စစ်ကောင်စီကို စကစဟု အတိုကောက်ခေါ်ရာ ယခု စစ်ကော်မရှင်ဖြစ်သွားသောကြောင့် အတိုကောက်ခေါ်လျှင် စကမ ဖြစ်မည်။ ထို့ကြောင့် အောက်တွင် စစ်ကော်မရှင်ကို အတိုကောက် စကမဟု သုံးစွဲခေါ်ဝေါ်မည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် ယူနန်ပြည်နယ်၊ အန်နင်းမြို့၌ ၁၀ ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာသည့် စကမ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့၏။ ထိုသို့တွေ့ဆုံရာတွင် မစ္စတာ ဝမ်ယိက မြန်မာနိုင်ငံအနေဖြင့် ပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းရန် မျှော်လင့်မိပါကြောင်း၊ တံခါးဖွင့်၍ အားလုံးပါဝင်သော စိတ်သဘောထားရှိပြီး ပြည်သူများ၏ စိတ်ဓာတ်ကိုစည်းရုံးရန် အလေးထားသင့်ကြောင်း၊ ရွေးကောက်ပွဲမှတဆင့် ရည်မှန်းချက် ၃ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်သင့်ကြောင်းပြောသည်။ ပထမတချက်မှာ…
သမိုင်းဝင် အထင်ကရ ဂုတ်ထိပ် တံတားကြီး နှင့် ပတ်သက်၍ ပြည်ပ သတင်းဌာနများ၏ ရေးသားချက်များကို အရင်ဦးဆုံး ဖေါ်ပြလိုပါသည်။ ဂုတ်ထိပ်တံတားကြီးအား တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်တော် TNLA နှင့် ပြည်သူ့ကာကွယ် ရေး တပ်များက ဗုံးခွဲ ဖျက်ဆီးလိုက်၍ မီတာ ၂၀ ခန့် ရှည်သော အစိတ်အပိုင်း ပျက်စီးသွားသည်ဟု စစ်အုပ်စု ခြုံငြိမ်း၏ ပြောခွင့်ရ ဇော်မဲလုဲးက ဩဂုတ် ၂၄ ရက်နေ့တွင် မီဒီယာသို့ ဗီဒီယို ဖိုင် ပေးပို့၍ သတင်း ထုတ်ပြန်လာသည်။ နောက်ထပ် ထုတ်ပြန်သော ကြေညာချက်တွင် “မိုင်းခွဲ ဖျက်ဆီးလိုက်ခြင်း” ဖြစ်သည်ဟု ပါရှိလာသည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံးတံတားဖြစ်သော ဂုတ်ထိပ်တံတားသည် ချောက်ကမ်းပါးအထက် ၁၀၂ မီတာ…
လာမယ့်ရွေးကောက်ပွဲပြီးရင် တပ်က နိုင်ငံရေးအတွက်မပါဘဲ နိုင်ငံတော်ကာကွယ်ရေးကိုပဲ တာဝန်ထမ်းဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ကို အသိပေးပါတယ်။ ဒါက ၁၉၉၀ ရွေးကောက်ပွဲပြီးရင် “တပ်က စစ်တန်းလျားပြန်မယ်” လို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ လူသိများတဲ့ စကားကို ပြန်လည်အမှတ်ရစေပါတယ်။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၂၅ ရွေးကောက်ပွဲအလွန်အခင်းအကျင်းတွေက မတူတော့သလို နိုင်ငံရေးမှာ တပ်ကရှိနေမယ့် နေရာချင်းလည်း