Author: Baby Yit Lone
-

ဘယ်သူမှ မရောက်နိုင်တဲ့ နေရာအထိ ကိုယ်တိုင်ဆင်းပြီး ကူညီ ကယ်တင်နေတဲ့ ဆရာတော်
ဘယ်သူမှ မရောက်နိုင်တဲ့ နေရာအထိ ကိုယ်တိုင်ဆင်းပြီး ကယ်တင်နေတဲ့ ဆရာတော် ရေဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ပြည်သူတွေအတွက် ဘယ်သူမှ မျှော်လင့်မထားတဲ့ နေရာကနေ ကြီးမားတဲ့ အင်အားတစ်ခု ရောက်ရှိလို့လာပါတယ်။ ကူညီကယ်ဆယ်ရေးတွေ သွားရောက်ဖို့ ခက်ခဲပြီး လူသူအရောက်အပေါက်နည်းတဲ့ နေရာတွေအထိ “နွားဦးတိုက်ဆရာတော်” အရှင်ဉာဏလင်္ကာရ ကိုယ်တိုင် ဦးဆောင်ပြီး ကွင်းဆင်း ကယ်တင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဒီလို မွန်မြတ်တဲ့ ကူညီကယ်ဆယ်ရေး ခရီးစဉ်ဟာ ဒီကနေ့ဆိုရင် (၃) ရက်မြောက်တိုင်ခဲ့ပြီဖြစ်ပြီး၊ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ လက်ဝယ်အရောက် ထောက်ပံ့မှုတွေ ဆက်တိုက် လုပ်ဆောင်ပေးနေတာပါ။ ဆရာတော်ရဲ့ လေးစားစရာ ဦးဆောင်မှုနဲ့အတူ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တောင်ငူနဲ့ ကရင်ပြည်နယ် အစရှိတဲ့ တစ်နိုင်ငံလုံးက လူမှုကူညီရေးအသင်းအဖွဲ့တွေ၊…
-

သမီးလေး နားနှစ်ခြမ်းကွဲသွားလို့ ကျောင်းကို လုံးဝမကျေနပ်ဘူးဆိုတဲ့ စည်ဖြိုးရဲ့ဇနီး ခင်လွှမ်း
သရုပ်ဆောင်စည်ဖြိုးရဲ့ ဇနီးဖြစ်သူ ခင်လွှမ်းကတော့ ကျောင်းမှာ ခုံပေါ်တက်ခုန်ပြီး လဲကျရာကနေ နားနှစ်ခြမ်းကွဲသွားတဲ့အထိ ဒဏ်ရာရခဲ့တဲ့ သမီးရဲ့ဖြစ်စဉ်ကို လူမှုကွန်ယက်ကနေ ဖော်ပြလာပြီး ကျောင်းဘက်ကို လုံးဝမကျေနပ်ဘူးလို့ ပြောထားပါတယ်။ ခင်လွှမ်းရဲ့ ပြောကြားချက်အရ ကလေးက ခုံပေါ်တက်ခုန်ပြီး လဲကျခဲ့တာလို့ အကြောင်းကြားလာလို့ ကျောင်းကိုချက်ခြင်းလိုက်သွားလို့ ဆေးခန်းထဲဝင်တဲ့အချိန်မှာ ခုံပေါ်က သစ်ရှူးတွေမှာ သွေးတွေ အများကြီးတွေ့ရသလို ကလေးကလည်း ငိုတာ လုံးဝ မရပ်ဘူးလို့ ဆိုပါတယ်။ တွေ့တွေ့ချင်း လူက မူးပြာသွားခဲ့ပြီး ဘယ်လိုတောင် လဲကျလို့ နားက နှစ်ခြမ်းကွဲသွားရတာလဲလို့ မေးချိန်မှာ ကျောင်းဘက်က အသေးစိတ်အခြေအနေကို သေချာ မပြောပြနိုင်ခဲ့ကြဘူးလို့ ဆိုပါတယ်။ နားဒဏ်ရာကို ဆေးခန်းမှာ တစ်ချက် အစိမ်းချုပ် ချုပ်ပေးလိုက်ရပြီး မိဘနှစ်ဦးလုံးက သမီးနာလွန်းနေလို့ ဒဏ်ရာကို ကြည့်တောင်မကြည့်ရဲဘူးလို့ ပြောပါတယ်။ ကျောင်းက…
-

