Author: Baby Yit Lone
-

ကားအမိုးတွေပါ ပွင့်ထွက်ကြေမွသွားတဲ့အထိ ပြင်းထန်လွန်းခဲ့တဲ့ ဝေါမြို့နယ်က ယာဉ်တိုက်မှု
ကားအမိုးတွေပါ ပွင့်ထွက်ကြေမွသွားတဲ့အထိ ပြင်းထန်လွန်းခဲ့တဲ့ ဝေါမြို့နယ်က ယာဉ်တိုက်မှု ဒီကနေ့ မနက်ခင်း အရုဏ်တက်ချိန်လေးမှာပဲ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်မှာ ခရီးသွားပြည်သူတွေ ကြက်သီးထလောက်စရာ ပြင်းထန်လှတဲ့ ယာဉ်တိုက်မှုကြီးတစ်ခု ရုတ်တရက် ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် တိုက်မိတဲ့ အရှိန်ပြင်းလွန်းတာကြောင့် ကားတစ်စီးလုံး ရုပ်ပျက်ဆင်းပျက် ကြေမွသွားခဲ့တာဟာ မြင်ရသူတိုင်းရဲ့ ရင်ကို ဆို့နင့်သွားစေပါတယ်။ ကားတစ်စီးလုံး စုတ်ပြတ်သတ်သွားတဲ့ မနက်ခင်း ဖြစ်စဉ်ကတော့ ဩဂုတ်လ (၁၇) ရက်၊ ဒီကနေ့ မနက် (၇) နာရီ (၁၅) မိနစ်ဝန်းကျင်လောက်က ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရန်ကုန်-မော်လမြိုင် လမ်းမကြီး မိုင်တိုင်အမှတ် (၈/၃) အနီးမှာ ဖြစ်ပွားခဲ့တာပါ။ မော်တော်ယာဉ် (၂) စီးဟာ အရှိန်နဲ့ မျက်နှာချင်းဆိုင် ရုတ်တရက် ဝင်တိုက်မိခဲ့ကြရာကနေ အနက်ရောင် ကားလေးဟာ…
-

နတ်ရေကန်တက်လာတဲ့ကောင်တွေ အပုံလိုက် ဂိန်ကုန်ပြန်ပြီ
နတ်ရေကန်ကို စစ်ကူလာတဲ့ အင်အား ၁၈၀ ပါစစ်ကြောင်း ဗိုလ်အဆင့်အပါအဝင် ၆၀ ခန့်သေဆုံးတယ်လို့ဆို အာရက္ခတပ်တော်ဝိုင်းဝန်း ပိတ်ဆို့ထားသော နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာသို့ စစ်ကူတက်လာသော အကြမ်းဖက် မြန်မာစစ်တပ်မှ စစ်ကြောင်းတစ်ခုသည် အာရက္ခတပ်တော် (AA)၏ ကြားဖြတ်ချေမှုန်းတိုက်ခိုက်မှုကြောင့် ဗိုလ်အဆင့်အရာရှိများ အပါအဝင် စစ်သား၆၀ ခန့်သေဆုံးကာ ဒဏ်ရာစစ်သားအများအပြားဖြင့်နောက်ဆုတ်သွားကြောင်း သတင်းရရှိသည်။ ဒေသတွင်းစစ်ရေးရင်းမြစ်တစ်ခုက “မနေ့ကနေ့လယ်မှာ နတ်ရေကန်ဘက်ကို တောင်ပေါ် လမ်းအတိုင်း တက်လာတာပါ။ အင်အား ၁၈၀ လောက်ပါတယ်။ ဂုတ်ကြီးရွာအကျော်မှာ AA ကတခါတည်းဝိုင်းတိုက်လိုက်တာ။ တိုက်ပွဲက အရမ်းပြင်းထန်ခဲ့တယ်။ စစ်တပ်က အယောက် ၆၀ လောက်ကျတယ်လို့ သိရပါတယ်”ဟုပြောသည်။ တိုက်ပွဲအတွင်း ဗိုလ်ပါအဆင့်ရှိသူများအပါအဝင် စစ်သားအလောင်းအနည်းကို လေကြောင်း ပစ်ကူ၊ စစ်ကြောင်းတပ်ကူများဖြင့် ဆွဲထုတ်ကာ ကား ၂ စီးဖြင့် ပဒါန်းမြို့နယ်ဆုံကုန်း အနီးရှိ…
-

