Author: Baby Yit Lone

  • ပခုက္ကူ မြိုင်နယ်မှာ စစ်အုပ်စု ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်တွေ ပစ်ချနိုင်ခဲ့လို ပျက်ကျမီးလောင်

    ပခုက္ကူ မြိုင်နယ်မှာ စစ်အုပ်စု ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်တွေ ပစ်ချနိုင်ခဲ့လို ပျက်ကျမီးလောင်

    မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်းမှာ ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အုပ်စုရဟတ်ယာဉ် MI-17 တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး ပျက်ကျမီးလောင်နေတယ်လို့ Magway People`s Defence Force-MGY PDF က အတည်ပြုပြောပါတယ်။ ဇွန်လ ၂၃ ရက် နေ့လယ်က မြိုင်မြို့နယ် တစ်နေရာကို လေကြောင်းတိုက်ခိုက်ဖို့ ရောက်ရှိ‌လာတဲ့ Mi17 အမျိုးအစားရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တာဖြစ်ပြီး မီးလောင်ပျက်စီးနေတယ်လို့ Magway People`s Defence Force-MGY PDF က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။ “မြိုင်နယ်တစ်နေရာမှာ ပစ်ချနိုင်ခဲ့တာပါ၊မီးလောင်ပျက်စီးသွားပါတယ်” လို့ MGY PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မြိုင်မြို့နယ် တောင်ပိုင်းမှာ ရောက်ရှိနေတဲ့စစ်အုပ်စုစစ်ကြောင်းတွေကို ပစ်ကူပေးဖို့ ရောက်ရှိလာတာဖြစ်ပြီး အသေးစိတ်ကိုတော့ ဆက်လက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို…

  • ဗျုဟာမှူးအထိုင်ချထားသော စခန်းဒရုန်းဖြင့်တိုက်ခိုက်၊ ဒဏ်ရာရစစ်သားများကို မင်းတုန်းသို့​ယူဆောင်သွား

    ဗျုဟာမှူးအထိုင်ချထားသော စခန်းဒရုန်းဖြင့်တိုက်ခိုက်၊ ဒဏ်ရာရစစ်သားများကို မင်းတုန်းသို့​ယူဆောင်သွား

    မင်းတုန်းမြို့နယ်မှတဆင့် ရခိုင်ပြည်သို့ ထိုးစစ်ဆင်နေသောအာဏာသိမ်း စစ်တပ်၏ စစ်ကြောင်းတစ်ခုမှ ဗျူဟာမှူးအထိုင်ချထားသောယာယီစခန်းတစ်ခုကို အာရက္ခတပ်တော် (AA)က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်တပ်မှစစ်သား ၂၀ ကျော်ခန့် ဒဏ်ရာရရှိသွားပြီး မင်းတုန်းသို့ ပို့ဆောင်လိုက်ရသည်ဟုသတင်းရရှိသည်။ ဇွန် ၂၁ ရက်နေ့က AA က ဒရုန်းများဖြင့် သဖန်ရောင်၊ဝက်ကော် ၊ပြောင် စသည့်နေရာပတ်ဝန်းကျင်နေရာများတွင်ယာယီတပ်စွဲထားသော နေရာများကိုတိုက်ခိုက်ခဲ့ရာတွင် ထိုသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။ “ ဒရုန်းတွေနဲ့ တိုက်ရာမှာ ဗျူဟာမှူးကိုယ်တိုင် နေထိုင်တဲ့နေရာကိုထိမှန်သွားတယ်။အခုလို ဗုံးတွေကျပြီး ထိမှန်တော့ သေဆုံးသူတွေလည်း ရှိတယ်လို့သိရတယ်။ဒဏ်ရာရသူတွေကိုတော့ မင်းတုန်းကို ပို့ဆောင်လိုက်ရတယ်”ဟုပြောဆိုသည်။ အာရက္ခတပ်တော်သည်မင်းတုန်းမြို့နယ်အနောက်ခြမ်း ရိုးတောင်အနီးတွင် ထိုးစစ်ဆင်နေသည့် စစ်တပ် စစ်ကြောင်းများကို ဒရုန်းများဖြင့်သာမက စနိုက်ဘာများဖြင့်လည်းပစ်ခတ်မှုရှိနေ၍ အာဏာသိမ်း စစ်တပ်ဘက် အကျအဆုံးများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။ ” ဒရုန်းတွေ၊…

  • တိုင်းရင်းသားအဖွဲ့တို့ ထိန်းချုပ်ထားသည့်နယ်စပ်များ ရအောင် ပြန်ယူမည်ဟု မင်းအောင်လှိုင် ပြော

    တိုင်းရင်းသားအဖွဲ့တို့ ထိန်းချုပ်ထားသည့်နယ်စပ်များ ရအောင် ပြန်ယူမည်ဟု မင်းအောင်လှိုင် ပြော