မဟာဗျူဟာထိုးစစ်ကြီး ခြေလှမ်းတွေ စလှမ်းပြီ
SCEF က စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ၏ ပူးတွဲဥက္ကဋ္ဌ ၂ ဦး၊ အတွင်းရေးမှူး ၁ ဦးနှင့် တွဲဖက်အတွင်းရေးမှူး ၂ ဦးကို ရွေးချယ်လိုက်ပြီး မဟာမိတ်တပ်ပေါင်းစု၏ အစခြေလှမ်းဟုဆို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က စစ် မဟာ ဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီ၏ ပူးတွဲဥက္ကဋ္ဌ ၂ ဦး၊ အတွင်းရေးမှူး ၁ ဦးနှင့် တွဲဖက်အတွင်းရေးမှူး ၂ ဦးကို ရွေးချယ်တာဝန်ပေးအပ်လိုက်ကြောင်း SCEF ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့နှင့် စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေးကော်မတီတို့၏ ပူးတွဲအစည်းအဝေးကို ၂၀၂၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့ရာ အဆိုပါတာဝန်ရှိသူများကို ရွေးချယ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ “မဟာမိတ်တပ်ပေါင်းစုရဲ့ အစလို့ပြောလို့ရတယ်”…
-

အပူတွေ ထပ်ထပ် ဆင့်နေကြရတဲ့ ၅/ တို့ဘဝ
စစ်ဒဏ်ခံရသည့် စစ်ကိုင်းက မြို့နယ်အများစု ရေဘေးသင့်ပြီး အကူအညီလိုအပ် စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲဒဏ်များကို နှစ်နှင့်ချီ ခံစားနေရသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုမှ ဒေသခံများနှင့် စစ်ဘေးရှောင်များ ရေဘေးသင့်နေပြီး ရွှေ့ပြောင်းနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိတွင် မူးမြစ် စီးဆင်းရာတလျှောက်ရှိ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရွှေဘို၊ ဒီပဲယင်း၊ အရာတော်၊ ကောလင်း၊ ဝက်လက်နှင့် မြင်းမူ စသည့် မြို့နယ်များ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။ ထို့ကြောင့် ဒေသခံ သောင်းနှင့်ချီ ရေဘေးသင့်၍ ပြောင်းရွှေ့နေကြရသလို တန့်ဆည်အရှေ့ခြမ်းနှင့် ရေဦး၊ တန့်ဆည်အစပ်ရှိ စစ်ဘေးရှောင်စခန်း လေးခုသည်လည်း မူးမြစ်ရေပြင်နှင့် တပြေးတည်းဖြစ်နေပြီး စစ်ရှောင်တဲများ၊ နွား၊ လှည်း စသည်တို့သည်လည်း ရေစီးအတွင်း မျောပါခြင်းများရှိကြောင်း…
-

မှန်လုံကားကြီးများကို မနိုင်မနင်း ဆွဲထုတ်နေရသော ဆင်ကြီးများ (ရုပ်သံ)
မြစ်ကြီးနား-မန္တလေး ကွင်းလမ်းတွင် မှန်လုံကားကြီးများကို ဆင်များဖြင့် မနိုင်မနင်း ဆွဲထုတ်နေရ ခရီးသွားလာမှု ခေတ္တဆိုင်းငံ့ရန် မေတ္တာရပ်ခံ မြစ်ကြီးနား-မန္တလေး ကွင်းလမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းကြောင်းတစ်လျှောက် ဗွက်နွံများ ထနေပြီး ခရီးသည်တင် မှန်လုံကားကြီးများ ပိတ်မိကျွံဝင်မှုများ ဖြစ်ပွားနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိတွင် အဆိုပါ ဗွက်နွံအတွင်း ကျွံဝင်နေသော ခရီးသည်တင် မော်တော်ယာဉ်ကြီးများကို ပြန်လည်ဆွဲထုတ်နိုင်ရန်အတွက် ဆင်ငယ်များဖြင့် မနိုင်မနင်း အတင်းရုန်းကန် ဆွဲထုတ်နေရသည့်အထိ အခြေအနေ ဆိုးရွားလျက်ရှိသည်ဟု ဆိုသည်။ သို့ဖြစ်ပါ၍ ခရီးသွား ပြည်သူများနှင့် ယာဉ်မောင်းများအနေဖြင့် မဖြစ်မနေ အရေးကြီးသည့် ခရီးစဉ်များမဟုတ်ပါက လမ်းကြောင်းများ ပြန်လည်ကောင်းမွန်လာသည့်အထိ ခရီးသွားလာမှုများကို ခေတ္တဆိုင်းငံ့ထားကြရန် ဒေသခံများက အထူးမေတ္တာရပ်ခံ နှိုးဆော်ထားကြသည်။ ရုပ်သံ-မိုးညှင်းခရိုင်လမ်းညွှန်