Author: Baby Yit Lone
-

စဥ့်ကူးအတွက် TRI ရဲ့ ရာဇသံ
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၁၄)ရက် စဉ့်ကူးမြို့နယ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ အုပ်ချုပ်ရေးနယ်မြေတွင် နေထိုင်ကြသော အများပြည်သူများ သိရှိစေရန် ထုတ်ပြန်ကြေညာချက် ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းသည် အကြမ်းဖက်စစ်ကောင်စီများ လှုပ်ရှားသွားလာ အုပ်ချုပ်ရာ နယ်မြေဖြစ်သည့်အတွက် ကျွန်ုပ်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့ စစ်ရေး လှုပ်ရှားမည့်၊ လက်နက်ကြီးငယ် ပစ်ခွင်းမည့်နယ်မြေဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရန်သူ့နယ်မြေဖြစ်သည့် စဉ့်ကူးမြို့နယ် ၊ ဧရာဝတီမြစ်၏ အရှေ့ဖက်ကမ်းတွင် နေထိုင်ကြသည့် ပြည်သူများအနေဖြင့် စစ်ဖြစ်သည့် ကာလဖြစ်သည့်အတွက် အကြမ်းဖက်စစ်ကောင်စီ အထိုင်ချနေရာများနှင့် လွတ်ကင်းရာနေရာဒေသများသို့ ခေတ္တပြောင်းရွှေ့ နေထိုင်ကြပါရန် ယခု ထုတ်ပြန်သည့် နေ့မှစ၍ စစ်မအေးခင်ကာလအထိ (သို့မဟုတ်) တပ်မှ စစ်အေးကာလဖြစ်ကြောင်း ပြန်လည်ရွေ့ပြောင်းနေထိုင်လို့ရပြီဟု မထုတ်ပြန်ခင်ကာလအထိ…
-

ဓာတ်ဆားဆိုတိုင်း ကြုံရာ ကောက်မသောက်ပါနဲ့
ဝမ်းပျက်ဝမ်းလျှောဖြစ်ချိန် ဓာတ်ဆားဆိုတိုင်း ကောက်မသောက်ပါနဲ့ (ဘယ်အမျိုးအစားက သင့်အတွက် အမှန်ကန်ဆုံးလဲဆိုတာ အခုပဲ ကြည့်လိုက်ပါ) လက်ရှိ အချိန်မှာ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ အဖြစ်များနေတဲ့အတွက် အိမ်တိုင်းမှာ ဓာတ်ဆားထုပ်တွေကို မဖြစ်မနေ ဆောင်ထားကြပါတယ်။ ဒါပေမယ့် အရေးကြီးဆုံး သိထားရမယ့် အချက်တစ်ခုက “ဓာတ်ဆားရေ သောက်ပါ” ဆိုတိုင်း တွေ့တဲ့ ဓာတ်ဆားကို ကောက်သောက်လိုက်လို့ လုံးဝ (လုံးဝ) မရပါဘူး။ အထူးသဖြင့် ဝမ်းရောဂါဖြစ်နေချိန်မှာ ဓာတ်ဆားမှားသောက်မိရင် ရောဂါပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေရဲ့ အကြံပြုချက်အရ ဘယ်ဓာတ်ဆားထုပ်က ဘယ်လို အခြေအနေအတွက် ထုတ်လုပ်ထားတာလဲ ဆိုတာကို ကွဲကွဲပြားပြား သိနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ BPI အပြာထုပ် (သာမန်လူများအတွက်) လက်ရှိ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသူတွေ အဓိက သောက်သုံးရမယ့် ဓာတ်ဆားကတော့ BPI…
-

ရေကြီးစဉ် အိမ်စောင့်ကျန်ခဲ့ကြတဲ့ သက်ကြီးရွယ်အိုများ
မြင်းမူတွင် ရေကြီးစဉ် အိမ်စောင့်ကျန်ခဲ့သည့် သက်ကြီးရွယ်အိုများအတွက် ရိက္ခာပို့ဆောင်ရန် အခက်အခဲဖြစ် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေစဉ် ကယ်ဆယ်ရေးလှေ မလုံလောက်မှုကြောင့် သက်ကြီးရွယ်အို အချို့မှာ ရေဘေးလွတ်ရာသို့ လိုက်ပါခြင်းမရှိဘဲ အိမ်စောင့်အဖြစ် ကျန်ရစ်ခဲ့ကြကြောင်း သိရသည်။ မြင်းမူမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ အိမ်ထောင်စု ၃,၀၀၀ နီးပါးမှ လူဦးရေ ၁၅,၀၀၀ နီးပါး ရေဘေးသင့်နေကြောင်း သိရသည်။ “အဖိုးအဖွား အရွယ်တွေ ကျန်ခဲ့တာပါ။ ကယ်ဆယ်ရေးလှေ မလောက်တာရောကြောင့် သူတို့က အိမ်စောင့်နေမယ်ဆိုပြီး နေခဲ့ကြတာပေါ့။ အခက်အခဲကတော့ အခု ရေစီးကြမ်းနေတဲ့ နေရာတွေမှာ ကျန်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေအတွက် ရိက္ခာ ပို့ပေးနိုင်ဖို့ ခက်ခဲနေတာပါ။ ကျန်ခဲ့တဲ့ ဦးရေတော့ မမှတ်နိုင်ခဲ့ပါဘူး၊ ရေစီးသန်နေတော့ အဲဒီဘက်ရွာတွေထဲ ဝင်လို့မရသေးတော့လေ” ဟု Vitamins…
-

