Author: Baby Yit Lone
-

အပူတွေ ထပ်ထပ် ဆင့်နေကြရတဲ့ ၅/ တို့ဘဝ
စစ်ဒဏ်ခံရသည့် စစ်ကိုင်းက မြို့နယ်အများစု ရေဘေးသင့်ပြီး အကူအညီလိုအပ် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီ ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုမှ ဒေသခံများနှင့် စစ်ဘေးရှောင်များ ရေဘေးသင့်နေပြီး ရွှေ့ပြောင်းနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိတွင် မူးမြစ် စီးဆင်းရာတလျှောက်ရှိ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ ဒီပဲယင်း၊ အရာတော်၊ ကောလင်း၊ ဝက်လက်နှင့် မြင်းမူ စသည့် မြို့နယ်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ဒေသခံ သောင်းနှင့်ချီ ရေဘေးသင့်၍ ပြောင်းရွှေ့နေကြရသလို တန့်ဆည်အရှေ့ခြမ်းနှင့် ရေဦး၊ တန့်ဆည်အစပ်ရှိ စစ်ဘေးရှောင်စခန်း လေးခုသည်လည်း မူးမြစ်ရေပြင်နှင့် တပြေးတည်းဖြစ်နေပြီး စစ်ရှောင်တဲများ၊ နွား၊ လှည်း စသည်တို့သည်လည်း ရေစီးအတွင်း မျောပါခြင်းများရှိကြောင်း…
-

မှန်လုံကားကြီးများကို မနိုင်မနင်း ဆွဲထုတ်နေရသော ဆင်ကြီးများ (ရုပ်သံ)
မြစ်ကြီးနား-မန္တလေး ကွင်းလမ်းတွင် မှန်လုံကားကြီးများကို ဆင်များဖြင့် မနိုင်မနင်း ဆွဲထုတ်နေရ ခရီးသွားလာမှု ခေတ္တဆိုင်းငံ့ရန် မေတ္တာရပ်ခံ မြစ်ကြီးနား-မန္တလေး ကွင်းလမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းကြောင်းတစ်လျှောက် ဗွက်နွံများ ထနေပြီး ခရီးသည်တင် မှန်လုံကားကြီးများ ပိတ်မိကျွံဝင်မှုများ ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိတွင် အဆိုပါ ဗွက်နွံအတွင်း ကျွံဝင်နေသော ခရီးသည်တင် မော်တော်ယာဉ်ကြီးများကို ပြန်လည်ဆွဲထုတ်နိုင်ရန်အတွက် ဆင်ငယ်များဖြင့် မနိုင်မနင်း အတင်းရုန်းကန် ဆွဲထုတ်နေရသည့်အထိ အခြေအနေ ဆိုးရွားလျက်ရှိသည်ဟု ဆိုသည်။ သို့ဖြစ်ပါ၍ ခရီးသွား ပြည်သူများနှင့် ယာဉ်မောင်းများအနေဖြင့် မဖြစ်မနေ အရေးကြီးသည့် ခရီးစဉ်များမဟုတ်ပါက လမ်းကြောင်းများ ပြန်လည်ကောင်းမွန်လာသည့်အထိ ခရီးသွားလာမှုများကို ခေတ္တဆိုင်းငံ့ထားကြရန် ဒေသခံများက အထူးမေတ္တာရပ်ခံ နှိုးဆော်ထားကြသည်။ ရုပ်သံ-မိုးညှင်းခရိုင်လမ်းညွှန်
-

ဆည်တော်ကြီးပတ်ဝန်းကျင် ပြောင်းပြေးနေရပြီ
ဆည်တော်ကြီးဆည်ရေ တံငါလမ်းပိုင်းနှင့် အချို့ကျေးရွာများသို့ ရေဝင်ရောက်၊ ဒေသခံများနေရာ ရွှေ့ပြောင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးဆည်ရေပိုလွှဲမှဆည်ရေ တံငါတံတားအနီး ကားလမ်းပေါ် ရောက်လာပြီး အချို့ကျေးရွာထဲရေဝင်ရောက်မှုကြောင့် ဒေသခံများပြောင်းရွေ့ နေရကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်ရုံး) က ဩဂုတ် ၇ ရက်တွင် ထုတ်ပြန်သည်။ ဆည်တော်ကြီးဆည်ရေပိုလွှဲတံခါးများမှ ရေလွှဲချပြီး သုံးရက်အကြာတွင် ယခုတံငါတံတားနားနှင့် ပတ်ဝန်းကျင်ရွာများသို့ ရေဝင်ရောက်လာခြင်း ဖြစ်သည်။ တံငါတံတားကားလမ်းမကြီးပေါ် ရေကျော်နေမှု နှင့် ကျေးရွာအချို့၌ ရေဝင်ရောက်နိုင်ခြင်းတို့အတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ အဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ ဆည်ရေမြင့်တက်မှုကြောင့် ပိတ်ဆို့နေသူများကိုရှာဖွေရန် ကယ်ဆယ်ရေးသုံး လှေလေးစီး နှင့် ရေပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ကို စေလွှတ်ထားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ် ၃ ရက်ကလည်း ဆည်တော်ကြီးဆည်ရေပြည့်မှတ်နီးလာ၍…
-

