Author: Baby Yit Lone
-

ကျွန်မကလေးကို သူတို့က အရှ-/င်လတ်² 🔥 T-တ်ခဲ့တယ်
“ကျွန်မကလေးကို သူတို့က အရှင်လတ်လတ် မီးရှို့သတ်ခဲ့တယ်” ဟု မြန်မာစစ်တပ်၏ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ၉ နှစ်အကြာ အသက်ရှင်ကျန်ရစ်သူများက ပြန်လည်ပြောပြ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှု၊ မီးရှို့မှုနှင့် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်မှာ ၉ နှစ်ကြာမြင့်လာပြီဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူများသည် ထိုဖြစ်ရပ်များ၏ နာကျင်ဖွယ်မှတ်ဉာဏ်များနှင့်အတူ တရားမျှတမှုရရှိရေးကို ဆက်လက်မျှော်လင့်နေကြကြောင်း သြစတြေးလျနိုင်ငံတွင် နေထိုင်နေသည့် ရိုဟင်ဂျာဒုက္ခသည်များက ပြောဆိုကြသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၃၀ ရက်တွင် ရခိုင်ပြည်နယ်၊ တူလာတိုးလီကျေးရွာကို မြန်မာစစ်တပ်က မီးရှို့တိုက်ခိုက်ခဲ့စဉ် ရိုဟင်ဂျာအမျိုးသမီး ရိုကေးယားဘီဂမ်၏ အသက် ၁၈ လအရွယ်သား မိုဟာမက်ဆာဒက်ကို စစ်သားများက သူမ၏လက်ထဲမှ ဆွဲယူကာ မီးထဲသို့ ပစ်ချခဲ့ကြောင်း သူမက…
-

ကျပ်သိန်းပေါင်း ၁၃,၆၀၀ ဖိုးကို ရဲရဲကြီး လှူသွားခဲ့တဲ့ သူဌေးကြီးရဲ့ နောက်ကွယ်က ဘဝ
ကျပ်သိန်းပေါင်း ၁၃,၆၀၀ ဖိုးကို ရဲရဲကြီး လှူသွားခဲ့တဲ့ သူဌေးကြီးရဲ့ နောက်ကွယ်က ဘဝ လောကကြီးမှာ ငွေရှာတတ်သူတွေများပေမယ့်၊ ရှာထားတဲ့ငွေကို အဘက်ဘက်ကနေ အကျိုးရှိရှိ စွန့်လွှတ်ရဲတဲ့သူကတော့ တကယ့်ကို ရှားပါးလှပါတယ်။ ဒီအကြောင်းအရာလေးကတော့ လူမှုကွန်ရက်မှာ နာမည်ကြီးတဲ့ ပင်းတယမီးအိမ်ရှင် ဆရာကြီး ဒေါက်တာသန်းမင်းထွဋ် ကိုယ်တိုင် လေးလေးစားစား ရေးသားမှတ်တမ်းတင်ထားတဲ့ အလှူရှင်ကြီး အဘဦးညွန့်ဝေရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ သူတစ်ပါးအိမ်က အစေခံဘဝမှ ကျပ်သိန်းသောင်းချီ လှူနိုင်သူအဖြစ်သို့ အဘဦးညွန့်ဝေဟာ မွေးရာပါ သူဌေးတစ်ယောက် မဟုတ်ခဲ့ပါဘူး။ ငယ်စဉ်က မိဘတွေ ရောင်းစားခံခဲ့ရလို့ သူတစ်ပါးအိမ်မှာ အစေခံအဖြစ် နေခဲ့ရသူပါ။ ဒါပေမဲ့ သူ့ရဲ့ ရိုးသားကြိုးစားမှုတွေကြောင့် ချမ်းသာကြွယ်ဝလာခဲ့ပြီး၊ ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာတော့ သူရှာဖွေထားတဲ့ စည်းစိမ်တွေကို မက်မောခြင်းမရှိဘဲ ရဲရဲရင့်ရင့် ပြတ်ပြတ်သားသား လှူဒါန်းပစ်ခဲ့ပါတယ်။…
-