ရွှေထုပ်တစ်ထုပ် ကောက်ရထားလို့ အမြန်ဆက်သွယ်ပါရန်
အမြန်လမ်း (၁၁၅) မိုင်မှာ ရွှေတွေပါတဲ့ အထုပ်ကြီးကို မေ့ကျန်ခဲ့သူရှိရင် အမြန်ဆုံး လာဆက်သွယ်ကြပါ ခရီးသွားရင်းနဲ့ တန်ဖိုးကြီးပစ္စည်းတွေ မေ့ကျန်ခဲ့တာမျိုး၊ ပြုတ်ကျပျောက်ဆုံးတာမျိုးတွေ ခဏခဏ ကြုံရတတ်ပါတယ်။ အခုလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ခရီးသွားရင်း ရွှေထုပ်ကြီး မေ့ကျန်ခဲ့တဲ့ သူတစ်ဦးအတွက် တကယ့်ကို ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခု ထွက်ပေါ်လာပါတယ်။ အမြန်လမ်း ၁၁၅ မိုင်မှာ ရွှေထုပ် ကောက်ရထား ဒီကနေ့ ဩဂုတ်လ (၁၄) ရက် နံနက်ပိုင်းမှာပဲ နာမည်ကြီး ဆီဆိုင်တစ်ခုဖြစ်တဲ့ DENKO ဆီဆိုင် ကနေ သူတို့ရဲ့ တရားဝင် Facebook စာမျက်နှာထက်မှာ အရေးပေါ် ကြေညာချက်တစ်ခုကို ရုတ်တရက် ထုတ်ပြန်လာပါတယ်။ အဲဒါကတော့ DENKO ဖြူး (အမြန်လမ်း ၁၁၅ မိုင်) ဆီဆိုင်မှာ…
-

ဟန်ဆောင်ပြုပြင်မှုတွေလုပ်ပြနေပေမယ့် အခြေအနေ ပိုဆိုးလာတဲ့ လေးမျက်နှာမြို့နယ်
လေးမျက်နှာမြို့နယ်၊ ငဝန်မြစ်ရေကာတာကျိုးပေါက်မှု စစ်တပ်က ပြုပြင်နေသည်ဟုဆိုသော်လည်း မြစ်ရေများ ထပ်မံဝင်ရောက်လာသဖြင့် ရေဘေးအခြေအနေပြန်လည်ဆိုးလာ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာကျိုးပေါက်ပြီး ရေဝင်ရောက်မှုကို စစ်ကောင်စီတပ်နှင့် သက်ဆိုင်ရာအဖွဲ့များက ပြုပြင်ထိန်းချုပ်နေသော်လည်း ငဝန်မြစ်ရေ ပြန်လည်မြင့်တက်လာခြင်းကြောင့် တာကျိုးနေရာမှ ရေဝင်အား ပြန်လည်မြင့်တက်လာပြီး ရေဘေးအခြေအနေ ပိုမိုဆိုးရွားလာနေကြောင်း ပရဟိတအဖွဲ့များနှင့် ရေဘေးအခြေအနေ စောင့်ကြည့်လေ့လာနေသူများထံမှ သိရသည်။ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်အစောပိုင်း ငဝန်မြစ်ရေကာတာကျိုးပေါက်ပြီးနောက် ရေအနည်းငယ် ကျဆင်းခဲ့သော်လည်း ဩဂုတ်လ ၁၁ ရက်နေ့မှစတင်၍ ရေပြန်လည်မြင့်တက်လာပြီး ရေတိုးဝင်မှုများ ပြန်လည်ဖြစ်ပေါ်နေကြောင်း၊ ရေဘေးအခြေအနေမှာလည်း ဆိုးရွာနေဆဲဖြစ်ကြောင်း သိရသည်။ “ရေက ပြန်တက်လာတယ်။ လွန်ခဲ့တဲ့ ၁ ရက်၊ ၂ ရက်လောက်က ကျနေတဲ့ရေက ပြန်တက်လာတယ်။ ရေပြန်တိုးလာတယ်။ တာကျိုးတာကို ပြင်နေတာက မအောင်မြင်သလို ဖြစ်နေတယ်”…