မတူတော့ပါဘူး။ စစ်ခေါင်းဆောင်က သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲက အတိုင်းပဲ တပ်ကို အထိုင်ပြန်ချမှာပါ။ ရွေးကောက်ပွဲအလွန် တပ်ရဲ့နေရာ ရွေးကောက်ပွဲအလွန်မှာ တပ်က ဘယ်လိုအခန်းကဏ္ဍမှာရှိနေမလဲဆိုတာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာခဲ့တဲ့ သြဂုတ် ၁၈ မှာ အသိပေးခဲ့တာဖြစ်ပါတယ်။ သူက အချက် ၄ ချက်…
အနောက်တိုင်းဆေးပညာ ဆရာဝန်နဲ့ တိုင်းရင်းဆေး သမားတော် မဟုတ်တဲ့ လိုင်စင်မဲ့ အပ်ပုန်း၊ ရမ်းကု တွေဟာ လူသိပ်မသိအောင် နေထိုင်လုပ်ကိုင်ကြရာကနေ အခုနှစ်ပိုင်းမှာ လူမှုကွန်ရက်မှာ ပေါ်ပေါ်ထင်ထင် ရှိလာကြပါတယ်။ နိုင်ငံလူဦးရေရဲ့ထက်ဝက်နီးပါး လူပေါင်း ၂၄ သန်းကျော် အင်တာနက်အသုံးပြုကြတဲ့ မြန်မာမှာ လူသိများအောင် လုပ်ဆောင်ဖို့ ဆိုရှယ် မီဒီယာက အလွယ်ကူဆုံးနေရာ ဖြစ်ပါတယ်။ လေဖြတ်ဝေဒနာကို ၂ နှစ်ဝန်းကျင်ခံစားနေရတဲ့ ကိုဇော်ဟာ TikTok သုံးနေရင်း အမျိုးသမီးတစ်ဦးက သူ့လို ဝေဒနာရှင်တွေကို တစ်ကြိမ်တည်းနဲ့ သက်သာအောင် ကုသပေးနေတဲ့ရုပ်သံကို ဒီနှစ် အစပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။ “ကျွန်တော်တို့လို လူနာတွေက ပျောက်ချင်တာပဲသိတာ။ ဒီလို ပျောက်အောင်ကုနိုင်တယ်ဆိုတာနဲ့ သွားကုချင်ကြတော့တာ” လို့ မိတ္ထီလာမြို့နယ်ထဲက ရွာတစ်ရွာမှာနေတဲ့ ကိုဇော်က ပြောပါတယ်။ လေဖြတ်ရောဂါလူနာတွေကို ဆေးကုပေးနေတယ်ဆိုတဲ့…
ရှမ်းတပ် SSPP/SSA နှင့် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ကို လက်နက်နှင့်ငွေကြေး ထောက်ပံ့တော့မည်မဟုတ်ဟု UWSA ‘ဝ’ တပ်ဖွဲ့က ယမန်နေ့က ကြေညာခဲ့သည့် ဆုံးဖြတ်ချက်၏နောက်ကွယ်တွင် မည်သည့်အဖြစ်အပျက်များ ရှိနေပါသနည်း။ UWSA ဟုလူသိများသည့် ‘ဝ’ တပ်ဖွဲ့က ၎င်းတို့၏မဟာမိတ်များဖြစ်ကြသည့် ရှမ်းတပ် SSPP/SSA နှင့် ၁၀၂၇ စစ်ဆင်ရေးအဖွဲ့ဝင် ကိုးကန့်တပ် MNDAA နှင့် တအာင်းတပ် TNLA တို့ကို လက်နက်နှင့်ငွေကြေး ထောက်ပံ့တော့မည်မဟုတ်ဟု ၎င်းတို့ပိုင်သတင်းဌာနများမှတဆင့် ယမန်နေ့က ကြေညာခဲ့သည်။ “ဝ” တပ်ဖွဲ့ ဒုဥက္ကဌ ဦးကျောက်ကော်အမ်းက ၎င်း၏မဟာမိတ်များကို UWSA ‘ဝ’ တပ်ဖွဲ့ဌာနချုပ်ရှိရာ မြန်မာ-တရုတ်နယ်စပ် ပန်ဆန်း(ပန်ခမ်း)တွင် အစည်းအဝေးခေါ်ပြီး အဆိုပါဆုံးဖြတ်ချက်ကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း…