Author: Baby Yit Lone
-

တစ်သွင်သွင်စီးရင်း
ဒီနေ့က ချစ်သူများနေမို့ လမ်းပျော်မှာ လူတွေကိုလဲ အတော်ကိုရှုပ်ရှပ်ခက်ကာနေသည်။ ကျွန်တော်ကတော့ လမ်းထိပ် တစ်နေရာကနေပဲ ချစ်သူလေး နွယ် ထွက်အလာကို စောင့်နေခဲ့သည်။ နွယ်က ကျောင်းပြီး ခါစမို့ အလုပ်ခွင်ထဲဝင်ကာ အလုပ်လုပ်နေပြီဖြစ်သည်။ ထိုကပဲ အစပြုခဲ့တယ်လို့ခေါ်မလား ကျွန်တော်နဲ့ နွယ်မှာ ဆန်းပြားတဲ့အချစ်တစ်ခုကို စတင်ထိတွေ့မိသွားသည်။ နွယ်က ကျောင်းတတ်နေစဉ် ကာလတစ်လျောက်လုံးမှာ ရိုးရိုးယဉ်ယဉ်လေးသာ ဝတ်တတ်စားတတ်သော်လည်း အလုပ်ထဲရောက်တော့ ကောက်ကြောင်းများ ထင်းထင်းပေါ်သော သူမတို့ရုံးရဲ့ ယူနီဖောင်း ကို ဝတ်ဆင်ရတော့သည်။ သူမ ကျောင်းတတ်နေစဉ်က သူမရဲ့ မြန်မာဆန်ဆန် အင်္ကျီလေး ရင်ဟိုက်နေရင်ပင် သဝန်တိုတတ်တဲ့ ကျွန်တော် ခုတော့ သူရဲ့ရုံးအဝတ်အစားနဲ့ ပုံစံလေးကို ရင်ခုန်ကာနေတတ်ခဲ့ပြီး ။ ကျွန်တော်နဲ့ နွယ်က အချစ်ကို တန်ဖိုးထားတတ် သူတွေမို့ တစ်ယောက်နဲ့တစ်ယောက် အရူးမူးကို…
-

ကွတ်ခိုင်မှာ TNLAနဲ့ MNDAA တင်းမာမှု လျော့ကျ၊ ပစ်ခတ်မှု ထပ်မဖြစ်
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့မှာ တအာင်းတပ်မတော်(TNLA)နဲ့ ကိုးကန့် တပ်မတော် (MNDAA)တို့ တင်းမာမှု ညှိနှိုင်းနေဆဲဖြစ်ပြီး နှစ်ဘက်စလုံးက မြို့တွင်း၊ မြို့ပြင်မှာပါ တပ်စွဲထားဆဲလို့ သတင်းရရှိပါတယ်။ ကွတ်ခိုင်မြို့နေရာများစုမှာ MNDAA တပ်ဆင်ထားတဲ့ CCTV တွေနဲ့ MNDAA ရုံးတွေကို TNLA က အင်အားအများအပြားနဲ့ ဖေဖော်ဝါရီ ၁၃ ရက်ညမှာ လိုက်လံဖြုတ်သိမ်းတာကနေ တင်းမာမှုစတင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “MNDAA က သူတို့ စီစဉ်ထားတဲ့ တရုတ်နှစ်သစ်ကူးပွဲကို မလုပ်တော့ဘူး။ TNLA ရော MNDAA ပါ နေရာတော်တော်များများတပ်စွဲထားတယ်။ အခြေအနေက စိတ်ဒုံးဒုံးချလို့ မရသေးဘူး။ ညှိတော့ ညှိတော့ ညှိနေကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကွတ်ခိုင်မြို့နယ်မှာ ကိုးကန့် တပ်မတော် (MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့အကြား ဖေဖော်ဝါရီ…
-

မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော်မောင်နှံ ၃ တွဲ စုပေါင်း မင်္ဂလာပွဲ ချစ်သူများနေ့တွင် ကျင်းပ
မွန်ပြည်တော်လှန်ရေးတပ် (MSRF) တွင် ရဲဘော် ၃ တွဲ စုပေါင်းမင်္ဂလာပွဲ ကျင်းပ မွန်ပြည်တော်လှန်ရေးတပ်မှ ရဲဘော်မောင်နှံ ၃ တွဲ စုပေါင်း မင်္ဂလာပွဲ ချစ်သူများနေ့တွင် ကျင်းပ မွန်ပြည်နယ် မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ရဲဘော်မောင်နှံ ၃ တွဲ၏ စုပေါင်း မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁၄ ရက် (ချစ်သူများနေ့) တွင် စုပေါင်းမင်္ဂလာပွဲ ကို တော်လှန်ရေး အစဉ်အလာ နှင့် အညီ ခိုင်မာသော သစ္စာပြုချက်များဖြင့် မင်္ဂလာပွဲအောင်မြင်စွာ ကျင်းပခဲ့သည်။ မင်္ဂလာမောင်နှံ ၃ တွဲသည် တော်လှန်ရေးကာလအတွင်း ရှေ့တန်းစစ်မျက်နှာများနှင့် တပ်ဖွဲ့တာဝန်အသီးသီးတွင် ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်ပြီး မွန်ရိုးရာဝတ်စုံနှင့် တော်လှန်ရေးယူနီဖောင်းများကို ဝတ်ဆင်ကာ တာဝန်ရှိလူကြီးမင်းများနှင့် ရဲဘော်များ၏ ရှေ့မှောက်တွင်…
-

