Author: Baby Yit Lone
-

အသင်းရဲ့ ခြစားမှုတွေကို ရဲဝံ့စွာ မကြောက်မရွံ့ ထုတ်ဖော်ခဲ့တဲ့ ဒီဇင်ဘာနှင်း
သစ္စာအားမာန်အသင်းရဲ့ ခြစားမှုတွေကို ရဲဝံ့စွာ မကြောက်မရွံ့ ထုတ်ဖော်ခဲ့တဲ့ ဒီဇင်ဘာနှင်းကတော့ သတ္တိရှိခြင်းရဲ့ အကျိုးကို ခံစားသွားခဲ့ရပါပြီ။ မှန်တာ ပြောရင် လူမုန်းများတတ်တဲ့ ရွှေပြည်ကြီးမှာ မှန်တာပြောခဲ့လို့ ဒီဇင်ဘာနှင်း တယောက် ပဏာမ မြန်မာ့လက်ရွေးစင်အသင်းမှာ ရွေးချယ် မခံခဲ့ရပါဘူး။ သစ္စာအားမာန်အသင်းရဲ့ နောက်တန်းမှာ ခြေစွမ်းပြနေတဲ့ ဒီဇင်ဘာနှင်းကို လက်ရွေးစင် အသင်းမှာ မရွေးချယ်ရင်တောင် ပဏာမအသင်းမှာတော့ ပါကို ပါရမှာ ဖြစ်ပါတယ်။ ယခု ပဏာမ လူစာရင်းကို အသစ်ရောက်လာတဲ့ အင်္ဂလန်နည်းပြကြီးက ရွေးချယ်တာ မဟုတ်ပါဘူး။ ပြည်တွင်းက နည်းပြအဖွဲ့ဝင်တွေက ရွေးချယ်တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီဇင်ဘာနှင်း မပါခြင်းဟာ ခြေစွမ်းကြောင့် မဟုတ်ဘဲ အညှိုးအတေးကြောင့်ဆိုတာ သိသာသွားပါပြီ။ ဒီလို ပုံစံ၊ ဒီလို အချိုးမျိုးနဲ့ကတော့ အင်္ဂလန်နည်းပြ မကလို့…
-

YBS ကားခတွေ တက်မယ့်ကိစ္စကို ရုတ်တရက် ပြန်လည် ပယ်ဖျက်လိုက်ပြီ
YBS ကားခတွေ တက်မယ့်ကိစ္စကို ရုတ်တရက် ပြန်လည် ပယ်ဖျက်လိုက်ပြီလို့ YRTC တရားဝင် အတည်ပြု လာမယ့် စက်တင်ဘာလ (၁) ရက်နေ့ကစပြီး YBS ယာဉ်စီးခတွေ တက်တော့မယ်ဆိုတဲ့ သတင်းကြောင့် နေ့စဉ် ဘတ်စ်ကားစီးပြီး သွားလာနေရတဲ့ ရန်ကုန်မြို့က ခရီးသွားပြည်သူတွေကြားမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေခဲ့တာပါ။ ဒါပေမဲ့ ဒီကနေ့ (ဩဂုတ်လ ၁၆ ရက်) မှာတော့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ကနေ အားလုံး မျှော်လင့်မထားတဲ့ အရေးပေါ် ကြေညာချက်တစ်ခုကို ရုတ်တရက် ထုတ်ပြန်လာခဲ့ပါတယ်။ ယာဉ်စီးခ တိုးမြှင့်မယ့် အစီအစဉ် ရုတ်တရက် ပယ်ဖျက် အရင်က ထုတ်ပြန်ထားတဲ့ အစီအစဉ်အရ လက်ရှိ (၂၀၀) ကျပ် ကောက်ခံနေတဲ့ ယာဉ်လိုင်းတွေကို…
-

