Author: Baby Yit Lone
-

မိန်းမတန်မဲ့ ဘုရားထီးတောင် တက်ဖြုတ်ကုန်ပြီ
ရပ်စောက်တွင် ဘုရားထီးတော် ဖြုတ်ခိုးသူ အမျိုးသမီးကို ဒေသခံများ ဝိုင်းဖမ်း ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့ရှိ အုတ်ကျင်ဘုန်းကြီးကျောင်းဝင်းအတွင်း ဘုရားတွင် တပ်ဆင်ထားသည့် ဘုရားထီးတော်များကို ခိုးယူဖြုတ်သွားသည့် အမျိုးသမီးတစ်ဦးကို ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးမိခဲ့ကြောင်းဒေသခံများထံမှ သိရသည်။ အဆိုပါအမျိုးသမီးကို ဩဂုတ် ၂၂ ရက် မနက်အစောပိုင်းတွင် ဘုရားထီးတော်များ ဖြုတ်ယူနေစဉ် ဒေသခံများက တွေ့ရှိခဲ့ပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မနက်အစောကြီးမှာ ဖြစ်တာပါ။ ဘုရားမှာရှိတဲ့ ထီးတော်တွေကို ဖြုတ်ယူနေတာတွေ့လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်တာပါ။ ဘာတွေအခက်ခဲရှိလို့ ခုလို ခိုးယူတာလဲဆိုတာတော့ သေချာမသိရသေးဘူး။” ဟုဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးရမိပြီးနောက် အဆိုပါအမျိုးသမီးကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ကြောင်းနှင့် ဘုရားထီးတော်များကို ခိုးယူဖြုတ်သွားရသည့် အကြောင်းရင်းကို စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။ “မိန်းကလေးတယောက်က စေတီပေါ်တက်ပြီး အရံစေတီက ထီးတော်တွေကို…
-
နယ်မြေစိုးမိုးမှုကိုအရှိန်အဟုန်နဲ့ ဆက်တိုက်လုပ်နေတဲ့ AA
သံတွဲမြို့ကို စစ်အုပ်စုက ဆက်တိုက်ဗုံးကြဲနေသလို AA ကလည်း နယ်မြေတိုးချဲ့သိမ်းပိုက်မှုတွေလုပ်နိုင်ဖို့ ဆက်လက်ကြိုးစားနေ အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ နာမည်ကြီး ငပလီကမ်းခြေ တည်ရှိရာ သံတွဲမြို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။ နောက်ဆုံးအနေနဲ့ သြဂုတ်လ ၂၂ ရက်နေ့ တစ်ရက်တည်းမှာတင် တိုက်လေယာဉ် ၁၀ စင်းနဲ့ ဗုံးအလုံးရေ ၁၀၀ ခန့်အထိ ကြဲချတိုက်ခိုက်ခဲ့ကြောင်း AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး သံတွဲလေဆိပ်နဲ့ စစ်ကောင်စီရဲ့ ခလရ (၅၆) တပ်ရင်းတို့ကိုပါ အပြည့်အဝ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။…
-

နားကပ်တစ်ရံအတွက် လည်ပင်းပိုင်း ခံလိုက်ရတဲ့ အဖိုးအဖွား
နားကပ်တစ်ရံအတွက် လည်ပင်းပိုင်း ခံလိုက်ရတဲ့ အဖိုးအဖွား မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာတွင် ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက အသက် ၇၆ နှစ်အရွယ် သက်ကြီးဇနီးမောင်နှံနှစ်ဦး နေအိမ်အတွင်း၌ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရသည်။ ပိုင်ဆိုင်ပစ္စည်းများများစားစား မရှိသလို ကြွားကြွားဝါဝါလည်း မရှိသည့် အဖိုးအဖွားတွင် ရန်ကြွေး ရန်စဟူ၍ လည်းမရှိလှကြောင်း အိမ်နီးချင်းများက ပြောသည်။ သို့သော် သေဆုံးသူ အဖိုးဖြစ်သူ၏ ရုပ်အလောင်းကို အိပ်ခန်းအတွင်း ဦးခေါင်းတွင် ဖူးယောင်ဒဏ်ရာများနှင့် မေးရိုးတွင် ပြတ်ရှ ဒဏ်ရာများဖြင့် တွေ့ရှိရပြီး၊ အဖွားဖြစ်သူမှာမူ ရှေ့ခန်း ဘုရားစင်ရှေ့၌ လည်ပင်း ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေခဲ့သည်။ နေအိမ်အတွင်း ပစ္စည်းများ မွှေနှောက်ထားသည်ကို တွေ့ရပြီး အဖွားဖြစ်သူ ဝတ်ဆင်ထားသည့် ရွှေနားကပ်တစ်ရံ ပျောက်ဆုံးနေခဲ့သည်။ ရဲတပ်ဖွဲ့က ရာဇသတ်ကြီးပုဒ်မ…
-

