Author: Baby Yit Lone

  • နေဝင်းမြေးတို့ နေဝင်ချိန် ဇာတ်ပျက်နေကြပြီ

    နေဝင်းမြေးတို့ နေဝင်ချိန် ဇာတ်ပျက်နေကြပြီ

    အာဏာရှင်နေဝင်းမြေးများက လိုင်စင်မဲ့ယာဉ်များ စီးနင်းခြင်းအပြင် လုံခြုံရေး စိုးရိမ်ချက်ဖြင့် ပုဂ္ဂလိက ကိုယ်ပိုင်လုံခြုံရေး ယာဉ်တန်းများဖြင့် ဖွဲ့စည်း သွားလာနေ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများဖြစ်သည့် ကျော်နေဝင်း၊ ဇွဲနေဝင်းနှင့် အေးနေဝင်းတို့သည် ရန်ကုန်မြို့အတွင်း သွားလာရာတွင် လိုင်စင်သက်တမ်းကုန်ဆုံးနေသည့် ဇိမ်ခံကားများ အသုံးပြုနေသည့်အပြင် ကိုယ်ပိုင်လုံခြုံရေးအတွက် ယာဉ်တန်းများ ဖွဲ့စည်းကာ သွားလာနေကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရသည်။ ကျော်နေဝင်း၊ ဇွဲနေဝင်းနှင့် အေးနေဝင်းတို့သည် ၎င်းတို့ပိုင် စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် အပြင်ထွက်ခရီးစဉ်များတွင် ပုဂ္ဂလိက ကိုယ်ပိုင် လုံခြုံရေးယာဉ်တန်းများဖြင့် ခြံရံကာ သွားလာနေကြကြောင်း၊ ယာဉ်တန်းအတွင်း အသုံးပြုသည့်ကားများတွင်လည်း လိုင်စင်မဲ့ယာဉ်များ ပါဝင်နေကြောင်း သိရသည်။ ၎င်းတို့၏ စီးပွားရေးကုမ္ပဏီများတွင် စစ်တပ်မှ အငြိမ်းစားယူထားသည့် အရာရှိဟောင်းများ၊ လက်ရှိအစိုးရဝန်ကြီးများနှင့် အရာရှိများ၏ သားသမီးများနှင့် ဆွေမျိုးများကို လစာကောင်းမွန်စွာပေး၍ ခေါ်ယူခန့်ထားပြီး…

  • စစ်ကိုင်းမြို့ပေါ်ထိ ပွဲတွေမြိုင်လာပြီဟေ့

    စစ်ကိုင်းမြို့ပေါ်ထိ ပွဲတွေမြိုင်လာပြီဟေ့

    စစ်ကိုင်းမြို့ ပေါ် ငါးထပ်ကြီးဘုရားအနီးတွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားနေ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ် ငါးထပ်ကြီးဘုရားအနီးဝန်းကျင်တွင် ယနေ့နံနက် အစောပိုင်းမှစတင်၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ပစ်ခတ်သံများ ကြားနေရဆဲဖြစ်ကြောင်း ဒေသခံပြည်သူများနှင့်တော်လှန်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ယနေ့နံနက်အစောပိုင်းက စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရားအနီးဝန်းကျင်တွင် စစ်ကိုင်း PDF ဦးဆောင်သည့် မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်းများနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဒီနေ့ မနက်အစောပိုင်းကတည်းက ပစ်ခတ်သံတွေ ကြားနေရတာပါ။ အခုထက်ထိလည်း ပစ်ခတ်သံတွေ ကြားနေရတုန်းပါပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်ပွားနေသည့် ငါးထပ်ကြီးဘုရားအနီးဝန်းကျင်သည် စစ်ကိုင်း-မန္တ လေး ဆက်သွယ်ထားသည့် တံတားနှင့်လည်း အလွန်ဝေးကွာခြင်းမရှိသည့် နေရာဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲနှင့်ပတ်သက်၍ စစ်တပ်နှင့်တော်လှန်ရေးတပ်များဘက်မှ နှစ်ဖက်စလုံးတွင်…