နိုင်ငံတစ်ဝန်းမှ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ် တပ်က အမျိုးသမီး တိုက်လေယာဉ်မှူးများကို ရာထူးတိုး၊ ဆုပေးစနစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြု
မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေသည့် လေကြောင်းတိုက်ခိုက်မှုများတွင် စစ်တပ်က လေတပ်အရာရှိ အမျိုးသမီးတိုက်လေယာဉ်မှူးများကို ရာထူးတိုး၊ ဆုပေးစနစ်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြောင်း လေတပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ယခင်က တိုက်လေယာဉ်အုပ်များတွင် အမျိုးသားလေတပ်အရာရှိများသာ တိုက်ခိုက်ရေးများတွင် အဓိက အသုံးပြု ခဲ့သော်လည်း ၂၀၂၂ ခုနှစ်မှစတင်ပြီး စစ်တပ်က အမျိုးသမီးလေယာဉ်မှူးများကိုပါ တိုက်ခိုက်ရေးအတွက်ပါ လေ့ကျင့်သင်ကြား နေရာပေးလာကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း လေတပ်အရာရှိ အမျိုးသမီးလေယာဉ်မှူးများကို တိုက်လေယာဉ်အုပ်များတွင် ထည့်သွင်းကာ တိုက်ခိုက်ရေး အဓိကလေယာဉ်မှူးများအဖြစ် အသုံးပြုလာနေကြောင်း သိရှိရသည်။ “တိုက်ခိုက်ရေး တိုက်လေယာဉ်အုပ်တွေမှာ အမျိုးသမီး ပိုင်းလော့တွေ ပါလာကြပြီ။ အရင်က တွဲဘက်လောက်ပဲ သုံးရာက အခု တိုက်လေယာဉ်အုပ်တွေထဲမှာ အဓိက လေယာဉ်မှူးတွေအဖြစ် အသုံးပြုနေပါပြီ။ တိုက်ခိုက်မှုနဲ့ ပျံသန်းမှု စွမ်းရည်(ဗုံးကျဲမှု) ပေါ်မူတည်ပြီး…
-

Walk For Peace ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲသို့ စာရင်းမသွင်းဘဲ ဝင်ရောက်ရောနှောသဖြင့် သဘာဝတရားရိပ်သာ ဆရာတော် မောင်းထုတ်ခံရ
အမေရိကန်ပြည်ထောင်စု၌ ပြုလုပ်ပြီးစီးခဲ့သည့် “Walk For Peace” ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ၏ (၁၀၈) ရက်မြောက်နေ့တွင် သဘာဝတရားရိပ်သာ ဆရာတော် အရှင်ဥတ္တမသာရသည် ကြိုတင်ခွင့်ပြုချက်မတင်ဘဲ လမ်းဝင်လျှောက်ခဲ့သဖြင့် မောင်းထုတ်ခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ (၁၀၈) ရက်မြောက်နေ့အဖြစ် ဝါရှင်တန်ဒီစီမြို့အတွင်း ဦးဆောင်ဆရာတော်များဖြစ်ကြသည့် ဗုဒ္ဓဘာသာရဟန်း (၁၉) ပါးနှင့် အမေရိကန်ပြည်သူများ ဝန်းရံကာ ကြွချီနေစဉ်၊ အရှင်ဥတ္တမသာရက စေတနာ့ဝန်ထမ်းတစ်ဦးကို အသိပေးကာ လမ်းလျှောက်အဖွဲ့အတွင်းသို့ ဝင်ရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းဝင်ရောက်လာပြီးနောက် (၅) မိနစ်ခန့်အကြာတွင် တာဝန်ရှိသူများက ၎င်းအား အဖွဲ့အတွင်းမှ မောင်းထုတ်ခဲ့သည်ကို “Walk For Peace” ၏ တိုက်ရိုက်ထုတ်လွှင့်မှု (Live) များတွင် တွေ့ရှိခဲ့ရသည်။ “လုံခြုံရေးအရ ကြိုတင်ခွင့်ပြုချက်တင်ပြီးမှ ဝင်လျှောက်လို့ရပါတယ်။ မည်သည့်သံဃာ၊ သီလရှင်မဆို ပါဝင်လို့ရတယ်ဆိုပေမဲ့…