အလုပ်ဆင်းချိန်ကြီး အတင်းခေါ်ခိုင်းရာကနေ မှန်ချပ်ပိပြီး ကွယ်လွန်သွားခဲ့ရတဲ့ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားညီအစ်ကိုနှစ်ဦး
အလုပ်ဆင်းချိန်ကြီး အတင်းခေါ်ခိုင်းရာကနေ မှန်ချပ်ပိပြီး ကွယ်လွန်သွားခဲ့ရတဲ့ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားညီအစ်ကိုနှစ်ဦး မိသားစု စားဝတ်နေရေးအတွက် တိုင်းတစ်ပါးမှာ တရားဝင် အလုပ်သွားလုပ်ရင်းနဲ့မှ မထင်မှတ်ထားတဲ့ အဖြစ်ဆိုးကြီးတစ်ခုကို ကြုံတွေ့ခဲ့ရတဲ့ မြန်မာလုပ်သား ညီအစ်ကို နှစ်ဦးရဲ့ သတင်းကတော့ ကြားရသူတိုင်းရဲ့ ရင်ကို ဆို့နင့်သွားစေပါတယ်။ အိမ်အပြန်လမ်းမရောက်ဘဲ အသက်ပါသွားခဲ့ရတဲ့ ညနေခင်း ဖြစ်စဉ်ကတော့ ထိုင်းနိုင်ငံ၊ ကဘီမြို့နယ်၊ အောက်နမ်းရပ်ကွက်မှာ (ဩဂုတ်လ ၁၅ ရက်) ညနေ ၆ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တာပါ။ ရေသန့်စက်ရုံမှာ တရားဝင် (PJ) စာအုပ်တွေနဲ့ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သား ညီအစ်ကို နှစ်ဦးဖြစ်တဲ့ ကိုအောင်လင်းသူ (၂၉ နှစ်) နဲ့ ကိုရဲသူဟိန်း (၂၂ နှစ်) တို့ဟာ အလုပ်ဆင်းချိန် ရောက်နေပြီဖြစ်ပေမယ့် အလုပ်ရှင်ရဲ့ ယောက်ဖဖြစ်သူက သူ့အလုပ်မှာ…
-

ကတိမတည်နိုင်ခဲ့သော တောင်းပန်စာလွှာနှင့် နောက်ဆုံးအနမ်း
ဤပို့စ်သည် ဝမ်းနည်းပူဆွေးစရာများနှင့်ရေးဖွဲ့ထားသည့်အတွက် ဝမ်းနည်းစရာ အဖြစ်အပျက်များကို ဖတ်ရှုရန် စိတ်မခိုင်သူများအနေနဲ့ စိတ်ကြိုတင် ပြင်ဆင်ပြီးမှ ဖတ်ရှုပေးကြပါရန် ကြိုတင်၍ မေတ္တာရပ်ခံ အသိပေးအပ်ပါတယ်ဗျာ။ ကတိမတည်နိုင်ခဲ့သော တောင်းပန်စာလွှာနှင့် နောက်ဆုံးအနမ်း သူ့သက်ဝိညာဉ် ငြိမ်သက်ထွက်ခွာသွားခဲ့ပြီဆိုသည့် အသိနှင့်အတူ ကျနော့်ကမ္ဘာကြီးသည် ပြာကျကျန်ရစ်ခဲ့ရသည်။ သို့သော် ဝမ်းနည်းပူဆွေးခွင့်ပင် ပြည့်ပြည့်ဝဝ မရသေးဘဲ သေစာရင်း ထုတ်ယူနိုင်ရန်အတွက် ဆေးရုံမှ အိမ်သို့ အမြန်ပြန်ကာ ၎င်း၏ မှတ်ပုံတင်နှင့် ရပ်ကွက်ထောက်ခံစာ သွားရောက်ယူဆောင်ရတော့သည်။ အိမ်သို့အပြန် လမ်းထဲသို့ ဝင်လိုက်သည်နှင့် အိမ်ရှေ့တွင် ဆောက်တည်ရာမရ မဏ္ဍပ်ထိုးထားကြသည်ကို လှမ်းမြင်လိုက်ရသည်။ ထိုမြင်ကွင်းသည် ကျနော့်ရင်ကို ဓားနှင့်မွှန်းလိုက်သလိုပင်…။ အိမ်ထဲသို့ တလှမ်းချင်း လျှောက်ဝင်ခဲ့ပြီး ကျွန်တော်တို့နှစ်ယောက်၏ အခန်းလေးထဲ ရောက်သွားသည့် ခဏ၌မူ စောစောကတည်းက တင်းခံထားသမျှ စိတ်အစဉ်တို့သည် လုံးဝ ပြိုလဲသွားခဲ့ရတော့သည်။…
-

စာရွက်ပေါ်မှာတင် လမ်းဆုံးသွားတဲ့ မဟန
သာသနာတော် ထိန်းသိမ်းရေး ညွှန်ကြားချက် မဟန ထုတ်ပြန်၊ လက်နက်ကိုင်နှင့် အစွန်းရောက် သံဃာများကိုမူ အရေးမယူနိုင်ဟု ဝေဖန်ခံနေရ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) က သံဃာနှင့် သီလရှင်များ လူမှုကွန်ရက်သုံးစွဲမှု ယာဉ်မောင်းနှင်မှု၊ မူးယစ်ဆေးဝါးနှင့် မာတုဂါမဆိုင်ရာ ကိစ္စရပ်များအပါအဝင် ဘုရားစေတီတည်ထား ကိုးကွယ်မှုဆိုင်ရာ စံချိန်စံညွှန်းများကို လိုက်နာကြရန် တိုင်းဒေသကြီးနှင့် ပြည်နယ် သံဃနာယကအဖွဲ့များထံ ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ အဆိုပါ ညွှန်ကြားချက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ပဉ္စမအစည်းအဝေး ဆုံးဖြတ်ချက်အရ အောက်ပါ အချက် (၄) ချက်ကို သက်ဆိုင်ရာ မြို့နယ်သံဃနာယကအဖွဲ့များသို့ အသိပေး လျှောက်ထားသွားရန် ဖော်ပြထားသည် — စေတီပုထိုး တည်ထားကိုးကွယ်မှုဆိုင်ရာ စံချိန်စံညွှန်း အဖြစ်ဘုရား၊ စေတီ၊ ပုထိုးနှင့် ရုပ်ပွားတော်များ ပြုပြင်ခြင်း သို့မဟုတ်…