    မြန်မာနိုင်ငံ၌ နယ်စပ်ဒေသအများစုကို တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ထားချိန် နယ်စပ်ဒေသစီမံခန့်ခွဲရေး သည် အာဏာသိမ်းအစိုးရနှင့်သာ သက်ဆိုင်ပြီး အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က တရုတ်နိုင်ငံခရီးစဉ်အတွင်း Phonix မီဒီယာနှင့် အင်တာဗျူး၌ ပြောသည်။ မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသည့် တရုတ်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးနှင့် ပတ်သက်၍ မေးခွန်းကို ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အာဏာသိမ်းသမ္မတက “ပွင့်ပွင့်လင်းလင်းပြောရရင် လောလောဆယ် အနေအထားမှာ နယ်စပ်ဒေသလုံခြုံအေးချမ်းရေးက အားနည်းပါတယ်။ ဒါက နှစ်ဖက်အစိုးရတွေ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ နယ်စပ်ဒေသ စီမံခန့်ခွဲမှုက အစိုးရနဲ့ပဲဆိုင်ပါတယ်။ အစိုးရကပဲ လုပ်လို့ရတယ်။ တခြားအဖွဲ့အစည်းက ဝင်လုပ်လို့မရပါဘူး။ နယ်စပ်ဒေသ စီမံခန့်ခွဲရေးသာမက နယ်စပ်ဒေသကုန်သွယ်ရေးကိစ္စ၊ နှစ်နိုင်ငံ Cross Border Trade နဲ့ပတ်သက်ပြီး အစိုးရကပဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။…

  • လားရှိုးမြို့တွင် မိန်းကလေးတစ်ဦး ဓားခုတ်လုယက်ခံရပြီး ဆိုင်ကယ်ပါသွား (ရုပ်သံ)

    လားရှိုးမြို့တွင် မိန်းကလေးတစ်ဦး ဓားခုတ်လုယက်ခံရပြီး ဆိုင်ကယ်ပါသွား (ရုပ်သံ)

    လားရှိုးမြို့တွင် မိန်းကလေးတစ်ဦး ဓားခုတ်လုယက်ခံရပြီး ဆိုင်ကယ်ပါသွား (ရုပ်သံ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇွန်လ ၂၂ ရက် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကယ်စီးနင်းလာသည့် မိန်းကလေးငယ်တစ်ဦး ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းမိန်းကလေးငယ်တွင် ဓားခုတ်ခံရမှုကြောင့် လက်၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လုယက်မှုသည် ဇွန်လ ၂၂ ရက် နံနက် ၄ နာရီဝန်းကျင်အချိန်ခန့်တွင် လားရှိုးမြို့၊ ထင်းရှူးမြိုင်အတက်လမ်းရှိ သံပန်းသံတံခါးလုပ်ငန်းဆိုင်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းလာသည့် အဆိုပါမိန်းကလေးငယ်အား အမည်မသိလူစုက ဓားဖြင့်ခုတ်၍ ဆိုင်ကယ်ကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိရသူများထံမှ သိရသည်။

  • မန္တလေးမြို့မှာ နယ်ကျော်လာတဲ့ ပုသိမ်ကြီးပျူစောထီး  ၃ ဦးကို အောင်မြေသာစံပျူတွေက ပြန်ဖမ်း

    မန္တလေးမြို့မှာ နယ်ကျော်လာတဲ့ ပုသိမ်ကြီးပျူစောထီး ၃ ဦးကို အောင်မြေသာစံပျူတွေက ပြန်ဖမ်း

    မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။ မနေ့က ဇွန်လ ၂၂ရက် ည ၈ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ စစ်အသုံးဆောင်ပစ္စည်းတွေဝတ်ဆင်ပြီး ဓားရှည်တွေကိုင်ဆောင်ထားတဲ့ လူငယ် ၃ ဦးကို ယင်းမြို့နယ်က စစ်တပ်နဲ့ ပျူစောထီးတွေက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလူငယ် ၃ ဦးဟာ ပုသိမ်ကြီးမြို့မှာ နေထိုင်ကြသူတွေဖြစ်ပြီး စစ်အသုံးဆောင်ပစ္စည်းတွေနဲ့ ခိုးဆိုးလုယက်ဖို့ လုပ်နေလို့ အောင်မြေသာစံပျူစောထီးတွေက ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြပါတယ်။ “အတုမဟုတ်ပါဘူး။ အချင်းချင်းပြန်ဖမ်းတာနေမှာပါ။”လို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဇွန်လ ၁၀ရက်ညကလည်း ပုသိမ်ကြီးမြို့အဝင်မှာ ဆိုင်ကယ်စီးလာတဲ့စုံတွဲတစ်တွဲကို…