Author: Baby Yit Lone
-

နေ့မြင်ညပျောက် ဆုံးပါးခဲ့ရတဲ့ ၂၉ နှစ်အရွယ် ဆယ်လီမလေး မမေဘယ်ဦး
မကြာသေးခင်ကမှ လက်ထပ်ထားသည့် အသက် ၂၉ နှစ်အရွယ် ဆယ်လီမလေး မမေဘယ်ဦး နှလုံးရောဂါနဲ့ရုတ်တရက် အသက်ဆုံးရှုံး နေ့မြင် ညပျောက်” ဆိုတဲ့ လောကဓံတရားအတိုင်း ရင်နင့်ဖွယ်ရာ ဝမ်းနည်းစရာ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဆယ်လီမလေးတစ်ဦးအဖြစ် ထင်ရှားခဲ့သူ အသက် ၂၉ နှစ်အရွယ် မမေဘယ်ဦးဟာ နှလုံးရုတ်တရက် ရပ်တန့်သွားခဲ့တာကြောင့် ဘဝတစ်ပါးသို့ အပြီးတိုင် ခွဲခွာသွားခဲ့ရပြီ ဖြစ်ပါတယ်။ သူမဟာ မကြာသေးခင်ကမှ အမျိုးသားဖြစ်သူနဲ့ ရွှေလက်တွဲကာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို စတင်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ပျော်ရွှင်စရာ ဘဝသစ်ကို စတင်နေချိန်၊ အသက်အရွယ်အားဖြင့်လည်း ၂၉ နှစ်သာ ရှိသေးချိန်မှာ အခုလို မမျှော်လင့်ဘဲ နှလုံးရုတ်တရက် ဖောက်ပြန်ကာ အသက်ဇီဝိန် ချုပ်ငြိမ်းခဲ့ရတာဖြစ်လို့ မိသားစုဝင်များ၊ ချစ်ရသူ အမျိုးသားနှင့်တကွ ပရိသတ်တွေပါ…
-

၅ တန်းကျောင်းသူလေးကို အကြိမ်ကြိမ် ×÷<ပြုကျင့်ပြီး ဗိုက်ထွက်လာမှ ဖျxက်ချခိုင်းတဲ့ဘုန်းကြီး
ဘုန်းကြီးတစ်ပါးက ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်၊ ကိုယ်ဝန် ၅ လကျော်ချိန် အတင်းဖြတ်ချခိုင်းလို့ ဆေးရုံရောက် ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ အသက် (၅၆) ရှိနေပြီဖြစ်တဲ့ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်အတွင်း လာရောက်မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူ ကလေးငယ်ကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန် ၅ လကျော်ချိန်မှ အတင်းဖြတ်ချခိုင်းလို့ ကလေးငယ်ဟာ ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မြောင်းမြမြို့၊ ဘုရားငုတ်တိုရှမ်းစုကျေးရွာရှိ ငွေဟင်္သာတောရကျောင်းမှ အသက် (၅၆) နှစ်၊ ဝါတော် (၁၅) ဝါရှိ ရဟန်းဘွဲ့ ဦးဥတ္တမ၊ လူအမည် ဦးအေးလွင်ဆိုသူ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်တွင် မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ “ကလေးမိသားစုက…
-

ဘုန်းကြီးကျောင်းလား နိုက်ကလပ်လား မသဲကွဲတော့ဘူး
အောင်ဇမ္ဗူ ကျောင်းတိုက်အမည်ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ဦးတို့က ခန္ဓာကိုယ် ခုနှစ် အသားပေး ကကွက်များဖြင့် မြတ်စွာဘုရားနှင့် ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကို နောက်ခံထားကာ ကပြသီဆိုနေခဲ့သည့်ဖြစ်စဉ် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ အောင်ဇမ္ဗူကျောင်းတိုက်လို့ ဖော်ပြထားတဲ့ နေရာတစ်ခုအတွင်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးက ကပြသီဆိုနေတဲ့ မြင်ကွင်းတွေ ပါဝင်လာပါတယ်။ ဗီဒီယိုထဲမှာ အဆိုပါသူတွေဟာ မြတ်စွာဘုရားပုံနဲ့ ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းကို နောက်ခံထားကာ ခန္ဓာကိုယ်အသားပေးတဲ့ ကကွက်ပုံစံတွေနဲ့ ကပြသီဆိုနေကြတာ တွေ့ရပါတယ်။ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်မှာတော့ နေရာအမည်ကို **“အောင်ဇမ္ဗူကျောင်းတိုက်”**လို့သာ ဖော်ပြထားပြီး အဆိုပါကျောင်းတိုက်ဟာ ဘယ်မြို့နယ်၊ ဘယ်ဒေသမှာ တည်ရှိတယ်ဆိုတာကိုတော့ လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ဗီဒီယိုကို ဘယ်အချိန်က…
-

