Author: Baby Yit Lone
-

ကိုရင်ငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ပဋိပတ္တိတောရကျောင်း၏ ကျောင်းထိုင်ဘုန်း ကြီး
မြိတ်မြို့နယ်တွင် ကိုရင်ငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ပဋိပတ္တိတောရကျောင်း၏ ကျောင်းထိုင်ဘုန်း ကြီး ဦးတေဇကို လူဝတ်လဲပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်နိုင်သောပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီး၊ အရေးယူသည့် ပုဒ်မများ ထပ်တိုးလာနိုင် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ကိုရင်ငယ်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ပဋိပတ္တိတောရကျောင်း၏ ကျောင်းထိုင်ဘုန်းကြီး ဦးတေဇကို လူဝတ်လဲပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်နိုင်သောပုဒ်မ ၂၉၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း အဆိုပါအမှုကို လိုက်ပါကူညီဆောင်ရွက်နေသော ဆရာတော် ဦးသုနန္ဒက ပြည်သူများသို့ အသိပေးသည်။ ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်း ကိုရင်ငယ်ကို ဦးတေဇက ရက်ရက်စက်စက် လူမဆန်စွာ ရိုက်နှက်ခဲ့သည့် ဗီဒီယိုသည် လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့လာခဲ့သဖြင့် ပြည်သူများအကြား ဝေဖန်မှုများ…
-

ထိုင်းဆုန်ခရန် ၅ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၉၁ ဦး သေဆုံးခဲ့
ထိုင်းဆုန်ခရန် ၅ ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် ၁၉၁ ဦး သေဆုံးခဲ့ပြီး ဘန်ကောက်တွင် သေဆုံးသူ အများဆုံးဖြစ် ချင်းမိုင်ခရိုင်သည် မူးယစ်မောင်းနှင်ခြင်း ချိုးဖောက်မှုအများဆုံးဒေသ ဖြစ် ထိုင်းဆုန်ခရန် ပွဲတော်ကာလ ၅ ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူပေါင်း ၁၉၁ ဦး သေဆုံးခဲ့ပြီး၊ ဘန်ကောက်မြို့သည် သေဆုံးသူ အများဆုံးဒေသ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ထိုင်းအစိုးရသည် ဧပြီ ၁၀ ရက်မှ ၁၄ ရက်အထိ ဆုန်ခရန်အားလပ်ရက်အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အထူးစီမံချက်များဖြင့် ဆောင်ရွက်နေသော်လည်း၊ ၅ ရက်တာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၉၅၁ ကြိမ် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၉၁ ဦး သေဆုံးကာ ၉၁၁ ဦး…
-

ဝင်ကြေး၂၀၀၀၀ နဲ့ ဝန်ကြီးများရုံးထဲကဂျင်းသင်္ကြန်
မာမား ခေါက်ဆွဲဘူးကို ရေနွေးနဲ့ ပြုတ်ပေးတာ ၈၀၀၀ တဲ့ ဝင်ကြေး (၂) သောင်းတောင် ပေးရတာဆိုတော့ လူရှုပ်သက်သာပြီး သီးသန့်ဆန်ဆန် အဆင့်မြင့်မယ်ထင်ပြီး ဝန်ကြီးများရုံး (Secretariat) သင်္ကြန်ကို သွားမိကာမှ တကယ့်ကို အဆိုးဆုံး အတွေ့အကြုံနဲ့ ကြုံခဲ့ရပါတယ်ရှင်။ (မှတ်ချက် – Facebook ၏ ခွဲခြားဆက်ဆံမှု ကင်းရှင်းရေး Community Standards နှင့် မငြိစွန်းစေရန် မူရင်းစာသားမှ အသုံးအနှုန်းအချို့ကို အနည်းငယ် ပြင်ဆင်ရေးသားထားပါသည်။) 💦 သင်္ကြန်မှာ ရေမစိုတဲ့ အဖြစ် သင်္ကြန်ပွဲတော်ဆိုပေမယ့် ပက်စရာရေမရှိလို့ ရေမစိုခဲ့ရတာကတော့ အတော်လေးကို အံ့ဩစရာပါပဲ။ လျှောက်လမ်းတစ်ခုမှာပဲ ရေနည်းနည်းဖျန်းပေးထားပြီး ကျန်တဲ့နေရာတွေ အားလုံးက ခြောက်သွေ့နေတာပါပဲရှင်။ 🎤 အဆိုတော်တွေရဲ့ အလွဲများ နာမည်ကြီး အဆိုတော်တွေ လာမယ်ဆိုပြီး…
-

