စစ်ကောင်စီတပ်ဟာ ရခိုင်ရိုးမအစပ် ဧရာဝတီတိုင်းဘက်က ရေကြည်၊ မြန်အောင်၊ ကြံခင်း၊ ကျုံပျော်၊ သာပေါင်းစတဲ့ မြို့တွေမှာ စစ်အင်အား ဖြည့်တင်းပြီး ခံစစ်ပြင်နေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ပြောကြားပါတယ်။ ဒေသတချို့မှာ ညမထွက်ရအမိန့်ထုတ်ပြီး အဖမ်းအဆီးတွေ လုပ်နေသလို ခုခံကာကွယ်ဖို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို စစ်သင်တန်းပေးနေတယ်လို့ ဆိုပါတယ်။ ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့နဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့ကိုသွားတဲ့ ကားလမ်းပေါ်က စစ်ရေးအရ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ ဗေဒါစစ်ဆေးရေးဂိတ်နဲ့ ဒေါင့်ချောင်း၊ ဗောဓိ စတဲ့ စစ်ဆေးရေးဂိတ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ဒီရက်ပိုင်းမှာပဲ သိမ်းပိုက်ထားပါတယ်။ ငသိုင်းချောင်းမြို့နဲ့ မိုင်နှစ်ဆယ်ကျော်သာဝေးတဲ့ ဗေဒါစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားတွေဟာ ရေကြည်မြို့နယ် အခြေစိုက် အမှတ် (၃၄၄) အမြောက်တပ်ကို ရွှေ့ပြီး ခံစစ်ပြင်နေတယ်လို့ လုံခြုံရေးအရ…
ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ စစ်ကောင်စီမိသားစုဝင် အိမ်ထောင်စု ၉၀ စုမှ လူဦးရေ ၃၀၀ ဝန်းကျင်မှာ ရွှေမင်းဂံရေတပ်ဆိပ်ကမ်းမှတဆင့် ဇက်သင်္ဘောများဖြင့် ယမန်နေ့(ဒီဇင်ဘာလ ၂၀ ရက်) ညပိုင်းက ပြောင်းရွှေ့သွားကြောင်း စစ်တွေဒေသခံထံက သိရသည်။ “စစ်သားတွေတော့မပါဘူး သူတို့တပ်မိသားစုတွေ ဇက်သင်္ဘောနဲ့ချပြီး ကျောက်ဖြူဘက်ကို သွားတယ်။ မနေ့ညက နောက်ဆုံးပြောင်းတာ။သူတို့ဆင်းသွားတာမြင်နေရတာပေါ့။ သူတို့ကတော့ တိတ်တဆိတ် ပြောင်းနေကြတာပေါ့”ဟု စစ်တွေမြို့သတင်းရင်းမြစ်ကပြောသည်။ ယခုလ ဒီဇင်ဘာလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်အရာရှိ၊ လက်အောက်ငယ်တပ်သားများ၏ မိသားစုဝင်များမှာ စစ်လေယာဥ်၊ဇက်သင်္ဘောများနှင့်ကျောက်ဖြူမြို့သို့ တရွေ့ရွေ့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း၎င်းကဆိုသည်။ စစ်တွေမြို့တွင် တပ်မိသားစုဝင် အနည်းငယ်သာကျန်ခဲ့ပြီး အများစုမှာမြို့မှ စွန့်ခွာရွှေ့ပြောင်းသွားခြင်းဖြစ်ပြီး မြို့ပေါ်သို့ စစ်အင်အားရာချီထပ်မံတိုးချဲ့ထားကြောင်း သိရသည်။ စစ်တွေမြို့တွင် နပခတိုင်းမှူး ကျော်စွာဦးမှာလည်း ပြီးခဲ့သည့် နိုဝင်ဘာလကတည်းက ထပ်မံတိမ်းရှောင်သွားခြင်းကြောင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)မှူးသာကျန်ရှိကြောင်း စစ်တွေမြို့သတင်းရင်းမြစ်က ပြောသည်။ တပ်မိသားစုဝင်များ ရွှေ့ပြောင်းသွားခြင်းကြောင့် စစ်ရိပ်သမ်းနေသည့်…
အကြမ်းဖက်စစ်တပ် အာဏာလုယူမှုဖြစ်စဉ်ဖြစ်ပြီးနောက် က စလို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလလည်အထိ မြန်မာနိုင်ငံရဲ့ ကျေးရွာပေါင်း ၁၄၀၀၀ ကျော်မှာ အကြမ်းဖက်စစ်တပ် ထိန်းချုပ်ထားနိုင်တဲ့ ဧရိယာဟာ ၂၁ ရာခိုင်နှုန်းပဲရှိတော့တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာ လလယ်အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ က မြန်မာနိုင်ငံရဲ့ ၄၂ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ ကျန်ရှိတဲ့ ဒေသတွေမှာတော့ တိုက်ပွဲတွေဖြစ်ပွားနေသလို သူနိုင်ကိုယ်နိုင်အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်အခြေစိုက် လက်နက်ကိုင်ပဋိပက္ခတည်နေရာနှင့် ဖြစ်ရပ်ဒေတာပရောဂျက် (Acled) အရ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ဟာ အကြီးအကျယ်ရှုံးနိမ့်မှုနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းနေတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ အကြီးအကျယ် ရှုံးနိမ့်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မင်းတပ်မြို့နယ်တွင် စစ်တပ်လုံး၀ ကင်းစင်သွားပြီး ချင်းညီနောင်တပ်ဖွဲ့များက အလုံးစုံ ထိန်းချုပ် ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သော ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မင်းတပ်မြို့နယ်တစ်ခုလုံးတွင် စစ်တပ်ကင်းစင်သွားပြီဖြစ်ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက အတည်ပြုပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်စခန်းဖြစ်သော ခလရ ၂၇၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ ချင်းညီနောင်တပ်ဖွဲ့က မကြာမီ တရားဝင် အများပြည်သူသို့ ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရှိရသည်။ နိုဝင်ဘာလ ၉ ရက်နေ့မှစတင်၍ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ကြောင်း၊ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးတွင် မြို့ပေါ်ရှိ စစ်ကောင်စီ၏ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောင်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊…
ပုသိမ်မြို့က ကုန်ကားတွေကို ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ကစလို့ မြို့ကနေထွက်ခွင့် ပိတ်လိုက်တယ်လို့ ပုသိမ်ကုန်ကားလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ပုသိမ်မြို့ကုန်ကားသမားတယောက်က “အရင်ရက်က ကုန်ကားတွေစစ်တာ တိုးပြီးလုပ်တယ်။ ကုန်ကား အမိုးမအုပ်ဖို့ မှာတယ်။ ဒီနေ့ မနက်က ကုန်ကားတွေချောဆွဲမယ်ကြားပြီးတော့ ရန်ကုန်ဘက်အထွက် ကုန်ကားတွေ ပိတ်လိုက်တာ” လို့ ပြောပါတယ်။ ပုသိမ်မြို့ကနေ ကုန်ကားတွေထွက်ခွင့်ပိတ်လိုက်တာကြောင့် ကုန်စည်ပို့ဆောင်တာတွေ ရပ်တန့်သွားနိုင်တယ်လို့ ဒေသခံတွေကပြောပြီး ရန်ကုန်ဘက်အထွက်ကို ကုန်ကားတွေ ဘာကြောင့်ပိတ်တာ၊ ဘယ်လောက်ကြာကြာပိတ်မယ်ဆိုတာ အခုထိ တိတိကျကျ မသိရသေးဘူးလို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်၊ ဂွမြို့ကို AA က ထိုးစစ်ဆင်နေချိန် ဧရာဝတီတိုင်းမှာ စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်နေသလို ဒီဇင်ဘာ တတိယပတ်ထဲမှာ လူငယ်တွေကိုပေါ်တာဆွဲတာလည်း ဆက်တိုက်လုပ်နေတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ဗေဒါစစ်ဆေးရေးဂိတ်ကို…