Author: Baby Yit Lone
-

မြိုင်တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်
မြိုင်တွင် ပျက်ကျခဲ့သည့် ရဟတ်ယာဉ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်က ဗိုလ်မှူး နှင့် ဗိုလ်ကြီးအပါအဝင် ငါးဦးသေဆုံး မကွေးဖက်ဒရယ်ယူနစ်၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ နေရာတစ်ခုတွင် စစ်ကော်မရှင်၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းအင်အားစုများက အပိုင်ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။ ယနေ့ ဇွန်လ ၂၃ ရက်တွင် အဆိုပါ စစ်ကော်မရှင်၏ ထောက်ပို့ရဟတ်ယာဉ်ကို မဟာမိတ်တပ်ဖွဲ့များ စုပေါင်း၍ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ လေကြောင်းမှတစ်ဆင့် အကြမ်းဖက်နေသည့် စစ်ရဟတ်ယာဉ်မှာ မြေပြင်ပေါ်သို့ ပျက်ကျကာ မီးလောင်ကျွမ်းခဲ့ရသည်။ အဆိုပါ ရဟတ်ယာဉ် ပစ်ချခံရသည့် ဖြစ်စဉ်အတွင်း ရဟတ်ယာဉ်ပေါ်တွင် ပါရှိလာသော စက်မောင်းသမား ဗိုလ်မှူး၊ ဗိုလ်ကြီးအစရှိသည့် စစ်ကော်မရှင်အရာရှိကြီးများအပါအဝင် အားလုံးနီးပါး မီးလောင်သေဆုံးခဲ့ရပြီး၊ စစ်ကော်မရှင်တပ်သား တစ်ဦးတည်းသာ စိုးရိမ်ရသည့် ဒဏ်ရာပြင်းထန်စွာဖြင့် အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း မြေပြင်သတင်းများအရ…
-

မဘသဘုန်းကြီး ကားဝစ်သောက်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရလို့ မဘသဘုန်းကြီးတွေ ဒေါသထွက်ပြီး တရားရုံးရှေ့အင်အားပြ
မဘသဘုန်းကြီး ကားဝစ်သောက်မှု၊ လက်နက်ကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံရလို့ မဘသဘုန်းကြီးတွေ ဒေါသထွက်ပြီး တရားရုံးရှေ့အင်အားပြ ရန်ကုန်မြို့မှာ မဘသဘုန်းကြီးတစ်ပါး ကားဝစ်သောက်စီးမှု၊ လက်နက်ကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံထားရလို့ မဘသ ဘုန်းကြီးတွေ ဒေါသထွက်ပြီး သင်္ဃန်းကျွန်းတရားရုံးရှေ့ အင်အားပြခဲ့ကြောင်း သတင်းရရှိပါတယ်။ ဒီကနေ့ ဇွန်လ ၂၃ ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံးရှေ့ကို မဘသတဖြစ်လဲ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဘုန်းကြီးတွေက လာရောက်စုဝေးပြီး အဖမ်းခံရတဲ့ မဘသဆရာတော် ဒေါက်တာလက္ခဏသာရနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။ မဘသဆရာတော် ဒေါက်တာလက္ခဏသာရကို သင်္ဃန်းကျွန်းသံဃနာယကနဲ့ သင်္ဃန်းကျွန်းစည်းကမ်းထိန်းသိမ်းသံဃာတွေက ရဲတွေ၊ အခြားဌာနဆိုင်ရာတွေနဲ့အတူ လာရောက်ဖမ်းဆီးသွားကြောင်း၊ ယခုအခါ ဒေါက်တာလက္ခဏသာရကို ကားဝစ်သောက် (လိုင်စင်မဲ့ယာဥ်) စီးလို့ဆိုပြီး သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ (၈)၊ ၎င်းကားပေါ်မှာ ဓါးတွေ့လို့ဆိုပြီး လက်နက်ဥပဒေ ပုဒ်မ ၂၃(က) တွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရကာ…
-

ပခုက္ကူ မြိုင်နယ်မှာ စစ်အုပ်စု ရဟတ်ယာဉ်တစ်စီးကို တော်လှန်ရေးတပ်တွေ ပစ်ချနိုင်ခဲ့လို ပျက်ကျမီးလောင်
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် တောင်ပိုင်းမှာ ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်အုပ်စုရဟတ်ယာဉ် MI-17 တစ်စီးကို ပစ်ချနိုင်ခဲ့ပြီး ပျက်ကျမီးလောင်နေတယ်လို့ Magway People`s Defence Force-MGY PDF က အတည်ပြုပြောပါတယ်။ ဇွန်လ ၂၃ ရက် နေ့လယ်က မြိုင်မြို့နယ် တစ်နေရာကို လေကြောင်းတိုက်ခိုက်ဖို့ ရောက်ရှိလာတဲ့ Mi17 အမျိုးအစားရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တာဖြစ်ပြီး မီးလောင်ပျက်စီးနေတယ်လို့ Magway People`s Defence Force-MGY PDF က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောပါတယ်။ “မြိုင်နယ်တစ်နေရာမှာ ပစ်ချနိုင်ခဲ့တာပါ၊မီးလောင်ပျက်စီးသွားပါတယ်” လို့ MGY PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မြိုင်မြို့နယ် တောင်ပိုင်းမှာ ရောက်ရှိနေတဲ့စစ်အုပ်စုစစ်ကြောင်းတွေကို ပစ်ကူပေးဖို့ ရောက်ရှိလာတာဖြစ်ပြီး အသေးစိတ်ကိုတော့ ဆက်လက်ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို…
-

