Author: Baby Yit Lone

  • ဖေ့စ်ဘုတ် ဂေဇက်

    ဖေ့စ်ဘုတ် ဂေဇက်

    ယခုအပတ် ဖေ့စ်ဘွတ်တွင် သတင်းကြီးနေသည့်အရာများကား လေးငါးမျိုးခန့်ရှိမည်ထင်၏။ ကြိုးကြာ တောင်ပံဆရာကြီးအကြောင်းသတင်းကား အနည်းငယ် မှေးမှိန်သွားလေပြီ။ ထိုသတင်းအစား ရွံရှာထိတ်လန့်စက်ဆုတ်ဖွယ် လူသတ်သတင်း တစ်ခု က ဖုံးလွှမ်းသွား၏။ လက်နက်မဲ့အရပ်သား အမျိုးသမီးကြီးတစ်ယောက်ကို လက်နက်ကိုင် ယောက်ျားများက ရက်ရက်စက်စက် ဓားဖြင့်ခုတ်သတ်ကြခြင်း။ ထိုဖြစ်ရပ်ကိုဖုံးကြဖိကြ ဖို့ကြိုးစားအားထုတ်သည့်အနေဖြင့် မိမိတို့အဖွဲ့ က ထို လူသတ်မှုကိုမကျူးလွန်ပါဟု လက်နက်ကိုင်အဖွဲ့များက အသီးသီးငြင်းဆိုကြခြင်း၊ စစ်တပ်လော်ဘီများက PDF လက်ချက်ဟု နာမည်ဖျက်ကြခြင်း။ စကားမစပ်ပြောရလျှင် ဝင်းနိမိတ္တာရုံ ဆရာတော်ကြီး သေနတ်ပစ်ခံရပြီးပျံတော်မူစဥ်ကလည်း မြန်မာ့အသံနှင့်မြဝတီရုပ်သံမှ PDF လက်ချက်ဟု ချက်ချင်း ဝါဒဖြန့် အပုတ်ချခဲ့ဖူးသည်။ နောက်တော့ ကိုယ်တိုင်ကြုံရသောဆရာတော်တစ်ပါး၏ ထွက်ဆိုချက်ကြောင့်စစ်တပ်လက်ချက်ဆိုတာ ဘူး ပေါ်သလိုပေါ်လာသည်။ ယခုလည်း ဘယ်သူကဘယ်လောက်ငြင်းနေသည်ဖြစ်စေ အမှန်တရားဆိုတာ တော့ ပေါ်လာတတ်စမြဲ ဖြစ်သည်။ ကျွန်တော်တို့ငယ်စဥ်ကကြိုက်နှစ်သက်ခဲ့သော လမ်းဆက်လျှောက်မယ်…

  • အညာကို ပုတု လာပြီတဲ့… (ရုပ်သံ)

    အညာကို ပုတု လာပြီတဲ့… (ရုပ်သံ)

    အညာကို ပုတု လာပြီတဲ့… (ရုပ်သံ)

  • စာသင်ကျောင်းနဲ့အတူ ညီမလေးလဲ ပါသွားပြီ

    စာသင်ကျောင်းနဲ့အတူ ညီမလေးလဲ ပါသွားပြီ

    မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ် ညီမလေးသဲနုဝင်းရေ။ 2021 ကနေစပီး 2026ထိ အတူတူလက်တွဲပြီးလုပ်လာခဲ့ကြတယ် ညီမလေးအရင်းတစ်ယောက်လို ခင်တွယ်ရပီး။ ဘာလုပ်စရာတွေပဲရှိနေနေ ပြောလိုက်တာနဲ့နဲ့ရှေ့ဆုံးကနေ တက်တက်ကြွကြွပါပီး အားလဲကိုးခဲ့ရတယ်။ မထင်မရှားလှုပ်ရှားဆောင်ရွက်နေသူမို့ အမျိုးသမီးဦးဆောင်သူတွေထဲမှာတော့ လူမသိပေမယ့် တစ်ကယ်ကိုစွမ်းဆောင်နိုင်တဲ့ ညီမလေးပါ။ 17.8.2026ရက်နေ့ သူ့ဆိုင်လေးရောက်တော့ တို့ဟူးသုတ်တွေသုတ်ကျွေးတော့ ဗိုက်မဆာပေမယ့် သူ့စေတနာကိုအသိအမှတ်ပြုလို့ ကုန်အောင်စားခဲ့တာ ဒါကပဲ နှုတ်ဆက်ဖို့သွားလိုက်ရသလိုပါပဲ။ 19.8.2026 ညနေ ၇နာရီကျော်မှာ မကြားချင်ဆုံးသတင်းက လေယဉ်ဗုံးကြဲလို့ ငါတို့ညီမလေးထိသွားပီတဲ့။ မြောင်ပညာရေးကွန်ရက်က ဆရာဆရာမတွေလည်း အထိတ်တလန့်ဖြစ်ကုန်ကြပီး ဘာမှမဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းကြရင်း သူ့အတွက်အားလုံးကလည်းစိတ်ပူနေခဲ့ကြတာ။ စနစ်ဆိုးရဲ့အောက်မှာ ပြည်သူတွေဟာ အပြစ်မဲ့သားကောင်တွေမို့ ဘာမှမတက်လိုက်နိုင်ကြပါဘူး။ နောက်ရက်မနက် ၈နာရီလောက် သွားတာတောင် လေကြောင်းထပ်လာမှာကြောက်လို့ ကတိုက်ကရိုက် သဂ်ြုလ်လိုက်ကြတယ်။ ဈာပ‌နတောင်မမှီလိုက်လို့ စိတ်မကောင်းထပ်ဖြစ်ရပါတယ်။ သူမဟာ လေးစားစရာကောင်းသလို သူ့ရွာရော သူ့အဖွဲ့ရောအတွက် အားကိုးရတဲ့သူပါ။…