ရေနစ်တဲ့ ညီဖြစ်သူကိုကယ်တင်ရင်း ကိုယ်တိုင်နစ်မြုပ်ခဲ့ရတဲ့ကျောင်းဆရာ DB ပြန်တွေ့
စစ်ကိုင်းရေဘေးအတွင်း ရေနစ်သည့် ညီဖြစ်သူကို ကယ်ဆယ်ရာမှ ရေနစ်သေဆုံးသွားသည့် ကျောင်းဆရာ ရုပ်အလောင်း ပြန်တွေ့ ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့် စစ်ကိုင်းမြို့နယ်၊ ဧရာဝတီမြစ်ကမ်းအနီးရှိ မြင်းဆည်ရွာ၌ ရေနစ်နေသည့် ညီဖြစ်သူအား ဆယ်ယူရင်း ရေနစ်သွားသည့် ကျောင်းဆရာ၏ ရုပ်အလောင်းအား ပြန်တွေ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ထိုဖြစ်စဉ်မှာ ဩဂုတ်လ ၁၄ ရက်နေ့က မြင်းဆည်ရွာအနီး ဧရာဝတီမြစ်ရေ စီးဝင်သည့် ချောင်းတခုအနီး ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ရေနစ်သူမှာ ကျောင်းသားအရွယ်ဖြစ်ပြီး ၎င်းအားဆယ်ယူကာ လှေပေါ်တင်ပေးပြီးနောက် ကျောင်းဆရာမှာ ရေနစ်မြုပ်သွားခြင်း ဖြစ်သည်။ ကျောင်းဆရာ၏ အမည်မှာ ဦးရှင်းသန့်ဇော်ဖြစ်ပြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ ကိုယ်ထူကိုယ်ထ မြေပြင်ကျောင်းတခု၌ စေတနာ့ဝန်ထမ်းအဖြစ် စာသင်ပေးနေသူဟုလည်း သိရသည်။ “သူနစ်သွားတဲ့နေရာမှာပဲ ပြန်တွေ့တာပါရှင်။ ကျောင်းဆရာက နှလုံးစက်တပ်ထားရသူပါ။ ရေနစ်တဲ့ကလေးက သူ့ညီပါ၊ စိတ်ပုံမှန်မဟုတ်တဲ့ကလေးလို့…
-

စိနတိုင်းမှာ ကိုဗစ် ၁၉ လှိုင်း ပြန် စ ပြီ လူနာသစ် ၅ သိန်းကျော် ပိုးတွေ့ထား
တရုတ်တွင် COVID လူနာသစ် ၅ သိန်းကျော်တွေ့ရှိ၊ ၁ ဦးသေဆုံး၊ ကူးစက်မှုမြင့်တက်နေ တရုတ်တွင် ဇူလိုင်လအတွင်း COVID -19 အတည်ပြုလူနာသစ် ၅၂၂,၀၀၀ တွေ့ရှိခဲ့ပြီး၊ ယင်းတို့အနက် ၄၈၇ ဦးမှာ ပြင်းထန်လူနာများ ဖြစ်ကြကာ တဦး သေဆုံးခဲ့ကြောင်းနှင့် ကူးစက်မှုမြင့်တက်လာနေ ကြောင်း တရုတ်အမျိုးသား ရောဂါထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့က ပြောကြားလိုက်သည်။ လက်ရှိ ကူးစက်ခံရမှု မြင့်တက်လာခြင်းသည် ပုံမှန်ဖြစ်ပေါ်နေကျ အချိန်ကာလအလိုက်လှိုင်းတခုမျှသာ ဖြစ်သော်လည်း၊ ပြင်းထန်မှုမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း တွေ့ရှိခဲ့ရသည့် ရောဂါကူးစက်မှု မြင့်တက် မှုများနှင့် နှိုင်းယှဉ်နိုင်ကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန (CDC) က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ရောဂါကူးစက်မှု မြင့်တက်နှုန်းမှာ သိသိသာသာနှေးကွေးသွားပြီဖြစ်ပြီး လက်ရှိတွင် ရောဂါကူးစက်မှု အမြင့်ဆုံးကာလ၏ တည်ငြိမ်သည့်အဆင့်…
-

သီပေါ စာသင်ကျောင်း ၁၇ ကျောင်းပိတ်ပြီး ဆရာတွေကို ထိုးကျွေးလိုက်ပြီ
သီပေါက ကျောင်း ၁၇ ကျောင်း စစ်တပ်က ပိတ်ခိုင်းပြီး ဆရာများကို SSPP ထိန်းချုပ်ဒေသပို့ အဲဒီစာသင်ကျောင်း ၁၇ ကျောင်းဟာ ကိုးကန့်တပ်(MNDAA)ရဲ့ ထိန်းချုပ်ဒေသတွင်းမှာလည်း ပါဝင်နေပြီး အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူးက ပိတ်ခိုင်းလိုက်တာလို့ ဆိုပါတယ်။ ဒေသခံတယောက်က “စစ်တပ်က သီပေါမြို့ကိုပြန်သိမ်းတော့ ဒေသခံတွေက မြို့နယ် ပညာရေးမှူးကို ပြောပြီး ကျောင်းလေးတွေအတွက် ဆရာ၊ ဆရာမ ၂၀ ဦးလောက်နဲ့ ကျောင်းပြန်ဖွင့်တာ။ လုံခြုံရေးကြောင့် ရွှေ့ခိုင်းတာ မဟုတ်ဘူး။ SSPP က စစ်တပ်နဲ့ တွေ့တယ်လေ။ ပညာရေးအတွက် လိုအပ်တယ်ပြောလို့ အဲဒီ ဆရာ၊ ဆရာမတွေကို SSPP ထိန်းချုပ်ဒေသကို ပို့လိုက်တာ။ ကျနော် ကြားတာက ဝမ်ဟိုင်းဘက်လို့ ကြားတာပဲ။ ဘယ်နေရာလို့တော့ မသိရသေးဘူး” လို့ ပြောပါတယ်။ အဲဒီကျောင်းတွေကို…