Author: Baby Yit Lone
-

မိဘတွေသဘောမတူခဲ့တဲ့ကြားထဲက ကြိုးစားပြီး နိုင်ငံလက်ရွေးစင်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ နန်းစနေမ
မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရတာ ကျွန်မအတွက်တော့ အိမ်မက်တစ်ခုလိုပါပဲ” – နန်းစနေမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ နန်းစနေမကတော့ စိတ်လှုပ်ရှားဂုဏ်ယူနေပါတယ်။ “ဒီနေရာကိုရောက်ဖို့အထိ မိသားစုနဲ့ ရွာကလူတွေအားလုံးက အမြဲတမ်း အားပေးကူညီခဲ့ကြပါတယ်။ အခုလို လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရတာဟာ ကျွန်မရဲ့ အိမ်မက်တစ်ခု ပြည့်ဝသွားတာပါ” လို့ သူမက ရင်ဖွင့်ပြောကြားပါတယ်။ ပထမဆုံး နိုင်ငံတကာပွဲစဉ်ကို ရင်ဆိုင်ရတော့မယ့် သူမအနေနဲ့ စိုးရိမ်မှုတွေရှိနေပေမဲ့လည်း အကောင်းဆုံး ကြိုးစားသွားဖို့ ပြင်ဆင်နေပါတယ်။ “ပထမဆုံးပွဲဆိုတော့ စိုးရိမ်စိတ်လေးတော့ ရှိနေပါတယ်။ ဒါပေမဲ့ အသင်းအတွက် အကောင်းဆုံး ကြိုးစားကစားသွားမှာပါ” လို့ နန်းစနေမက ဆက်လက်ပြောပါတယ်။ မြန်မာ့အမျိုးသမီးဘောလုံးလောကရဲ့ မျိုးဆက်သစ်ကြယ်ပွင့်လေး နန်းစနေမရဲ့ ခြေစွမ်းကို စောင့်မျှော်အားပေးလိုက်ရအောင်။
-

လုပ်ငန်းခွင် ထိခိုက်ခဲ့သူကို ဆေးရုံမပို့ဘဲ ဘုန်းကြီးကျောင်းပို့ သင်္ဂြိုလ်
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ဖနတ်နိခွန်တွင် ရှိသော ဆောက်လုပ်ရေးလုပ်ငန်းတွင်အလုပ် လုပ်နေသော မြန်မာအလုပ်သမား(PJ)စာအုပ်ကိုင်ဆောင်ထားသူ မောင်လှိုင်မြင့်အသက်(29)နှစ်သည် ထိုအလုပ်တွင်အလုပ်လုပ်နေသည်မှာ (2)နှစ်သက်တမ်းကြာပြီဟုဆိုသည်။ မောင်လှိုင်မြင့်သည် (06.06.2026)ရက်နေ့၊ မွန်းလွဲ(2:00)အချိန်ခန့်တွင် လုပ်ငန်းခွင် အတွင်း အလုပ်လုပ်နေရင်း အမိုးလိုင်းအပေါ်မှပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရာမှ လူနာအားဆေးရုံသို့ပို့ဆောင်ပေးခြင်းမရှိဘဲ ဘုန်းကြီးကျောင်းသို့သယ်ဆောင်ပြီး သင်္ဂြိုလ်ပစ်လိုက်သည်ဟုဆိုသည်။ သေဆုံးသူသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊တောင်သာမြို့နယ် ၊အရာတော်ကျေးရွာသားတစ်ဦးသည်။ “မောင်လှိုင်မြင့်နှင့်အတူ အလုပ်အတူလုပ်ကိုင်နေသော သူများ၏ ပြောပြချက်အရ ဆိုဒ်က တာဝန်ရှိသူတွေက ဒဏ်ရာရလူနာအား ဆေးရုံပို့ပေးမည်ဟု ပြောပြီး ခေါ်သွားကာ ဘုန်းကြီးကျောင်းကိုပို့ဆောင်လိုက်ကြတာ၊ ခုချိန်ထိ ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ပဲ အားလုံးက ထင်ကြတာပေါ့” ဟုပြောသည်။ ထိုကိစ္စနှင့်ပတ်သက်၍ သေဆုံးသူ၏မိသားစုဝင်များက မကျေနပ်သောကြောင့် သေမှုသေခင်းနှင့်ပတ်သက်ပြီးမည်သို့လုပ်ဆောင်ရမည်ကိုနားမလည်သဖြင့် ကူညီဆောင်ရွက်ပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာသဖြင့် (07.06.2026)ရက်နေ့၊မွန်းလွဲ(2:00)နာရီတွင်အမှု ကိုလက်ခံခဲ့ပါသည်။
-

ဖခင်နေရာကို ဆက်ခံပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို စိန်ခေါ်တဲ့ ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ
ပေါင်းတလည်တွင် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံသူ သားဖြစ်သူ စိုင်းသီဟ ဖမ်းဆီးစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွင် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံထားသူ ၎င်း၏သားဖြစ်သူ ပျူစောထီး စိုင်းသီဟ (ခ) ချိုကြီးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံရစဉ် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၁) စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ၏ ပြောကြားချက်အရ သိရသည်။ ဇွန်လ ၄ ရက်နေ့တွင် ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင် ခွေးရဲရွာမအုပ်စု၊ ချဉ့်ရုတ်ကုန်းရွာ၌ နေထိုင်သော စိုင်းသီဟသည် ပေါင်းတလည်မြို့မရဲစခန်းမှ ရွာသို့ ပြန်လာစဉ် ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁) တပ်ခွဲ (၃)…
-

မွေးမြူထားတဲ့ မျောက်က ကိုက်လို့ ၆ နှစ်အရွယ် ကလေးငယ် သေဆုံး
ထိုင်းမှာ ကြိုးချည်ပြီး မွေးမြူထားတဲ့ မျောက်က ကိုက်လို့ ၆ နှစ်အရွယ် ကလေးငယ် သေဆုံး ထိုင်းနိုင်ငံ နခွန်စီသမ္မရတ်ခရိုင် စီချွန်မြို့နယ်အတွင်းရှိ နေအိမ်တလုံးဘေးမှာ ကြိုးရှည်နဲ့ ချည်ပြီ မွေးမြူထားတဲ့ မျောက်တကောင်က တိုက်ခိုက်ခဲ့လို့ ၆ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၆ ရက် နံနက်ပိုင်းက နခွန်စီသမ္မရတ်ခရိုင် စီချွန်မြို့နယ် သက်ရတ်ကျေးရွာအုပ်စု၊ ခေါဝ်ယွမ်ထောင်ကျေးရွာမှာ အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သေဆုံးသူ ကလေးငယ်ဟာ အသက် ၆ နှစ်အရွယ် ပထမတန်း တက်ရောက်နေသူ ဖြစ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့က ကလေးငယ်ဟာ မျောက်ကို ချည်ထားတဲ့ နေရာအနီးမှ ဖြတ်သန်းသွားစဉ် မျောက်ရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်ကာ မျောက်ရဲ့ ကိုက်ခဲမှုကြောင့်…
-

မြစ်ခြေမြို့က လူသတ်ပွဲ
မီးတွေတဝုန်းဝုန်းလောင်နေတဲ့ မြစ်ခြေမြို့ပေါ်တနေရာ။ မီးရှို့ပြီးအောင်ပွဲခံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရှေ့မှာ သတ်ဖြတ်ခံထားတဲ့ ပြည်သူတွေရဲ့ရုပ်အလောင်းတွေ ပြန့်ကြဲနေတယ်။ ဒါ့အပြင် စစ်အုပ်စုအလယ်မှာ ဖမ်းဆီးခံထားရတဲ့ ပြည်သူလေးယောက်လည်း ရှိနေတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက စစ်ကြောင်းမှူးကို ဒီလူတွေကို ဘာလုပ်လိုက်ရမလဲမေးတယ်။ စစ်ကြောင်းမှူးက “အကုန်လုံးကို သတ်ပစ်လိုက်”လို့ ပြောလိုက်တယ်။ အာဏာသိမ်းစစ်တပ်က စစ်သားတွေက အဲဒီလူ ၄ ယောက်ကို ပြေးခိုင်းတယ်။ “ပြောရင်အမဲလိုက်သလိုဗျာ။”လို့ မြစ်ခြေဒေသခံတစ်ဦးက ပြောတယ်။ အဲဒီလူ ၄ ယောက်လည်း အသက်ပျောက်သွားခဲ့ရတယ်။ အဲဒါပြီးတဲ့အချိန်မှာ သူတို့ဖမ်းထားတဲ့အထဲမှာပါတဲ့ ကိုရင်ကြီးတစ်ပါးကိုလည်း ထပ်ပြီးထွက်ပြေးခိုင်းတယ်။ စောစောက လူလေးယောက်ကို သတ်သလို အမဲလိုက်ဖို့။ အဲကိုရင်ကြီးက “မင်းတို့ငါ့ကိုသတ်ချင်လည်း ဒီနားသာသတ်ပစ်လိုက်”ဆိုပြီးပြောလိုက်တယ်။ စစ်ကောင်စီတပ်သားတွေဟာ ကိုရင်ကြီးရဲ့ လက်တွေကိုဓါးတွေနဲ့ မွှန်းပြီးတော့ အပ်ချိတ်တွေနဲ့ ချုပ်လိုက်ပါတော့တယ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာပါတဲ့ မြစ်ခြေမြို့လေးဟာယူနက်စကိုစာရင်းဝင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေပုဂံနဲ့ ဧရာဝတီမြစ်ခြားပြီးတည်ရှိပါတယ်။ ပုဂံနဲ့…