လိပ်ကျွန်း လူသတ်မှု- သံသယနှင့် စီရင်ချက် နောက်ကွယ်က မြန်မာလုပ်သားနှစ်ဦး ဘဝဇာတ်လမ်း ဤအဖြစ်အပျက်သည် ၂၀၁၄ ခုနှစ်က ထိုင်းနိုင်ငံ ကော့တောင်ကျွန်းမှာ ဗြိတိသျှ ခရီးသွားများဖြစ်သည့် Hannah Witheridge (အသက် ၂၃ နှစ်) နှင့် David Miller (အသက် ၂၄ နှစ်) တို့ စုံတွဲသေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွဲးခဲ့ပါတယ်။ ထိုင်းရဲတပ်ဖွဲ့သည် အခင်းဖြစ်ပွားရာ နေရာတွင် တွေ့ရှိရသည့် စီးကရက်တိုများ နှင့် ဆံပင်များ မှရရှိသော DNA နမူနာများနဲ့ ကိုက်ညီသူကို ရှာဖွေရန် ကျွန်းပေါ်ရှိ နိုင်ငံခြားသား ခရီးသွားများ နှင့် ရွှေ့ပြောင်းလုပ်သားများကို စစ်ဆေးခဲ့ပါတယ်။ နောက်ပိုင်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ကို ပိုမိုပစ်မှတ်ထား စစ်ဆေးခဲ့ပြီး ပြစ်မှုဖြစ်ပွားသည့်နေရာနှင့် နီးစပ်သော နေရာများတွင်…
တရုတ်နိုင်ငံအကူအညီဖြင့် လားရှိုးမြို့ကို ကျည်မဖောက်ဘဲ ပြန်ရယူခဲ့သော စစ်ကော်မရှင်တပ်က ရမခ စစ်ဌာနချုပ် မပိတ်မိစေရန် လားရှိုးမြို့အဝင်အထွက်ဖြစ်သော လားရှိုး-သီပေါ၊ လားရှိုး-မိုင်းရယ်လမ်းများမှ ကိုးကန့်တပ်များ ဆုတ်ပေးရန် တောင်းဆိုနေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အား စစ်ကော်မရှင်က ပြန်လွှဲယူပြီး ရှစ်လနီးပါးကြာမြင့်ပြီးနောက် ဆေးရုံနှင့် ကျောင်းများ ပြန်ဖွင့်နေပြီဖြစ်သော်လည်း မြို့ဝင်ပေါက်၊ ထွက်ပေါက်လမ်းများနှင့် လျှပ်စစ်မီး ဖြန့်ဖြူးရေးတို့ကို ကိုးကန့်တပ် (MNDAA) က ဆက်လက်ထိန်းချုပ်ထားသည်။ မန္တလေး- မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိသည့် လားရှိုးမြို့သည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေးအရ အရေးပါသည်။ တရုတ်နယ်စပ်နှင့် မိုင်တစ်ရာကျော်သာဝေးသည့် လားရှိုးမြို့သည် ဒုတိယကမ္ဘာစစ်ကာလတွင် တရုတ်၊ ဂျပန်နှင့် မဟာမိတ်တပ်များ စစ်စခန်းချရာမြို့အဖြစ် ထင်ရှားခဲ့သည်။ ၁၉၇၀ နောက်ပိုင်း တရုတ်နယ်စပ်မှ အင်အားပြန်လည်ကြီးထွားလာသည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)…
မိမိတို့ဝင်ငွေထဲမှ ပံ့သကူစွန့်မည့်ငွေကို သီးသန့်ဖယ်ထားပါ။ ညအိပ်ခါနီးအချိန်တွင် “နမောတေ”ဂါထာ(၇)ခေါက်ရွတ်ပြီးသိမ်းထားပါ။ တနင်္လာနေ့မနက်စောစောတွင် လမ်းမှာပံ့သကူစွန့်ပေးပါ၊ (ငွေကြေးအခက်အခဲများမှ ပြေလည်ကြပါစေ)ဟု စိတ်ထဲမှ ဆုတောင်း၍ ပံ့သကူစွန့်ပါ။ တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်ပေးပါ၊ ငွေကြေးအကျပ်အတည်းမှ အဆင်ပြေစေပါတယ်။ နမောတေ ဗုဒ္ဓ ဝီရတ္ထု၊ ဝိပမုတ္တော သိ သဗ္ဗဓိ၊ သမ္ဗာဓပ္ပဋိ ပန္နောသမိ၊ တဿ မေ သရဏံ ဘဝ။ လုပ်ငန်းတွေ…အေးသွားပြီလား? လုပ်ငန်းလေးတွေ လုပ်ရင်းကိုင်ရင်း မိမိရောင်းနေကျ ဖောက်သည်တွေ ပြန်လာ မဝယ်တော့တာတွေ ကြုံဖူးကြ ပါလိမ့်မည်။ ဒါ့အပြင် ပြင်ပအလုပ် လာအပ်သူတွေလည်း ဘာကြောင့်မှန်းမသိ နည်းသွားတယ် ကျဲပါးသွားတာ၊အပြင်က ဝယ်နေကျမိတ်ဆွေတွေ ပျက်သွားခြင်းများအတွက် ကံပြန်ပွင့်အောင် ပြုလုပ်ရပါမည်။ တန်ခိုးကြီး ဘုရားတစ်ဆူတွင်— တနင်္ဂနွေသားသမီး- ကြာသပတေးထောင့် တနင်္လာသားသမီး- ဗုဒ္ဓဟူးထောင့် အင်္ဂါသားသမီး- သောကြာထောင့်…