သမ္မတရာထူး ယူထားသည့် မင်းအောင်လှိုင်နှင့် ၎င်းဦးဆောင်သည့်အဖွဲ့ကို ကြိုဆိုကြောင်း TNLA သဝဏ်လွှာပို့
အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီး၊ နိုင်ငံတကာ၏ ထောက်ခံမှုကို အပြည့်အဝမရခဲ့သည့် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ခေါ်ကာ သမ္မတရာထူးကိုယူထားသည့် ၂၀၂၆ သမ္မတ မင်းအောင်လှိုင်နှင့် ၎င်းဦးဆောင်သည့် အရပ်သားသားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို ကြိုဆိုကြောင်း တအာင်းတပ် TNLA က ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ဂုဏ်ပြုသဝဏ်လွှာပေးပို့လိုက်သည်။ “ဦးမင်းအာင်လှိုင်အား နိုင်ငံတော်သမ္မတတာဝန်ရွေးချယ်ခန့်အပ်ပြီး အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းကို မိမိတို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF) မှ ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့အပ်ပါသည်” ဟု တအာင်းတပ်၏ ဂုဏ်ပြုသဝဏ်လွှာတွင် ရေးသားထားသည်။ ထို့ပြင် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ‘ငြိမ်းချမ်းစွာ’ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ထားကြောင်းလည်း PSLF ၏ သဝဏ်လွှာတွင် ဖော်ပြသည်။ “မြန်မာ့တပ်မတော်နဲ့အတူ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်၏ မြန်မာအစိုးရသစ်နှင့်…
-

မလေးရှားသို့ သွားရာလမ်းတွင် သေဆုံးသွားသူ ချင်းလူငယ်၏ရုပ်အလောင်း နေရပ်ပြန်သယ်နိုင်ရေးအတွက် မိသားစုဝင်များလိုက်သွား
မျှော်လင့်ချက်တွေနဲ့ ထွက်ခွာခဲ့ပေမယ့် အဆုံးသတ်မှာ ကြေကွဲခဲ့ရတဲ့ သူငယ်ချင်း (၄) ယောက် ”မလေးရှားမှာ အလုပ်လုပ်ပြီး မိသားစုကို လုပ်ကျွေးမယ်” ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ့်ရပ်ကိုယ်ရွာကနေ အတူတူထွက်လာခဲ့ကြတဲ့ တီးတိန်မြို့နယ်က လူငယ်လေး (၄) ယောက်… ဒါပေမဲ့ လမ်းခုလတ်မှာတင် အောက်ဆီဂျင်ပြတ်လပ်ပြီး သူငယ်ချင်းတစ်ယောက် ဆုံးရှုံးခဲ့ရပါတယ်။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က မြန်မာပြည်ကနေ ထွက်ခွာလာပြီး လမ်းမှာ ပွဲစားကားက လူတွေကို အဆမတန် ပြည့်ကျပ်စွာ တင်ဆောင်လာတာကြောင့် လေဝင်လေထွက်မရဘဲ Tg. Pau Lam Kim တစ်ယောက် အသက်ရှူကျပ်ပြီး ကွယ်လွန်သွားခဲ့တာပါ။ သူငယ်ချင်းတစ်ယောက် သေဆုံးသွားတာကို မြင်လိုက်ရတဲ့ Kap Lian Kim လည်း စိတ်ရှော့ခ်ဖြစ်ပြီး သတိလစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ…