Author: Baby Yit Lone

  • ပဲခူးတိုင်း ဖြူးနှင့်ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၈၀၀ ထက်မနည်းပို့ထား

    ပဲခူးတိုင်း ဖြူးနှင့်ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၈၀၀ ထက်မနည်းပို့ထား

    ပဲခူးတိုင်း ဖြူးနှင့်ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်အင်အား ၈၀၀ ထက်မနည်းပို့ထား၊ ဆေးမှူးများပါ၀င်ပြီး တိုင်းမှူးတစ်ဦးလည်း လာရောက်ကွပ်ကဲ ပဲခူးတိုင်းဖြူးမြို့နယ်နှင့်ကျောက်တံခါးမြို့နယ်အတွင်း ဇွန်လ ၆ရက်နေ့လယ်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ တပ်သားအင်အား ၈၀၀ ထက်မနည်းပို့ဆောင်ထားတယ်လို့ KNLAစစ်ရေး သတင်းအရင်းမြစ်တစ်ဦးထံမှသိရှိရသည်။ အဆိုပါပို့ဆောင်ထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များသည် နေပြည်တော်၊ တောင်ငူဘက်မှ ဆင်းလာပြီး အင်အား ၂ဖွဲ့ခွဲပို့ဆောင်ထားသည်ဟု အဆိုပါသတင်းအရင်းမြစ်ကဆိုသည်။ ပဲခူးတိုင်းဖြူးမြို့နယ်တွင် ခလရ ၅သို့တပ်အင်အား၄၀၀ထက်မနည်းပို့ဆောင်ထားပြီး ဆေးမှူးများ ပါဝင်သည့်အပြင် ခလရ ၅တပ်တွင်းတွင် တိုင်းမှူးတစ်ဦးလည်း လာရောက်ကွပ်ကဲနေသည်ဟု အထက်ပါသတင်းအရင်းမြစ်ကဆိုသည်။ အင်အား၄၀၀ကျော်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညောင်ပင်သာဘက်သို့ စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်ရန်ရှိနေသည်ဟု အဆိုပါ KNLA သတင်းမြစ်မှပြောပါသည်။ ဒါ့အပြင် တပ်အင်အား၈၀၀ထက်မနည်းပို့ဆောင်ထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲမှ ၄၀၀ခန့်သည် ကျောက်တံခါးမြို့နယ် စစ်တောင်းမြစ်အနောက်ဘက်ရန်ကုန်-မန္တလေးလမ်းဟောင်း ပဲနွယ်ကုန်း အခြေစိုက် ခမရ ၃၀၇ ရွှေဝါတပ်ရင်းသို့ ပို့ဆောင်ထားသည်ဟု အထက်ပါ သတင်းရင်းမြစ်မှပြောပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည်…

  • တောင်ကြီးမြို့ ဓါးခုတ်မှု

    တောင်ကြီးမြို့ ဓါးခုတ်မှု

    ဝိုင်းရှယ်ပေးကြပါရှင် 🙏🙏🙏 အမေအိုကို ဆဲလို့တို့ ဂေါက်ရိုက်တံနဲ့ လာသောင်းကျန်းလို့တို့ ရေးထားတဲ့ ယောက်ျားတန်မဲ့ ကလိမ်ဆင်ရေးတဲလူတွေမြင်ရအောင်တင်ပေးလိုက်ပါတယ် ပြသနာစဖစ်ပုံ (ကျမသည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ကန်အောက်ရပ် အမှတ် ၂၈ နေ အလမ္မာစတိုးနှင့် sister so cute ရဲ အိမ်ပိုင်ရှင်ဖစ်ပါတယ်ရှင် ၃ ရက်နေ့ ည ၈နာရီခန့်တွင့် ကျမအကိုနှင့် ကျမအမေ တို့မှ ကျမစီ ရန်ကုန်မှ လာလည်ခဲ့ရာ ည ၈ နာရီချိန်တွင် တောင်ကြီးမြို့သို့ရောက်ရှိခဲ့ပီး ကျမ၏တစ်အိမ်ကျော် နေခြည်စတိုး (ခ) အောင်ဆေးခန်းအိမ်နှင့် ရှေ့ကားလမ်းတစ်လမ်းခြား စည်ပင်ဘောင်တွင်ကားရပ်ခဲ့သည် ရပ်နားချိနမှာ ၅ မိနစ်မျှပင်မရှိသေ ထိုအိမ်မှ အန်တီ တစ်ယောက်ထွက်လာ၍ ကျမအကိုကို “ကာူဖယ်ပေးငါတို့မနက် ကားရပ်မှာဟု “လာရောက်ပြောကြားခဲ့သည် ထို့ အချိန်တွင်…

  • မိဘတွေသဘောမတူခဲ့တဲ့ကြားထဲက ကြိုးစားပြီး နိုင်ငံလက်ရွေးစင်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ နန်းစနေမ

    မိဘတွေသဘောမတူခဲ့တဲ့ကြားထဲက ကြိုးစားပြီး နိုင်ငံလက်ရွေးစင်အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ နန်းစနေမ

    မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရတာ ကျွန်မအတွက်တော့ အိမ်မက်တစ်ခုလိုပါပဲ” – နန်းစနေမ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ နန်းစနေမကတော့ စိတ်လှုပ်ရှားဂုဏ်ယူနေပါတယ်။ “ဒီနေရာကိုရောက်ဖို့အထိ မိသားစုနဲ့ ရွာကလူတွေအားလုံးက အမြဲတမ်း အားပေးကူညီခဲ့ကြပါတယ်။ အခုလို လက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရတာဟာ ကျွန်မရဲ့ အိမ်မက်တစ်ခု ပြည့်ဝသွားတာပါ” လို့ သူမက ရင်ဖွင့်ပြောကြားပါတယ်။ ပထမဆုံး နိုင်ငံတကာပွဲစဉ်ကို ရင်ဆိုင်ရတော့မယ့် သူမအနေနဲ့ စိုးရိမ်မှုတွေရှိနေပေမဲ့လည်း အကောင်းဆုံး ကြိုးစားသွားဖို့ ပြင်ဆင်နေပါတယ်။ “ပထမဆုံးပွဲဆိုတော့ စိုးရိမ်စိတ်လေးတော့ ရှိနေပါတယ်။ ဒါပေမဲ့ အသင်းအတွက် အကောင်းဆုံး ကြိုးစားကစားသွားမှာပါ” လို့ နန်းစနေမက ဆက်လက်ပြောပါတယ်။ မြန်မာ့အမျိုးသမီးဘောလုံးလောကရဲ့ မျိုးဆက်သစ်ကြယ်ပွင့်လေး နန်းစနေမရဲ့ ခြေစွမ်းကို စောင့်မျှော်အားပေးလိုက်ရအောင်။

  • လုပ်ငန်းခွင် ထိခိုက်ခဲ့သူကို ဆေးရုံမပို့ဘဲ ဘုန်းကြီးကျောင်းပို့ သင်္ဂြိုလ်

    လုပ်ငန်းခွင် ထိခိုက်ခဲ့သူကို ဆေးရုံမပို့ဘဲ ဘုန်းကြီးကျောင်းပို့ သင်္ဂြိုလ်

    ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ဖနတ်နိခွန်တွင် ရှိသော ဆောက်လုပ်ရေးလုပ်ငန်းတွင်အလုပ် လုပ်နေသော မြန်မာအလုပ်သမား(PJ)စာအုပ်ကိုင်ဆောင်ထားသူ မောင်လှိုင်မြင့်အသက်(29)နှစ်သည် ထိုအလုပ်တွင်အလုပ်လုပ်နေသည်မှာ (2)နှစ်သက်တမ်းကြာပြီဟုဆိုသည်။ မောင်လှိုင်မြင့်သည် (06.06.2026)ရက်နေ့၊ မွန်းလွဲ(2:00)အချိန်ခန့်တွင် လုပ်ငန်းခွင် အတွင်း အလုပ်လုပ်နေရင်း အမိုးလိုင်းအပေါ်မှပြုတ်ကျပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရာမှ လူနာအားဆေးရုံသို့ပို့ဆောင်ပေးခြင်းမရှိဘဲ ဘုန်းကြီးကျောင်းသို့သယ်ဆောင်ပြီး သင်္ဂြိုလ်ပစ်လိုက်သည်ဟုဆိုသည်။ သေဆုံးသူသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊တောင်သာမြို့နယ် ၊အရာတော်ကျေးရွာသားတစ်ဦးသည်။ “မောင်လှိုင်မြင့်နှင့်အတူ အလုပ်အတူလုပ်ကိုင်‌နေသော သူများ၏ ပြောပြချက်အရ ဆိုဒ်က တာဝန်ရှိသူတွေက ဒဏ်ရာရလူနာအား ဆေးရုံပို့ပေးမည်ဟု ပြော‌ပြီး ခေါ်သွားကာ ဘုန်းကြီးကျောင်းကိုပို့ဆောင်လိုက်ကြတာ၊ ခုချိန်ထိ ဆေးရုံမှာ ဆေးကုသပေးနေတယ်လို့ပဲ အားလုံးက ထင်ကြတာပေါ့” ဟုပြောသည်။ ထိုကိစ္စနှင့်ပတ်သက်၍ သေဆုံးသူ၏မိသားစုဝင်များက မကျေနပ်သောကြောင့် သေမှုသေခင်းနှင့်ပတ်သက်ပြီးမည်သို့လုပ်ဆောင်ရမည်ကိုနားမလည်သဖြင့် ကူညီဆောင်ရွက်ပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီတောင်းခံလာသဖြင့် (07.06.2026)ရက်နေ့၊မွန်းလွဲ(2:00)နာရီတွင်အမှု ကိုလက်ခံခဲ့ပါသည်။

  • ဖခင်နေရာကို ဆက်ခံပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို စိန်ခေါ်တဲ့ ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

    ဖခင်နေရာကို ဆက်ခံပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို စိန်ခေါ်တဲ့ ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

    ပေါင်းတလည်တွင် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံသူ သားဖြစ်သူ စိုင်းသီဟ ဖမ်းဆီးစဉ် ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး ပဲခူးတိုင်း၊ ပေါင်းတလည်မြို့တွင် ပျူစောထီးခေါင်းဆောင် လှမြင့်၏နေရာကို ဆက်ခံထားသူ ၎င်း၏သားဖြစ်သူ ပျူစောထီး စိုင်းသီဟ (ခ) ချိုကြီးသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းကို ခံရစဉ် ပြန်လည်ခုခံထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း (၁) စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow ၏ ပြောကြားချက်အရ သိရသည်။ ဇွန်လ ၄ ရက်နေ့တွင် ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင် ခွေးရဲရွာမအုပ်စု၊ ချဉ့်ရုတ်ကုန်းရွာ၌ နေထိုင်သော စိုင်းသီဟသည် ပေါင်းတလည်မြို့မရဲစခန်းမှ ရွာသို့ ပြန်လာစဉ် ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း (၁) တပ်ခွဲ (၃)…