TNLA ဗိုလ်ချုပ်တာဘုန်းကျော်သို့အိတ်ဖွင့်ပေးစာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြို့တွေ တမြို့ပြီးတမြို့သိမ်းပြတဲ့အချိန် အာဏာရှင်ရဲ့အကြမ်းဖက်စစ်တပ်ကြီး ပြိုလဲတော့မယ်ဆိုပြီး ပြည်သူတွေကနှစ်ထောင်းအာရ လက်ခုပ်တီးကြိုဆိုခဲ့ကြတာ အားလုံးအသိပဲ။ မိုးကုတ်မြိုထဲ တော်လှန်ရေးတပ်တွေ ရောက်လာတဲ့အခါ ပြည်သူတွေက စစ်အာဏာထမ်းပိုးအောက်ကနေ လွတ်ပြီကျွတ်ပြီဆိုတဲ့အသိနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို သူတို့ရဲ့ ကယ်တင်ရှင်တွေအလား အိုးစည်ဗုံမောင်းအတီးအမှုတ်၊အကအခုန်တွေနဲ့ ဝမ်းပန်းတသာကြိုဆို အောင်ပွဲခံခဲ့ကြတယ်။ နောက် သိပ်မကြာခင် NUG ဒေါက်တာဇော်ဝေစိုးကပါ တခါ ၂၀၂၅ ဇူလိုင်၂၈ရက်နေ့မှာ “ဗိုလ်ချုပ် တားဘုန်းကျော် ကျနော်တို့ ပြည်တွင်းပြည်ပပြည်သူတွေအားလုံး၊ တော်လှန်ရေးအင်အားစုတွေအားလုံး၊ ချစ်ခင်ရပါသော၊လေးစားရပါသော၊အားကိုးရပါသော၊ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်၏ခေါင်းဆောင် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ဟာ၊ ဗိုလ်ချုပ်တို့၊ ခေါင်းဆောင်တို့ပခုံးပေါ်မှာ ရောက်နေပါပြီ”လို့ထပြောခဲ့တယ်။ အဲ့ဒီစာနဲ့ တပါတည်း ဗိုလ်ချုပ်တာဘုန်းကျော်၊ ဒေါက်တာဇော်ဝေစိုးတို့အတူတွဲရိုက်ထားတဲ့ပုံကိုပါ ချပြထားတော့ NUG ၊…
ပျော်ဘွယ်က ကျောင်းထိုင်ဘုန်းကြီးတစ်ပါး KTV မှာ သောက်စားမူးယစ်နေတာမိလို့ လူဝတ်လဲခံလိုက်ရတဲ့သတင်းက ပြဿနာမဟုတ်ဘူးဗျ ပြဿနာက အခုမှစတာ…. တာဝန်ရှိပျော်ဘွယ်ရဲတွေကို လာဘ်ငွေ သိန်းတစ်ရာပေးရတဲ့အတွက် ဘုန်းကြီးခမျာ ပိုက်ဆံမလောက်တာနဲ့ကျောင်းကပစ္စည်းလေးတွေရောင်းချပြီးပေးရတော့တာပေါ့……. ဒါယိကာဒါယိကာမတွေကလဲ လှူထားတဲ့ပစ္စည်းတွေ ဘုန်းကြီးယူသွားလို့ မကျေနပ်တော့ တိုင်ကြ တောကြပေါ့….. လက်ခံမိတဲ့ KTV ကလဲ နာမည်မထွက်အောင် ပျော်ဘွယ်ရဲတွေကို နှုတ်ပိတ်ခပူဇော်လိုက်ရလို့ ကတုံးနဲ့ဆိုရင် အဝင်မခံဖို့ ဝိတ်တာတွေကိုမှာနေရရော….. ကျောင်းထိုင်တင်ပေးမိတဲ့ မ/နသံဃနာယကအသင်းကြီးကလဲ ဘယ်ဘုန်းကြီးကို ဘယ်လောက်ပေးပြီးကျောင်းထိုင်ဖြစ်ခဲ့တာပါလို့ အသံထွက်မှာကြောက်ပြီး ဆွမ်းတောင်ဖြောင့်ဖြောင့်ဘုန်းမပေးနိုင်…. သတင်းပေးတဲ့ ဒါယိကာလဲ KTV ကိုသူသွားတာလူသိမှာကြောက်လို့ဖုံးရဖိရနဲ့…… အချီကြီးမိလိုက်တဲ့ ပျော်ဘွယ်ရဲတွေလဲ သိန်းတစ်ရာယူလိုက်တဲ့သတင်းပြန့်သွားလို့ အဆင့်ဆင့်ဝေစားမျှစားတွေကို ခွဲပေးလိုက်ရလို့ တွက်ချေမကိုက်ဖြစ်သွားရကြောင်း…. မြို့နယ်အတွင်းက တစ်ခြား KTV ကိုယ်တော်တွေလဲ အသွားအလာဆင်ခြင်လိုက်ရလို့ လမင်းတို့ ကြယ်စင်တို့ကို လွမ်းနာကျပြီး ကျိန်းလို့ပင်မပျော်တော့ဘဲ ဒုက္ခရောက်နေရကြောင်း….…