Author: Baby Yit Lone
-

ကျောက်ကြီးမှာ စစ်တပ်ဖမ်းထားတဲ့လူ ၃၀၀ ကျော်ကို ကယ်ထုတ်ရင်း PDF/KNLA ၁၁ ဦး သေဆုံး
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ဖမ်းဆီးထားတဲ့ ပြည်သူအယောက် ၃၀၀ ကျော်ကယ်ထုတ်ချိန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့ဝင် ၁၀ ဦး ကျဆုံးတယ်လို့ တော်လှန်ရေးတပ်တွေဘက်က သတင်းထုတ်ပါတယ်။ ဒေသခံတွေကို ကယ်ထုတ်ခဲ့တာကိုတော့ မနေ့ မတ် ၁၀ ရက်နေ့မှာ တော်လှန်ရေးတပ်တွေ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ PDF အမှတ် ၂ စစ်ဆင်ရေးကနေ သတင်းထုတ်ပြန်ပါတယ်။ “ပြည်သူကို ကယ်ထုတ်တဲ့စစ်ဆင်ရေး” အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၃ ကွပ်ကဲမှု အောက်က တပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ပွဲအတွင်း ပဲခူးတိုင်းစစ်ဌာနက တပ်ဖွဲ့ဝင်…
-

မအလ စစ်တက္ကသိုလ် (DSA)မှာ သင်တဲ့အင်္ဂလိပ် Skills
မအလ စစ်တက္ကသိုလ် (DSA)မှာ သင်တဲ့အင်္ဂလိပ် Skills ကျုပ်တစ်ယောက်ထဲတော့ စိတ်ညစ်မခံနိုင်ဘူး 🥴 တပ်မတော်သိက္ခာကျဆင်းစေနိုင်လို့ စစ်တက္ကသိုလ် DSA ထဲက ဗီဒီယိုဖိုင် ဖျက်ပေးပါဆိုပဲ။ မင်းတို့ အရည်အချင်းကို ပြည်သူက သိခွင့်ရခဲ့တဲ့ဗီဒီယိုပါ။ မင်းတို့သင်တဲ့ပညာရေးစရိတ်ဟာတိုင်းပြည်က ဘဏ္ဍာနဲ့လည်ပတ်နေလို့ မင်းတို့အရည်အချင်းကိုလည်း ပြည်သူက သိခွင့်ရှိသင့်တာပဲ။ မင်းတို့ဟာ တိုင်းပြည်တိုးတက်အောင်လုပ်နိုင်တဲ့ ဖြစ်ထိုက်တဲ့ အရည်အချင်းမျိုးမရှိတာလည်း ဒီဗီယိုက သက်သေပါ။ ဒီ ဗွီဒီယိုကြောင့် တပ်မတော်သိက္ခာကျဆင်းတယ်ဆိုတာဟာ မမှန်နိုင်ပါဘူး။ အရည်အချင်းကင်းမဲ့တဲ့ တပ်မတော်နဲ့ မင်းတို့ DSA ဆင်းတွေရဲ့လိမ်ညာနေတဲ့အရည်အချင်းကို ပြည်သူက အမှန်တိုင်းသိခွင့်ရခဲ့တာပါ။ ဒါကြောင့် ဖျက်မပေးနိုင်ပါဘူး။ Ven Pannadipa
-

စစ်တပ်လော်ဘီ သရုပ်ဆောင် မင်းအုပ်စိုး တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရ
သရုပ်ဆောင် မင်းအုပ်စိုး ကို ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဘုရားငုတ္တို X–ray ပူပေါင်းစစ်ဆေးရေး၌ မတ်လ ၉ ရက်နေ့ ၁၀ နာရီခန့်က ဖမ်းဆီးလိုက်ကြောင်း X- ray ပူးပေါင်းစစ်ဆေးရေး ဂိတ်မှ ဝန်ထမ်းတစ်ဦးက ပြောသည်။ “စစ်ဆေးရေးဂိတ်မှာ မင်းအုပ်စိုး မောင်းနှင်လာတဲ့ ကားကို စစ်ပါတယ်။ ပစ္စတို သေနတ် ၁ လက်နဲ့ 9X19 ကျည်ဆံ ၇ တောင့်ပါ ကျည်အိမ် ၁ ခု တွေ့ပါတယ်။ အခုကတော့ သူ့ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားပါတယ်”ဟုပြောသည်။ ဒလမြို့နယ်ဘက်မှ တွံတေးမြို့နယ်ဘက်သို့ ဒလ-တွံတေးကားလမ်း အတိုင်း ယာဉ်မောင်း အောင်နိုင်ထွန်း (ခ) မင်းအုပ်စိုး မောင်းနှင်လာသည့် ယာဉ်အမှတ် YGN-8 7S- အနက်ရောင်ယာဉ်အား ရပ်တန့်…
-