သမီးဆိုး ချွန်လိုက်လို့ အဆိုတော် ဆက်နိုင် ပါသွားပြီ
စစ်မှုထမ်းရန် ဆင့်ခေါ်ခံရ၍ တိမ်းရှောင်နေသည့် အဆိုတော် ဆက်နိုင် မြစ်ကြီးနားတွင် ဖမ်းဆီးခံရ မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ အမှတ် (၂) ဆုံကုန်းရွာမှ အဆိုတော် ဆက်နိုင် (ကိုဆက်နိုင်ထွန်း) သည် စစ်မှုထမ်းရန် ဆင့်ခေါ်စာ ရောက်ရှိလာပြီးနောက် တိမ်းရှောင်နေစဉ် မြစ်ကြီးနားမြို့၌ ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။ အဆိုတော် ဆက်နိုင်၏ နေအိမ်သို့ လွန်ခဲ့သည့် ဇူလိုင်လ ၂၈ ရက်နေ့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆင့်ခေါ်စာ ရောက်ရှိလာသည့်အတွက် ၎င်းသည် ဇူလိုင် ၂၈ ရက် ညပိုင်း၌ပင် နေအိမ်မှ စတင်တိမ်းရှောင်ခဲ့ရသည်။ ထို့နောက် မန္တလေးနှင့် ပြင်ဦးလွင်တို့တွင် ခေတ္တ တိမ်းရှောင်နေထိုင်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ အုန်းပေါက်ကျေးရွာအုပ်စုရှိ ကိုင်းပင်အုန်းပေါက်ရွာ၌ ဒေသခံအချို့ကို အကူအညီတောင်းခံကာ ဆက်လက်…
-

နတ်ရေကန်မှာ တသုတ်ပြီးတသုတ် အမှည့်ခြွေ,ခြွေနေတဲ့ AA
နတ်ရေကန်ဗျူဟာသို့ တက်သည့် စစ်တပ် စစ်ကြောင်းများ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ရာချီ ပြုန်းတီး၊ ခြေကုပ်စခန်းများ လက်လွှတ်ရ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်းရှိ ရွေးတုအစိုးရစစ်တပ်၏ နတ်ရေကန်ဗျူဟာသို့ အင်အားနှင့် ခဲယမ်း ဖြည့်တင်းရန် တက်လာသည့် စစ်ကြောင်းများနှင့် ခြေကုပ်စခန်းများကို အာရက္ခ တပ်တော် (AA) က တိုက်ခိုက်ခဲ့သဖြင့် ရွေးတုအစိုးရစစ်တပ်ဘက်မှ အင်အား ရာချီ ပြုန်းတီး နေကြောင်းဒေသ တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ပဇီနှင့် ဂုတ်ကြီးကျေးရွာရှိ ရွေးတုအစိုးရစစ်တပ်၏ ခြေကုပ်စခန်းများကို ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်တွင် AA က ဒရုန်းနှင့် လက်နက်ကြီး ပစ်ကူများ အသုံး ပြုကာ ဝင်ရောက် တိုက်ခိုက်ခဲ့သဖြင့် ရွေးတု အစိုးရစစ်တပ်ဘက်မှ ၅၀…
-

ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဟင်္သာတကဆရာမကြီးကေ့စ် နောက်ကွယ်ကဖြစ်ရပ်မှန်
ဥပုသ်စောင့်ပြီး ပြန်လာတဲ့ ဟင်္သာတကဆရာမကြီးကို ရက်ရက်စက်စက် လုပ်ရက်သွားတဲ့ နောက်ကွယ်က အကြောင်းရင်းမှန် တစ်သက်လုံး ပညာသင်ကြားပေးခဲ့တဲ့ အငြိမ်းစား ဆရာမကြီးတစ်ဦးရဲ့ ဘဝနိဂုံးဟာ ဒီလိုမျိုး ရင်နာစရာကောင်းတဲ့ အဖြစ်ဆိုးနဲ့ ကြုံတွေ့သွားရလိမ့်မယ်လို့ ဘယ်သူက ထင်မှတ်ထားခဲ့မှာလဲ။ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နဲမနိတ်ကျေးရွာမှာ ဩဂုတ်လ (၂၁) ရက်နေ့က တစ်ရွာလုံးကို တုန်လှုပ် ဝမ်းနည်းစေခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဖြစ်ဆိုးရဲ့ နောက်ကွယ်က အကြောင်းရင်း အသက် (၇၂) နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းဟာ အိမ်ထောင်မရှိဘဲ တစ်ဦးတည်း နေထိုင်သူဖြစ်ပြီး၊ အခင်းဖြစ်ပွားတဲ့နေ့က ဥပုသ်စောင့်ရာကနေ နေအိမ်ကို အေးအေးချမ်းချမ်း ပြန်လာခဲ့တာပါ။ ဒါပေမဲ့ နေအိမ်ထဲကို ရောက်တဲ့အချိန်မှာတော့ မထင်မှတ်ဘဲ အိမ်ထဲကို ဝင်ရောက်မွှေနှောက်နေတဲ့ သူခိုးနဲ့ ပက်ပင်းတိုးမိသွားခဲ့ပါတယ်။ ကိုယ့်ရဲ့…