Author: Baby Yit Lone

  • NUG အခွန်ဂိတ် BNRA စီးနင်းမှုမှ သိမ်းဆည်းခံပစ္စည်းများနှင့် ဖမ်းဆီးခံရသူကို အမြန်ဆုံးပြန်လွှတ်ရန် NUG ပြော

    NUG အခွန်ဂိတ် BNRA စီးနင်းမှုမှ သိမ်းဆည်းခံပစ္စည်းများနှင့် ဖမ်းဆီးခံရသူကို အမြန်ဆုံးပြန်လွှတ်ရန် NUG ပြော

    အမျိုသားညီညွတ်ရေးအစိုးရ (NUG) ၏ ပုလဲမြို့နယ်ထဲက အခွန်ဂိတ်တခုကို ဗိုလ်နဂါးဦးဆောင်သော BNRA တပ်ဖွဲ့က ဝင်ရောက်စီးနင်းကာ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ ) အဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင်မှု ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်) နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။ ယခုစီးနင်းတိုက်ခိုက်မှုသည် ဇန်နဝါရီလ ၉ ရက်နေ့တုန်းက NUG လက်အောက်ခံ PDF တပ်ဖွဲ့များက ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ၏ ဂိတ်စခန်းနှစ်ခုကို ဝင်ရောက်ရှင်းလင်းပြီး လက်နက်များ သိမ်းဆည်းခဲ့သည့် ဖြစ်စဉ်အပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယမန်နေ့( ဇန်နဝါရီ ၁၇ ရက်) နံနက် ၁၁ နာရီအချိန်တွင် စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ပန်းရွာ အနီးတွင် ဖွင့်လှစ်ထားသည့် NUG အခွန်ဂိတ်ကို BNRA…

  • ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်နေ

    ကော့ကရိတ်တွင် တိုက်ပွဲပြင်းထန်နေ

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၇ နာရီခွဲကစပြီး ညနေ့ပိုင်းအထိ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်းတာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေက စောဟဲ၊ ကောင်းမှုနဲ့ မိဖာလဲ့ စတဲ့ကျေးရွာတွေဘက်ကို လူအင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် KNLA နဲ့ အမှတ် ၃၁ ဗျူဟာ (ဗိုလ်ကျော်သက်) လက်အောက်ခံ ပူးပေါင်းစစ်ကြောင်းတွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်စစ်ကြောင်းတွေ အထိနာခဲ့တာကြောင့် လေကြောင်းကနေ လေယာဉ်၊ ဒရုန်း‌တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် လက်နက်ကြီးတွေနဲ့ ညနေပိုင်းအထိ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက “ဒရုန်းတွေကော လေယာဉ်တွေကော၊ လက်နက်ကြီးတွေကောဆိုတော့…

  • အရာတော်က မူကြိုကျောင်းကို စစ်တပ်ကဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး

    အရာတော်က မူကြိုကျောင်းကို စစ်တပ်ကဗုံးကြဲသဖြင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကံရင်းကျေးရွာက မူကြိုကျောင်းကို ဇန်နဝါရီ ၁၇ ရက်‌ နေ့ခင်းပိုင်းမှာ စစ်တပ်က ဗုံးကြဲလို့ ကလေး ၁ ယောက် အပါအဝင် ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မွန်းလွဲ ၁ နာရီကနေ ၁ နာရီခွဲလောက်အတွင်း တိုက်လေယာဉ်နဲ့ ဗုံး ၃ ကြိမ်ကြဲခဲ့တာဖြစ်ပါတယ်။ အရာတော်မြို့နယ် တောင်ပိုင်းတိုက်နယ်ပအဖအဖွဲ့ တာဝန်ရှိသူတယောက်က “တံတာဦးတက် ဂျက်ဖိုက်တာတစီး တက်လာပြီလို့ စကားပြောစက်ကနေအသိ ပေးပြောတာကြားလိုက်ရပြီး သိပ်မကြာလိုက်ဘူး ဗုံးကြဲချသံကြားလိုက်ရတာပဲ။ အသံက ကျယ်တယ်။‌ ပေါင် ၅၀၀ ဗုံးဖြစ်လိမ့်မယ်။ အခု သတင်းရတာက‌တော့ ကံရင်းရွာ မူကြိုကျောင်းကို ကြဲချသွားတယ်။ က‌လေးတယောက်၊ အရပ်သား၂‌ ယောက် သေဆုံးပြီး တဦး ဒဏ်ရာပြင်းထန်ရတယ်လို့လည်း သိထားရတယ်”…