လောင်စာဆီချွေတာရေး ထိုင်းအစိုးရဌာနများ နေအိမ်မှအလုပ်လုပ်ရန် ညွှန်ကြား
အရှေ့အလယ်ပိုင်းဒေသ တင်းမာမှုများကြောင့် လောင်စာဆီပြတ်လပ်မည့် အန္တရာယ်ကို ကာကွယ်ရန် ထိုင်းအစိုးရဌာနအများစု နေအိမ်မှအလုပ်လုပ်ကြရန် ထိုင်းဝန်ကြီးအဖွဲ့က ယနေ့ ညွှန်ကြားလိုက်သည်။ အဆိုပါ အရေးပေါ်စီမံချက်ကို ထိုင်းဝန်ကြီးအဖွဲ့ အစည်းအဝေးက အတည်ပြုခဲ့ခြင်းဖြစ်ပြီး စွမ်းအင်သုံးစွဲမှုကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။ ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကောင်စီ အထွေထွေအတွင်းရေးမှူး ဒါနူချာ ပီချာယာနန်၏ အဆိုအရ ဤညွှန်ကြားချက်သည် ပြည်သူ့ဝန်ဆောင်မှုနှင့် တိုက်ရိုက်မသက်ဆိုင်သည့် အစိုးရဝန်ထမ်းအားလုံးနှင့် သက်ဆိုင်မည် ဖြစ်သည်။ ထို့အပြင် အစိုးရတာဝန်ရှိသူများအနေဖြင့် အရေးမကြီးသော ပြည်ပခရီးစဉ်များကို ဆိုင်းငံ့ထားရန်နှင့် မဖြစ်မနေတက်ရောက်ရမည့် နိုင်ငံတကာအစည်းအဝေးများကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း ဝန်ကြီးအဖွဲ့က တိုက်တွန်းထားသည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၌ ရေနံအရန်သင့်ရှိမှုမှာ လီတာ ၈ ဘီလီယံခန့်ရှိပြီး အကယ်၍ လောင်စာဆီအသစ် ထပ်မံမရရှိပါက နှစ်လစာခန့်သာ လုံလောက်မည်ဖြစ်သည်။ စွမ်းအင်ဝန်ကြီးဌာနကလည်း…
-

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး၊ စစ်သုံ့ပန်း ၄၀ ကျော် ဖမ်းဆီးဟု ဆို
စစ်ကော်မရှင် ထိုးစစ်များသည် ဖလမ်းမြို့နှင့် ဆုရ်းဘုန်လေဆိပ်သို့ ဦးတည်ဟု ICA သုံးသပ် အာဏာသိမ်းစစ်ကော်မရှင်၏ ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့သို့ ၄ လကြာ ထိုးစစ်ဆင်နေသည့် တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၄၀ ကျော် ရှိနေကြောင်း ချင်းရေးရာ အဖွဲ့ချုပ် (ICA) ထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလမှ စတင်၍ ဝေဘူလ- ဖလမ်းနှင့် သိုင်းငင်း- ဖလမ်းလမ်းကြောင်းတို့မှတက်လာသော အင်အား ၁၀၀၀ ခန့်ရှိ စစ်ကော်မရှင်တပ်သည် ဖလမ်းမြို့အတွင်းစစ်ဆင်ရေးမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ဒရုန်းအပါအဝင် နည်းမျိုးစုံဖြင့် ခုခံတွန်းလှန်မှုကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀ ကျော် သေဆုံးသည်ဟု ဆိုသည်။ “ကျနော်တို့ အပေါ်ယံကြည့်မယ်ဆိုရင်၊ ကျနော်တို့ ထဲထဲ ဝင်ဝင်တော့…