Tag: Feature


  • နေအောင် နေဝင်သွားပြီ

    ကျနော် ငယ်ငယ်တုန်းက ရုပ်ရှင်မင်းသား နေအောင်ကားတွေ တော်တော်အားပေးခဲ့တယ်။ သူ့ခောတ် သူ့အခါက မြန်မာ့ရုပ်ရှင်လောကရဲ့ ဘုရင်လို့တောင် ပြောလို့ရတယ်။ သူ့ပုံနဲ့ ဇီးထုပ်တွေလဲ ဘရန်းမျိုးစုံပဲ။ ကျနော်က ဇီးထုပ်အရမ်းကြိုက်တာ။ နေအောင်ပုံပါတဲ့ ဇီးထုပ်ကို တော်တော်အားပေးခဲ့တယ်။ ဒါ​ပေမဲ့ ၂၀၁၂ မှာ စစ်တပ်နဲ့ အ​ပေါင်းပါ​တွေက ရိုဟင်ဂျာ​တွေကို နှိပ်ကွပ်တုန်းက ဂဠုန် ကိုကိုကြီး (ပြည်သူ့ပါတီ)နဲ့ အပြိုင် စစ်တပ်ကိုအား​ပေးခဲ့ပြီး ရိုဟင်ဂျာ​တွေကို ပိုးစိုးပက်စက်ပြောခဲ့တာ ကြားကတည်းက သူ့ကို​ တော်​တော်ရွံသွားတယ်။ အဲဒီတုန်းက အဲလိုစကား​တွေဘဲ​ ရေပန်းစားခဲ့​တော့ သူလဲ ချော်လဲ​ရောထိုင်ပြီး ပြောခဲ့တာ​ပေါ့။ အခု ၂၀၂၅ ခုနှစ်မှာကျတော့ စစ်တပ်ရဲ့ ရွေး​ကောက်ပွဲအ​ကြောင်း အင်တာဗျူးရင်း “တော်လှန်ပြည်သူအားလုံးကို သတ်” ဆိုပြီး ပြောခဲ့တာ မအလ ထက်တောင် ပိုလုပ်ရဲသလိုဘဲ။ သူ့ကို…

  • မိုးကုတ်၊ မိုးမိတ်အရေး TNLA ဗိုလ်ချုပ် တောင်းပန်

    မိုးကုတ်နှင့် မိုးမိတ်မြို့အား အာဏာသိမ်းစစ်တပ်ထံ ပြန်ပေးခဲ့ရသည့်အတွက် ပေးဆပ်နစ်နာခဲ့သူများအပေါ် တောင်းပန်ချင် ကြောင်း ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တာဘုန်းကျော်က ၎င်း၏ Mai Tea Land Facebook စာမျက်နှာမှတဆင့် ယမန်နေ့ညပိုင်းတွင် ရေးသားခဲ့သည်။ မိုးကုတ်-မိုးမိတ် ပြန်ပေးလိုက်ရသည့်အပေါ် နိုင်ငံရေးဖျာခင်းသူများနှင့် ဘာမှန်းမသိ ဆဲချင်သူများအား ရှင်းချင်ကြောင်း အစချီထားသည့် ၎င်း၏ရေးသားချက်တွင် ထည့်သွင်းတောင်းပန်ခဲ့ခြင်း ဖြစ်သည်။ TNLA ၏ နိုင်ငံရေးရည်မှန်းချက်တွင် မိုးကုတ်မြို့အား တအာင်းလူမျိုးလက်ထဲ ပြန်လည်ရောက်ရှိရေးပါဝင်ပြီး ကံမကုန်သေး ပါက ကြိုးစားသူအတွက် ရလဒ်ရှိစမြဲဟု ယုံကြည်ထားကြောင်းလည်း ၎င်းက ဆိုသည်။ ၎င်းက “အခုတော့ လက်ထဲရောက်တဲ့ ကိတ်မုန့်ကို မစားရဘဲ ပုတ်ချခံလိုက်ရသလိုမျိုး အသည်းကွဲရပါတယ်” ဟု ပြောသည်။ နွေဦးတော်လှန်ရေး ၃/၄…

  • မိုးကုတ်ကို စစ်တပ်ထံလွှဲပေးရတဲ့အပေါ် တောင်းပန်ဖို့ စကားလုံးမရှိဖြစ်ရဟု TNLA ခေါင်းဆောင်​ရေးသား တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)နဲ့ မဟာမိတ်တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့တဲ့ မိုးကုတ်မြို့ကို အာဏာသိမ်းစစ်တပ်နဲ့ TNLA အကြား အပစ်ရပ်သဘောတူညီချက်အရ ပြန်လည်လွှဲပေးရတဲ့အပေါ် တောင်းပန်ဖို့ စကားမရှိဖြစ်ရဟု TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ဒီကနေ့ (ဒီဇင်ဘာ ၁ရက်)မှာ လူမှုကွန်ရက်မှာ ကဗျာရေးသားအသိပေးခဲ့ပါတယ်။ ၂၀၂၅ အောက်တိုဘာလကုန်ပိုင်းကတရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ စစ်ကောင်စီ နဲ့ TNLA အပစ်ရပ်သဘောတူညီခဲ့ရာ မိုးကုတ်နဲ့ မိုးမိတ်ကို စစ်ကောင်စီထံ ပြန်လွှဲပေးဖို့ သဘောတူညီခဲ့ရတာဖြစ်ပြီး နိုဝင်ဘာလကုန်ပိုင်းမှာ စစ်တပ်က TNLA အကူအညီနဲ့ မိုးကုတ်၊ မိုးမိတ်မြို့တွေကို အလွယ်တကူ ဝင်ရောက်လာနိုင်ခဲ့တာပါ။ ဒီအခြေအနေမှာ ဗိုလ်ချုပ်တားဘုန်းကျော်က “မြောက်ပြန်လေအေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကဗျာရေးသားပြီး မိုးကုတ်အတွက် တောင်းပန်ခဲ့တာပါ။ မိုးမိတ်မြို့ အခြေအနေကိုတော့…

