Author: Baby Yit Lone
-

ရန်ကုန်မှာ မွေးနေ့ပွဲသွားရင်း ညီအစ်မနှစ်ယောက်စလုံး ပျောက်ဆုံး
အခုလို အချိန်အခါမျိုးမှာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက် ညီမလေး (၂) ယောက် အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ဖို့အတွက် ဝိုင်းဝန်း ကူညီပေးကြပါဦးခင်ဗျာ။ မိသားစုဝင်တွေနဲ့ အလုပ်ရှင်တို့မှာ အလွန် စိုးရိမ်ပူပန်နေကြရပါတယ်။ 📌 ဖြစ်စဉ်အကျဉ်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ရာပြည့်ဈေးမှာ နေထိုင်တဲ့ ဆယ်ကျော်သက် ညီမလေး (၂) ယောက်ဖြစ်တဲ့ နော်ဆန်းဒေးမူး နဲ့ နော်ကလဲဖော တို့ဟာ ဒီကနေ့ မနက် (၁၀) နာရီဝန်းကျင်ကတည်းက “မွေးနေ့ပွဲသွားမယ်” ဆိုပြီး ခွင့်တောင်းကာ နေအိမ်ကနေ ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ညနေပိုင်း ပြန်ရောက်ရမှာဖြစ်ပေမဲ့ ည (၁၀) နာရီကျော်တဲ့အထိ အိမ်ပြန်မရောက်လာဘဲ ရုတ်တရက် ဖုန်းပါ စက်ပိတ်သွားပြီး အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးနေခဲ့တာ…
-

လျှပ်စစ်ဓာတ်အား ယူနစ်သုံးသိန်းကျော် ခိုးယူသုံးစွဲသည့် လုပ်ငန်းရှင်အား အရေးယူ
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတစ်ခုမှာ လျှပ်စစ်ဓာတ် အား ယူနစ် သုံးသိန်းကျော် ခိုးယူသုံးစွဲထားတာကို တွေ့ရှိတဲ့အတွက် လုပ်ငန်းရှင်ကို လျှပ်စစ်ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ထားတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇွန် ၁၆ ရက်က မှော်ဘီမြို့နယ်အတွင်း တရားမဝင် ဓာတ်အားသုံးစွဲမှု မရှိစေရေးနဲ့ ယူနစ်ပျောက်ဆုံးမှု လျော့နည်း ကျဆင်းစေရေးအတွက် မြောက်ပိုင်းခရိုင်၊ မြို့နယ်တွေမှာ စီမံချက်အစုအဖွဲ့ (၂၄) ဖွဲ့နဲ့ ရှောင်တခင် အသေး စိတ် ဝင်ရောက်စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ် လုပ်ငန်းတစ်ခုမှာ အသုံးပြုထားတဲ့ မီတာမှာ Cover Seal နဲ့ Terminal Seal တွေ ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံကာ…
-

ချင်းတောင်ပိုင်း တိုက်ပွဲများအတွင်း ထိခိုက် သေဆုံးသွားသော စစ်သားအလောင်းများကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များတူးကာ ဖြစ်သလို မြှုပ်နှံထား
ချင်းတောင်ပိုင်း တိုက်ပွဲများအတွင်း ထိခိုက် သေဆုံးသွားသော စစ်သားအလောင်းများကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များတူးကာ ဖြစ်သလို မြှုပ်နှံထား ချင်းပြည်နယ်တောင်ပိုင်း တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးသွားသော စစ် သားအလောင်းများ ကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များဖြင့် ဖြစ်သလို မြှုပ်နှံထားခဲ့ကြောင်း ဒေသသတင်းရင်း မြစ်က ပြောကြားသည်။ ပြီးခဲ့သည့် မေလ ၁၁ ရက်ကတည်းက ချင်းပြည်နယ်တောင်ပိုင်းသို့ ထိုးစစ်ဆင်ရန် ပေါက်မြို့နယ်၊ ကပစ ၂၄ မှ ထွက်လာသော စစ်ကြောင်းများကို ဆောမြို့ နယ်၊ ကန်ပက်လက်မြို့နယ်နှင့် မင်းတပ်မြို့နယ်တို့ အတွင်း၌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းလျက်ရှိ ထိခိုက်သေဆုံးမှုများ ပြားနေပြီး သေဆုံးစစ်သားအလောင်းများကို လမ်းဘေးတွင် ကျင်းကြီး၊ ကျင်းငယ်များ တူးကာ ဖြစ်သလို မြှုပ်နှံထားခဲ့သည်ကို ဒေသနေပြည်သူများက တွေ့ရှိခဲ့ရ…
-