ကျွန်မကလေးကို သူတို့က အရှ-/င်လတ်² 🔥 T-တ်ခဲ့တယ်
“ကျွန်မကလေးကို သူတို့က အရှင်လတ်လတ် မီးရှို့သတ်ခဲ့တယ်” ဟု မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ၉ နှစ်အကြာ အသက်ရှင်ကျန်ရစ်သူများက ပြန်လည်ပြောပြ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှု၊ မီးရှို့မှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်မှာ ၉ နှစ်ကြာမြင့်လာပြီဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူများသည် ထိုဖြစ်ရပ်များ၏ နာကျင်ဖွယ်မှတ်ဉာဏ်များနှင့်အတူ တရားမျှတမှုရရှိရေးကို ဆက်လက်မျှော်လင့်နေကြကြောင်း သြစတြေးလျနိုင်ငံတွင် နေထိုင်နေသည့် ရိုဟင်ဂျာဒုက္ခသည်များက ပြောဆိုကြသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃၀ ရက်တွင် ရခိုင်ပြည်နယ်၊ တူလာတိုးလီကျေးရွာကို မြန်မာစစ်တပ်က မီးရှို့တိုက်ခိုက်ခဲ့စဉ် ရိုဟင်ဂျာအမျိုးသမီး ရိုကေးယားဘီဂမ်၏ အသက် ၁၈ လအရွယ်သား မိုဟာမက်ဆာဒက်ကို စစ်သားများက သူမ၏လက်ထဲမှ ဆွဲယူကာ မီးထဲသို့ ပစ်ချခဲ့ကြောင်း သူမက…
-

ကျပ်သိန်းပေါင်း ၁၃,၆၀၀ ဖိုးကို ရဲရဲကြီး လှူသွားခဲ့တဲ့ သူဌေးကြီးရဲ့ နောက်ကွယ်က ဘဝ
ကျပ်သိန်းပေါင်း ၁၃,၆၀၀ ဖိုးကို ရဲရဲကြီး လှူသွားခဲ့တဲ့ သူဌေးကြီးရဲ့ နောက်ကွယ်က ဘဝ လောကကြီးမှာ ငွေရှာတတ်သူတွေများပေမယ့်၊ ရှာထားတဲ့ငွေကို အဘက်ဘက်ကနေ အကျိုးရှိရှိ စွန့်လွှတ်ရဲတဲ့သူကတော့ တကယ့်ကို ရှားပါးလှပါတယ်။ ဒီအကြောင်းအရာလေးကတော့ လူမှုကွန်ရက်မှာ နာမည်ကြီးတဲ့ ပင်းတယမီးအိမ်ရှင် ဆရာကြီး ဒေါက်တာသန်းမင်းထွဋ် ကိုယ်တိုင် လေးလေးစားစား ရေးသားမှတ်တမ်းတင်ထားတဲ့ အလှူရှင်ကြီး အဘဦးညွန့်ဝေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ သူတစ်ပါးအိမ်က အစေခံဘဝမှ ကျပ်သိန်းသောင်းချီ လှူနိုင်သူအဖြစ်သို့ အဘဦးညွန့်ဝေဟာ မွေးရာပါ သူဌေးတစ်ယောက် မဟုတ်ခဲ့ပါဘူး။ ငယ်စဉ်က မိဘတွေ ရောင်းစားခံခဲ့ရလို့ သူတစ်ပါးအိမ်မှာ အစေခံအဖြစ် နေခဲ့ရသူပါ။ ဒါပေမဲ့ သူ့ရဲ့ ရိုးသားကြိုးစားမှုတွေကြောင့် ချမ်းသာကြွယ်ဝလာခဲ့ပြီး၊ ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာတော့ သူရှာဖွေထားတဲ့ စည်းစိမ်တွေကို မက်မောခြင်းမရှိဘဲ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လှူဒါန်းပစ်ခဲ့ပါတယ်။…