  • မင်းဇေသန့် (Min Zeyar Thant)ဆိုတာ ဘယ်သူလဲ

    မင်းဇေသန့် (Min Zeyar Thant)ဆိုတာ ဘယ်သူလဲ

    “မင်းဇေသန့်” ဆိုသည့် နာမည်ဖြင့် ထင်ရှားသူမှာ မြန်မာနိုင်ငံမြောက်ပိုင်း (ကချင်ပြည်နယ်၊ ဖားကန့်/လီဒိုလမ်းမကြီးတစ်လျှောက်) တွင် လှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ အဓိက အချက်အလက်များ – * အခန်းကဏ္ဍ – ကချင်ပြည်နယ်၊ လီဒိုလမ်းမကြီးပေါ်ရှိ ဝါရာဇု၊ ဂျားတူးဇုပ် စသည့် ကျေးရွာများဘက်တွင် လှုပ်ရှားနေသော စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို ဦးဆောင်သူဖြစ်သည်။ * သတင်းဖြစ်စဉ်များ – ထိုဒေသအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိပြီး၊ အဆိုပါ ပြည်သူ့စစ်အဖွဲ့သည် ဒေသတွင်း သယံဇာတ (ရွှေ/ကျောက်စိမ်း) တူးဖော်မှု၊ လေကြောင်း/ဒရုန်းဖြင့် တိုက်ခိုက်မှုများနှင့် ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများတွင် ဖော်ပြခံရလေ့ရှိသူ ဖြစ်သည်။ မင်းဇေသန့် (Min…

  • တိုင်းပြည်အနှံ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေဖြတ်ထားပြီး 5G စတင်တော့မည်ဟုဆို

    တိုင်းပြည်အနှံ့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေဖြတ်ထားပြီး 5G စတင်တော့မည်ဟုဆို

    ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ 5G ဝန်ဆောင်မှုပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ဆို ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ နေရာအနှံ့ ဖြတ်တောက်ခံထားရတဲ့ မြန်မာနိုင်ငံမှာ လက်ရှိကွန်ရက်တွေကို အဆင့်မြှင့်တင်ပြီး 5G နည်းပညာနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းအစိုးရရဲ့ ဆက်သွယ်ရေးဒုဝန်ကြီး ဦးသက်ဝင်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၁၈ ရက် မနေ့က ကျင်းပခဲ့တဲ့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှု ပေးနိုင်ရေးနဲ့ စပ်လျဉ်းတဲ့ ညှိနှိုင်းအစည်းအဝေးမှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍမှာ 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်မှာဖြစ်ကြောင်း ပြောဆိုခဲ့တာလို့ သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ 5G နည်းပညာ အသုံးပြုပြီး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Mid-Band (2600 MHz) လှိုင်းကို သတ်မှတ်ချထားပေးပြီး…

  • ကြက်ဥတစ်လုံး ၇၀၀ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် ပါမောက္ခဘွဲ့ ရရှိပြန်

    ကြက်ဥတစ်လုံး ၇၀၀ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် ပါမောက္ခဘွဲ့ ရရှိပြန်

    ကြက်ဥတစ်လုံး ၇၀၀ ဖြစ်အောင်လုပ်ခဲ့တဲ့ မင်းအောင်လှိုင် ရုရှားစီးပွားရေးတက္ကသိုလ်က ပါမောက္ခဘွဲ့ ရသွားပြန် ပြည်တွင်း၌ ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ကာ ကြက်ဥတစ်လုံးလျှင် ကျပ် ၇၀၀ အထိ စံချိန်တင် ဈေးနှုန်းကြီးမြင့်နေချိန်တွင် ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ရုရှားနိုင်ငံ Plekhanov စီးပွားရေးတက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ အပ်နှင်းခြင်းခံရကြောင်း သိရသည်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် အရွေးတုသမ္မတ မင်းအောင်လှိုင်အား အဆိုပါ Plekhanov Russian University of Economics က ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ အပ်နှင်းသည့် အခမ်းအနားကို ဩဂုတ် ၁၉ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက် လက်ခံယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မင်းအောင်လှိုင်နှင့်အတူ…