  • ကျော်ကျော့်ကျေးဇူးရှင် မလှမေ

    ကျော်ကျော့်ကျေးဇူးရှင် မလှမေ

    ကျွန်တော့် ဘဝမှာ ပထမဆုံး တွေ့ကြုံခဲ့ရတဲ့ အစ်မကြီး တစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်။ ပြောရရင် ကျွန်တော့် ကျေးဇူးရှင်ဆိုလည်း မှားမယ်မထင်ဘူး။ သူ့ကြောင့်ဘဲ ကျနော့မှာ ကျွမ်းကျင်အဆင့် (၁) ဖြစ်ခဲ့ရတာပါ။ အဲဒီ အစ်မကြီး နာမည်က မလှမေ ပါ။ ကျနော်တို့ မိသားစုက ဒီရပ်ကွက်ကို နယ်ကနေ ပြောင်းလာကြတာ။ အစ်မလှမေတို့က ကျနော်တို့ အိမ်ရှေ့အိမ်က၊ သူတို့အိမ်မကြီးက ခြံနောက်ဘက်မှာ။ အစ်မလှမေက ခြံရှေ့မှာ အိမ်သေးသေးလေးနဲ့ စက်ချုပ်တယ်။ သူတို့အိမ်မှာ အစ်မလှမေက အိမ်ထောင်သည် ကလေးတစ်ယောက်အမေ။ သူ့ယောကျ်ားက ပုံနှိပ်စက်က စက်ဆရာ။ အိမ်မှာ မလှမေတို့ အမေကြီးရယ်၊ မောင်နှစ်မတွေရယ်၊ အားလုံး အတူတူ နေကြတယ်။ နေ့လယ်ဆိုရင် အိမ်ရှေ့က ဆိုင်လေးမှာ အစ်မလှမေက စက်ချုပ်တယ်။ ကျနော်တို့က…

  • အလုပ်ကိစ္စနဲ့ ရှမ်းမြောက်ကိုသွားတဲ့ ဝန်းသို PDF တပ်ဖွဲ့ဝင် (၈) ဦး PDF အယောင်ဆောင်ထားတဲ့ စကမတပ်နဲ့တိုးပြီး အသတ်ခံရ

    အလုပ်ကိစ္စနဲ့ ရှမ်းမြောက်ကိုသွားတဲ့ ဝန်းသို PDF တပ်ဖွဲ့ဝင် (၈) ဦး PDF အယောင်ဆောင်ထားတဲ့ စကမတပ်နဲ့တိုးပြီး အသတ်ခံရ

    အလုပ်ကိစ္စနဲ့ ရှမ်းမြောက်ကိုသွားတဲ့ ဝန်းသို PDF တပ်ဖွဲ့ဝင် (၈) ဦး PDF အယောင်ဆောင်ထားတဲ့ စကမတပ်နဲ့တိုးပြီး အသတ်ခံရ ရှမ်းပြည်နယ်မြောက်ပိုင်းကို အလုပ်ကိစ္စနဲ့ခရီးသွားတဲ့ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့က PDFတပ်ဖွဲ့ဝင်(၈)ဦး ငါးအိုးတံတားမှာ စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဝန်းသိုPDFနဲ့ နီးသူတစ်ဦးဆီကနေ သိရပါတယ်။ ဇန်နဝါရီလ ၁၃ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးမြို့ ရွှေလီမြစ်ကူးတံတားမှာ PDF အယောင်ဆောင်ထားတဲ့ စစ်ကော်မရှင်တပ်နဲ့တွေ့ပြီး ပစ်သတ်ခံရတာဖြစ်တယ်လို့ ဝန်းသို PDF နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။ “လမ်းမှားပြီး ဝင်သွားတာဖြစ်မယ်။ ငအိုးက ကိုယ့်ဘက်ကမစိုးမိုးထားဘူးလေ။ စစ်သားတွေက PDF ဝတ်စုံဝတ်ပြီးဂိတ်မှာထိုင်နေတာ။ အဲ့တာနဲ့တိုးပြီးတော့ ပစ်ခတ်ခံရတာ။ အလောင်းတွေပြန်မရဘူး။”လို့ ဆိုပါတယ်။ စစ်ကော်မရှင် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ ရွှေကူ၊ ငါးအိုးတံတားကို ဖြတ်ပြီး ဗန်းမော်ဘက်ကို…