မဲလုံးထက် ပိုကဲ, ပိုကြမ်းပြလိုက်တဲ့ ခိုင်ခိုင်စိုး
မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်အပေါ် ထိုင်းလွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့များ၊ ကျောင်းသားသမဂ္ဂများနှင့် ထိုင်းပြည်သူများက ကန့်ကွက်ဆန္ဒပြခဲ့သော်လည်း လွှတ်တော်အမတ်တစ်ဦးတည်းသာ ဆန္ဒပြဟု ပြောရေးဆိုခွင့် ရှိသူ ခိုင်ခိုင်စိုး ဗြောင်လိမ်ပြောဆို မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ထိုင်းနိုင်ငံခရီးစဉ်ကို ထိုင်းလွှတ်တော်အမတ်များ၊ အတိုက်အခံနိုင်ငံ ရေးသမားများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ၊ လူ့အခွင့်အရေးအဖွဲ့များ၊ ထိုင်းပြည်သူများနှင့် ထိုင်းရောက်မြန်မာနိုင်ငံသားများက ဆန္ဒပြခြင်း၊ ကြေညာ ချက် ထုတ်ပြန်ကန့်ကွက်ခြင်း၊ လွှတ်တော်အတွင်း အော်ဟစ်ကန့်ကွက်ခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုးက “ထိုင်းလွှတ်တော်အမတ်တစ်ဦးတည်းသာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်” ဟု ဗြောင်လိမ်ပြောဆိုလိုက်သည်။ ယမန်နေ့ မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်မှ အပြန် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် မီဒီယာတချို့၏ မေးမြန်းချက်ကို ခိုင်ခိုင်စိုးက ယင်းကဲ့သို့ ဗြောင်လိမ် ပြောဆိုလိုက်ခြင်းဖြစ်သည်။ မင်းအောင်လှိုင်သည် ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်တို့တွင်…
-

နောက်ဆုံး ခိုးရာလိုက်ပြေးသည်အထိ ပညာပြလိုက်တဲ့ ကျောင်းအုပ်ဆရာမကြီး
အကြမ်းဖက်စစ်တပ်ဆန်ဆန်အာဏာပြအုပ်ချုပ်တဲ့ အင်္ဂပူမြို့ အ.ထ.က ကျောင်းအုပ်ကြီးသစ် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) ၌ ယခု ၂၀၂၆ စာသင်နှစ်မှစတင်ကာ ပြောင်းရွှေ့တာဝန်ကျလာသည့် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမိုးလွင်၏ အကြမ်းဖက်စစ်တပ်ဆန်ဆန် ဖိနှိပ်အာဏာပြလွန်းသည့် ကျောင်းအုပ်ချုပ်မှုပုံစံများကြောင့် ကျောင်းသား/သူများ၊ ကျောင်းသားမိဘများနှင့် ကျောင်းတွင်းဆရာ/မများအကြား မကျေနပ်မှုများနှင့် ဝေဖန်မှုများ ပြင်းထန်စွာ ထွက်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်အတွင်းက ကျောင်းတက်ရက် ကျောင်းပြင်ပလမ်းတစ်ခု၌ တွေ့ဆုံသည့် ကျောင်းသား/သူ စုံတွဲတစ်တွဲအား ကျောင်းအုပ်ကြီးကိုယ်တိုင် တွေ့ရှိချိန်တွင် စကားဖြင့် ဆုံးမခြင်း သို့မဟုတ် မိဘအား ခေါ်ယူသတိပေးခြင်းမျိုး မပြုလုပ်ဘဲ ဒုတ်ဖြင့် လိုက်လံရိုက်နှက်ခဲ့သဖြင့် အဆိုပါကျောင်းသား/သူနှစ်ဦးမှာ ကြောက်လန့်တကြား ထွက်ပြေးရာမှ ခိုးရာလိုက်ပြေးသည့်အဆင့်ထိ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျောင်းသားမိဘများက ပြဿနာမကြီးထွားစေလို၍ ပြေလည်အောင်…