာတယ်။ ကွယ်လွန်သူရဲ့ ငြိမ်းချမ်းစွာ ကူးပြောင်းသွားမယ့်မျှော်လင့်ချက် (နောင်ဘဝ)၊ ဒုက္ခသံသရာမှ အဆုံးစွန်သော လွတ်မြောက်ခြင်း (နိဗ္ဗာန်) ကို ကိုယ်စားပြုတယ်။ ဗုဒ္ဓဒဿနာရဲ့ အဓိကနိယာမဖြစ်တဲ့ မမြဲခြင်းကို ထင်ဟပ်စေတယ်။ အရင်က…
-

ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်သော အဆိုတော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ
ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်သော အဆိုတော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ ပြုလုပ်မည့် နှသစ်ကူးည ဖျော်ဖြေပွဲဖြစ်သော Yangon Countdown Festival (YC Fest) ကို စစ်ကောင်စီက အဆိုတော်၊ လုပ်ငန်းရှင် အာဘွိုင်း(Ah Boy)ကို ဦးဆောင်စီစဉ်ခိုင်းထားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ “ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ၊ နှစ်ရက်တိတိ ကျိုက္ကဆံအားကစားကွင်းမှာပြုလုပ်မဲ့ New Year Countdown ပွဲ YC Fest ဟာ အကြမ်းဖက်စစ်တပ်ကနေ ခရိုနီ Ah boy နဲ့အပေါင်းအပါတွေကိုစီစဉ်ခိုင်းတဲ့ပွဲဖြစ်ပါတယ်”ဟု အဆိုပါဖျော်ဖြေပွဲအကြောင်း သိထားသူတစ်ဦးက ပြောသည်။ YC Fest ပွဲကို ဒီဇင်ဘာလဆန်းပိုင်းတွင် ဖေစ်ဘွခ်ပေချ်တစ်ခုသီးသန့်လုပ်၍စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၀ ရက်တွင် EDM Festival…