လွန်လွန်ကြူးကြူးတွေမပြောကြဖို့ ပရိသတ်တွေကို တောင်းဆိုလာတဲ့ အိမ့်ချစ်
ကိုယ်တိုင်လည်း ကိုယ်ပိုင်မိသားစုဘဝလေးနဲ့ အေးချမ်းနေပြီမို့ အဖေ ဦးချစ်ကောင်းရဲ့ ဒုတိယအိမ်ထောင်က ကလေးတွေ၊ အဖေတူ အမေကွဲမောင်နှမတွေကို လွန်လွန်ကြူးကြူးတွေမပြောကြဖို့ ပရိသတ်တွေကို တောင်းဆိုလာတဲ့ အိမ့်ချစ် 👇🏻👇🏻👇🏻 မေတ္တာရပ်ခံချင်တာလေးရှိလို့ပါရှင့် 🙏🏼 မကြာသေးခင်က အဖေ (ဦးချစ်ကောင်း) ရဲ့ သားလေးနဲ့ သမီးလေးတွေ ၊ အိမ့်ချစ်ရဲ့ Half Siblings လေးတွေရဲ့ interview လေး တက်တာလာကြည့်ရပါတယ် ပရိတ်သတ်များရဲ့ ကောမန့်လေးတွေကနေ အိမ့်ချစ်အပေါ်ဂရုဏာထားကြတာတွေမြင်ရလို့ ကျေးဇူးတင်ရပေမယ့် ကလေးတွေအတွက် စိတ်ထဲမကောင်းလို့ မေတ္တာရပ်ခံချင်တာလေးပါ ပရိတ်သတ်များရဲ့ မေတ္တာများအတွက်လဲ ကျေးဇူးတင်ပါတယ် 🙏🏼 ကလေးတိုင်းကဖြူစင်ပါတယ် ပျော်ရွှင်စရာအနာဂတ်နဲ့လဲထိုက်တန်ပါတယ် ရှေ့မှာ တောက်ပတဲ့အနာဂတ်လေးတွေလဲ ရှိတာမို့ လူကြီးတွေရဲ့ အမှားကြောင့်အပြစ်မဲ့တဲ့ ကလေးတွေရဲ့ အနာဂတ်လေးတွေ စိတ်လေးတွေ ထိခိုက်မှာအိမ့်ချစ်တကယ်မလိုလားပါဘူး ကိုယ်တိုင်လဲ ကလေးအမေဖြစ်နေပြီမို့ ဘယ်ကလေးကိုမှ…
-

ရေကြီးနေတဲ့ ကချင်ပြည်နယ်ကဒေသအချို့ ရေမကျသေး
မိုးဆက်လက်ရွာသွန်းဖို့ ရာနှုန်းပြည့် အခြေအနေရှိကြောင်း မိုးဇလထုတ်ပြန် ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့်၊ မိုးကောင်း၊ နမ္မတီးမြို့တွေမှာ ရေကြီးနေတဲ့အပြင် ဆက်လက်ပြီးနေရာကွက်မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်းပြည့် အခြေအနေရှိနေကြောင်း မိုးဇလက ထုတ်ပြန်ပါတယ်။ စစ်ကိုင်းအထက်ပိုင်း၊ ကချင်၊ ရခိုင် စတဲ့ဒေသတွေမှာ နေရာကွက်မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့်ရှိကြောင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ မကွေး၊ ကရင်နီ၊ ရှမ်းမြောက်မှာ နေရာကျဲကျဲ၊ တနင်္သာရီ၊ ကရင်၊ ချင်း၊ ရှမ်းအရှေ့မှာ နေရာစိပ်စိပ်၊ ကျန်ဒေသတွေမှာ နေရာအနံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့မနက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နေရာကွက်မိုးကြီးနိုင်ချေရှိတဲ့ စစ်ကိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ မိုးတိမ်တောင်ရွှေ့လျားရာတစ်လျှောက် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနတဲ့ မိုးသီးကြွေခြင်းပါ ဖြစ်ပေါ်လာနိုင်ကြောင်း ဆိုထားပါတယ်။…