  • ကျိန်းသေနီးပါး ထီပေါက်စေသော နိမိတ်

    ဒီလိုပါခင်ဗျာ … လမ်းသွားရင်းလာရင်း အမှတ်တမဲ့ ကြက်နှစ်ကောင်ခွပ်နေတာ တွေ့ပြီဆိုတာနဲ့ နောက်လှည့်မကြည့်နဲ့တော့ ထီဆိုင်ဘယ်မှာရှိလဲ … ချက်ချင်း ရှာပြီးတော့သာထိုးပေတော့ … ချက်ချင်းနော် …။ လူတိုင်းလူတိုင်း ဒီနိမိတ်တွေ့ရင် ထီပေါက် ကိန်း ရာနှုန်းပြည့်နီးပါး ရှိနေပါတယ်။ ထီဆုကြီး ဆုသေးကတော့ အတိတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံ ပါရမီအဟုန် နည်းခြင်း များခြင်းနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ဒီနည်းကို အဘမင်းသိင်္ခ ရွှေဗဟိုဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် အနီးအနားမှာရှိတဲ့ကျွန်တော် တို့ သန္ဓေတပည့်များကို ပြောပြပေးခဲ့တာပါ။ အဲဒီအချိန်မှာ အနားမှာရှိတဲ့ နေလင်းဆန်း ဆိုတဲ့ သန္ဓေရဲဘော်လေးတစ်ယောက်ဟာ အဘအတွက် ဆန်ပြုတ်ဆင်းဝယ်ရင်း ကြက်ခွပ်တာကိုတွေ့လို့ ချက်ချင်းပြေးပြီး ထီဆိုင်တစ်ဆိုင်မှာ ထီထိုးခဲ့ရာ ကျပ် ၁၀ သိန်း ဆုပေါက်ခဲဖူးတာကို မျက်မြင်ကိုယ်တွေ့ တွေ့ရှိခဲ့ရပါကြောင်း …။…

  • မိုးကုတ်၊ မိုးမိတ်ပြန်ပေးရတဲ့အထိ TNLA ကိုဘယ်လိုအကျပ်ကိုင်ခဲ့သလဲ

    ကိုကျော်ကိုကိုနဲ့ အင်တာဗျူး စစ်အုပ်စုဟာ တရုတ်နိုင်ငံနဲ့ပေါင်းပြီး TNLA ကိုစစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးဘက်ပေါင်းစုံကနေ ဖိအားပေးအကျပ်ကိုင်ခဲ့ပါတယ်။ TNLA ဘက် ဘယ်လိုတွေးခေါ်မြော်မြင်ပြီး မိုးကုတ်ကို စစ်အုပ်စုလက်ထဲ ပြန်အပ်လိုက်တာပါလဲ။ TNLA ရင်ဆိုင်ရတဲ့ ဖိအားက ဘယ်လောက်ကြီးပါသလဲ။ မိုးကုတ်မြို့ကို ခုခံကာကွယ်မယ်ဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေ တကယ်ခုခံနိုင်မဲ့အနေအထားရှိရဲ့လား၊ ဆုတ်ပေးလိုက်ကြရပြီလား။ “စစ်အာဏာရှင်စနစ်ရှိနေသေးသရွေ့ကိုယ်ရထားတဲ့မြို့တွေဆိုတာကလည်း အပိုင်မဟုတ်ဘူး” “မြို့ကိုသိမ်းရတာလွယ်တယ်၊ ထိန်းရတာခက်တတ်ပါတယ်” “မြောက်ပိုင်းညီနောင်အဖွဲ့တွေကို လူထုထောက်ခံမှုမြင့်မားနေတာကို ပုံဖျက်ဖို့ စိတ်ဓာတ်စစ်ဆင်ရေး စနစ်တကျလုပ်တာပါပဲ” မိုးကုတ်မြို့ထဲကို စစ်ကောင်စီတပ်တွေ နိုဝင်ဘာလ ၂၇ ရက်ည ၁၁ နာရီမှာ ပြန်ဝင်လာတော့မယ်လို့ အခိုင်အမာသတင်းရရှိထားပါတယ်။ အဲသလို ဝင်ရောက်မလာခင် TNLA နယ်မြေထဲမှာရှိနေတဲ့ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အထွေထွေ အတွင်းရေးမှူး ကိုကျော်ကိုကိုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။