ဗျုဟာမှူးအထိုင်ချထားသော စခန်းဒရုန်းဖြင့်တိုက်ခိုက်၊ ဒဏ်ရာရစစ်သားများကို မင်းတုန်းသို့ယူဆောင်သွား
မင်းတုန်းမြို့နယ်မှတဆင့် ရခိုင်ပြည်သို့ ထိုးစစ်ဆင်နေသောအာဏာသိမ်း စစ်တပ်၏ စစ်ကြောင်းတစ်ခုမှ ဗျူဟာမှူးအထိုင်ချထားသောယာယီစခန်းတစ်ခုကို အာရက္ခတပ်တော် (AA)က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်တပ်မှစစ်သား ၂၀ ကျော်ခန့် ဒဏ်ရာရရှိသွားပြီး မင်းတုန်းသို့ ပို့ဆောင်လိုက်ရသည်ဟုသတင်းရရှိသည်။ ဇွန် ၂၁ ရက်နေ့က AA က ဒရုန်းများဖြင့် သဖန်ရောင်၊ဝက်ကော် ၊ပြောင် စသည့်နေရာပတ်ဝန်းကျင်နေရာများတွင်ယာယီတပ်စွဲထားသော နေရာများကိုတိုက်ခိုက်ခဲ့ရာတွင် ထိုသို့ ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။ “ ဒရုန်းတွေနဲ့ တိုက်ရာမှာ ဗျူဟာမှူးကိုယ်တိုင် နေထိုင်တဲ့နေရာကိုထိမှန်သွားတယ်။အခုလို ဗုံးတွေကျပြီး ထိမှန်တော့ သေဆုံးသူတွေလည်း ရှိတယ်လို့သိရတယ်။ဒဏ်ရာရသူတွေကိုတော့ မင်းတုန်းကို ပို့ဆောင်လိုက်ရတယ်”ဟုပြောဆိုသည်။ အာရက္ခတပ်တော်သည်မင်းတုန်းမြို့နယ်အနောက်ခြမ်း ရိုးတောင်အနီးတွင် ထိုးစစ်ဆင်နေသည့် စစ်တပ် စစ်ကြောင်းများကို ဒရုန်းများဖြင့်သာမက စနိုက်ဘာများဖြင့်လည်းပစ်ခတ်မှုရှိနေ၍ အာဏာသိမ်း စစ်တပ်ဘက် အကျအဆုံးများလည်း ရှိနေကြောင်း ၎င်းက ပြောသည်။ ” ဒရုန်းတွေ၊…
-

တိုင်းရင်းသားအဖွဲ့တို့ ထိန်းချုပ်ထားသည့်နယ်စပ်များ ရအောင် ပြန်ယူမည်ဟု မင်းအောင်လှိုင် ပြော
မြန်မာနိုင်ငံ၌ နယ်စပ်ဒေသအများစုကို တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ထားချိန် နယ်စပ်ဒေသစီမံခန့်ခွဲရေး သည် အာဏာသိမ်းအစိုးရနှင့်သာ သက်ဆိုင်ပြီး အစိုးရအချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမည့်ကိစ္စဖြစ်ကြောင်း အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်က တရုတ်နိုင်ငံခရီးစဉ်အတွင်း Phonix မီဒီယာနှင့် အင်တာဗျူး၌ ပြောသည်။ မြန်မာနိုင်ငံ နယ်စပ်ဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသည့် တရုတ်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများ၏ လုံခြုံရေးနှင့် ပတ်သက်၍ မေးခွန်းကို ထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။ အာဏာသိမ်းသမ္မတက “ပွင့်ပွင့်လင်းလင်းပြောရရင် လောလောဆယ် အနေအထားမှာ နယ်စပ်ဒေသလုံခြုံအေးချမ်းရေးက အားနည်းပါတယ်။ ဒါက နှစ်ဖက်အစိုးရတွေ အချင်းချင်း ညှိနှိုင်းဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပါတယ်။ နယ်စပ်ဒေသ စီမံခန့်ခွဲမှုက အစိုးရနဲ့ပဲဆိုင်ပါတယ်။ အစိုးရကပဲ လုပ်လို့ရတယ်။ တခြားအဖွဲ့အစည်းက ဝင်လုပ်လို့မရပါဘူး။ နယ်စပ်ဒေသ စီမံခန့်ခွဲရေးသာမက နယ်စပ်ဒေသကုန်သွယ်ရေးကိစ္စ၊ နှစ်နိုင်ငံ Cross Border Trade နဲ့ပတ်သက်ပြီး အစိုးရကပဲ ဆောင်ရွက်ရမှာဖြစ်ပါတယ်။…