  • YMBA အသင်းရုံးခန်းမှာပဲ ဒွမ်ခံလိုက်ရတဲ့ ဗဟိုအတွင်းရေးမှူး

    YMBA အသင်းရုံးခန်းမှာပဲ ဒွမ်ခံလိုက်ရတဲ့ ဗဟိုအတွင်းရေးမှူး

    စစ်တပ်ထောက်ခံသည့် YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့် ရုံးခန်းအတွင်း ရိုက်နှက်ခံရ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်နှင့် အနောက်ဘက်မုခ်ကြားရှိ ဗုဒ္ဓကလျာဏယုဝ (YMBA) အသင်းရုံးခန်းသို့ ဩဂုတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် လက်နက်ကိုင် ဆောင်ထားသူ ၄ ဦးသည် ဗဟိုအတွင်းရေးမှူးကို ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ YMBA ရုံးခန်းအတွင်း ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်၊ ထူးဟန်၊ တင်ဆန်းနှင့် မစန်းတို့ ၅ ဦး ရှိနေစဉ် အမည်မသိ အမျိုးသား ၄ ဦး ရုတ်တရက် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့အနက်…

  • ပျောက်နေတဲ့ (၉) နှစ်အရွယ် ညီလေး ပြန်ရှာတွေ့ချိန်မှာတော့ အစ်ကိုဖြစ်သူ ရင်ကွဲခဲ့ရပြီ

    ပျောက်နေတဲ့ (၉) နှစ်အရွယ် ညီလေး ပြန်ရှာတွေ့ချိန်မှာတော့ အစ်ကိုဖြစ်သူ ရင်ကွဲခဲ့ရပြီ

    ကျောင်းဆင်းချိန်ကတည်းက ပျောက်နေတဲ့ (၉) နှစ်အရွယ် ညီလေး… နောက်ဆုံး ပြန်ရှာတွေ့ချိန်မှာတော့ အစ်ကိုဖြစ်သူ ရင်ကွဲခဲ့ရပြီ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က ရေဘေးအန္တရာယ်ကြားထဲမှာ ညီလေးပျောက်သွားလို့ အပူတပြင်း အကူအညီတောင်းခဲ့တဲ့ အစ်ကိုဖြစ်သူရဲ့ မျှော်လင့်ချက်တွေ အားလုံး တစ်စစီ ရိုက်ချိုးခံလိုက်ရပါပြီ။ ကျောင်းအပြန်လမ်းက အဖြစ်ဆိုး ပြီးခဲ့တဲ့ သြဂုတ်လ (၁၈) ရက်နေ့ ကျောင်းဆင်းချိန်မှာ အိုင်သပြု၊ ကြို့ကုန်းကျေးရွာက အသက် (၉) နှစ်အရွယ် တတိယတန်းကျောင်းသားလေး မောင်ကောင်းပြည့်စုံဟာ အိမ်အပြန်လမ်း ရေကျော်နေတဲ့ ကွန်ကရစ်လမ်းပေါ်မှာ ရေဆင်းဆော့မိရာကနေ ရုတ်တရက် ရေစီးနဲ့အတူ မမျှော်လင့်ဘဲ မျောပါပျောက်ဆုံးသွားခဲ့တာပါ။ ညီလေး ရုတ်တရက် ပျောက်ဆုံးသွားချိန်မှာ အစ်ကိုဖြစ်သူက “ကျောင်းဆင်းချိန်အပြီး ပျောက်သွားတဲ့ ညီလေးကို တွေ့ရင် ကူညီပေးကြပါဦး” ဆိုပြီး လူမှုကွန်ရက်ကနေတစ်ဆင့် အသည်းအသန် အကူအညီ…