ရွှေကူမှာ ပြုတ်²ပြုန်းသွားလို့ ဖားကန့်ဖက် လှည့်လာ
ရွှေကူမှာ အထိနာချိန် ဖားကန့်မှာ စစ်တပ် စစ်ရေးပြန်လှုပ်ရှား ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIA နဲ့ KPDFတိုက်ခိုက်လို့ ထိခိုက်သေဆုံးမှုတွေများပြားနေချိန်မှာပဲ စစ်တပ်က ဖားကန့်မှာ စစ်ရေးလှုပ်ရှားမှုရှ်ိလာပြီး လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေရှိနေပါတယ်။ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကြောင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ စက်တင်ဘာလဆန်းကစပြီး ဖားကန့်နေရာအချို့မှာ စစ်တပ်စစ်ကြောင်းတွေရဲ့စစ်ရေးလှုပ်ရှားမှုပြန်လုပ်လာပြီးစက်တင်ဘာလ ၄ရက် မနက်ပိုင်းမှာတော့ လုံးခင်းနဲ့ မဆွတ်ယာန်ရွာဘက်ကို လက်နက်ကြီးတွေ ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။ “စစ်တပ်နဲ့ ဝါရာဇွပ်အဖွဲ့တွေ ခြေပြန်ရှုပ်နေတာ။ လမ်းတွေလည်း ပိတ်ထားတယ်။ ဒီရက်ပိုင်း စစ်ရေးကို သတိထားကြဖို့ ကျမတို့ ဒေသခံချင်း သတိပေးနေတုန်းမှာပဲ လက်နက်ကြီး စပစ်တာ”လို့ဖားကန့်ဒေသခံတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းတိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ဖားကန့်မှာအခုရက်ပိုင်းတိုက်ပွဲမရှိပေမယ့် စစ်တပ်ကလေကြောင်း ကင်းထောက်ပျံသန်းမှုတွေရှိနေပါတယ်။ ဖားကန့်ကိုရောက်ရှိနေတဲ့စစ်ကြောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပါတယ်။ အဲဒီစစ်ကြောင်းက…
-

မြန်မာလုပ်သားတို့အိပ်မက်ကို နောက်တချက်ရိုက်ချိုးလိုက်ပြန်ပြီ
ထိုင်းတွင် အလုပ်လုပ်ခွင့်မရှိသည့် ရွှေ့ပြောင်းအလုပ်သမားများ ခန့်ထားပါက အရေးယူခံရမည် အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိသည့် ရွှေ့ပြောင်းအလုပ်သမားများကို ခန့်ထားခြင်း သို့မဟုတ် တရားဝင်ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ်ပြင်ပတွင် အလုပ်လုပ်စေခြင်း မပြုရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများကို သတိပေးထားသည်။ အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Patdarasm Thongsaluaykorn က အာဏာပိုင်များသည် စစ်ဆေးမှုများ ပိုမိုတင်းကျပ်စွာ ဆောင်ရွက်နေပြီး ၂၀၁၇ ခုနှစ် နိုင်ငံခြားသားများ အလုပ်အကိုင်စီမံခန့်ခွဲမှုဥပဒေ (Foreigners’ Working Management Act) အရ တင်းကျပ်စွာ အရေးယူသွားမည်ဟု ပြောသည်။ ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားသည့် အလုပ်အကိုင်များ ရှိပြီး နိုင်ငံခြားသားများအနေဖြင့် သက်ဆိုင်ရာစည်းမျဉ်းများအရ အထူးခွင့်ပြုချက်မရှိပါက ယင်းအလုပ်များကို လုပ်ကိုင်ခွင့်မရှိကြောင်း သိရသည်။ ထိုအလုပ်အကိုင်များတွင် ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ဆံပင်ညှပ်ခြင်းနှင့်…