Author: Baby Yit Lone

  • အာဏာရှင် ဖမ်းဆီးခံရမှုအပေါ် ဝမ်းသာအားရ အောင်ပွဲခံနေကြသည့် ဗင်နီဇွဲလားပြည်သူများ

    အာဏာရှင် ဖမ်းဆီးခံရမှုအပေါ် ဝမ်းသာအားရ အောင်ပွဲခံနေကြသည့် ဗင်နီဇွဲလားပြည်သူများ

    ဗင်နီဇွဲလားအာဏာရှင် နီကိုးလပ်စ် မာဒူရိုနှင့် ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ်တို့ကို စနေနေ့ အစော ပိုင်းတွင် အမေရိကန်တပ်ဖွဲ့များက “အကြီးစား” ညဘက်စစ်ဆင်ရေးတခုအတွင်း ဖမ်းဆီးလိုက်သည်။ ဗင်နီဇွဲလားသမ္မတ မာဒူရို ဖမ်းဆီးခံရပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်သွားခြင်းခံရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ကြေညာချက်ထွက်ပေါ်လာပြီးနောက်၊ ဖလော်ရီဒါတောင်ပိုင်းရှိ ဒိုရယ်မြို့ လမ်းမများပေါ်သို့ ဗင်နီဇွဲလားနိုင်ငံသားများ အလုံးအရင်းနှင့် ထွက်လာကြပြီး သမိုင်းဝင် အလှည့် အပြောင်းအတွက် ဝမ်းသာအားရ အောင်ပွဲခံခဲ့ကြသည်။ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့၊ ဒိုရယ်အရပ်တွင်လည်း သမ္မတ ထရမ့်၏ ထုတ်ပြန်ချက်အပြီး ဗင်နီဇွဲလားအလံများ ကိုင်ဆောင်ကာ ဗင်နီဇွဲလားနိုင်ငံသားများက အောင်ပွဲခံခဲ့ကြသည်။ ထို့ပြင်ချီလီနိုင်ငံ၊ ဆန်တီယာဂိုမြို့ရှိ ဗင်နီဇွဲလားနိုင်ငံသားများကလည်း အောင်ပွဲခံခဲ့ကြသည်။ “ဒါက လွတ်လပ်ခွင့်ရဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အခွင့်အရေးကြီး တကယ်ပဲ ရောက်ရှိလာ တာပါ။…

  • ထရမ့် ထုတ်ပြလာတဲ့  ဗင်နီဇွဲလား သမ္မတ ဓာတ်ပုံ

    ထရမ့် ထုတ်ပြလာတဲ့ ဗင်နီဇွဲလား သမ္မတ ဓာတ်ပုံ

    ဗင်နီဇွဲလားနိုင်ငံထဲ အထူးတပ်ဖွဲ့သုံးပြီး ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်လာတဲ့ သမ္မတနစ်ကိုလက်စ် မာဒူရို ရဲ့ ဓာတ်ပုံကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတည်ထောင်ထားတဲ့ လူမှုကွန်ရက် Truth က နေထုတ်ပြလာပါတယ်။ “အမေရိကန်စစ်ရေယာဉ် USS Iwo Jima ပေါ်က နစ်ကိုလက်စ်မာဒူရို” ဆိုပြီး ထရမ့်က ဓာတ်ပုံဖော်ပြလာတာပါ။ ပုံမှာတော့ ခဲရောင် အနွေးထည်ဝတ်ထားပြီး မျက်လုံးကို ဖုံးထားကာ လက်ထိပ်ခတ်ခံထားရတဲ့ ဗင်နီဇွဲလားသမ္မတနစ်ကိုလက်စ်မာဒူရိုကို တွေ့ရပါတယ်။ လက်ထဲမှာတော့ သောက်စရာ ရေတစ်ဘူးထည့်ပေးထားပါတယ်။ အမေရိကန်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ဗင်နီဇွဲလား သမ္မတနဲ့ ဇနီးဖြစ်သူတို့ အသက်ရှင်နေသေးကြောင်း အထောက်အထား ပြသဖို့ ဗင်နီဇွဲလား အစိုးရက တောင်းဆိုထားတာပါ။ အမေရိကန်ဟာ လအတော်ကြာ အချိန်ယူ ပြင်ဆင်ခဲ့တဲ့ စစ်ဆင်ရေးအပြီး ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းမှာ…

  • CIA ရဲ့ လှုပ်ရှားနိုင်စွမ်းက အတော်ကြောက်စရာကောင်းလာပြီ

    CIA ရဲ့ လှုပ်ရှားနိုင်စွမ်းက အတော်ကြောက်စရာကောင်းလာပြီ

    CIA ရဲ့ လှုပ်ရှားနိုင်စွမ်းက အတော်ကြောက်စရာကောင်းတယ်။ ထရမ့်အနေနဲ့ ဗင်နီဇွဲလားကို မြေပြင်ထိုးစစ် ဆင်နွှဲလိမ့်မယ်မဟုတ်ဘူးဆိုတာကိုတော့ အစကတည်းက ခန့်မှန်းမိပြီးသားပါ။ ဒါပေမယ့် ဒီနေ့ခေတ်မှာ သမ္မတတစ်ယောက်ကို အထူးတပ်ဖွဲ့တွေနဲ့ ရှောင်တခင်ဝင်ဖမ်းတာမျိုးကိုတော့ လုပ်လို့ရလောက်မယ်မထင်ခဲ့မိဘူး။ CIAက အချိန်ကိုက် ရှောင်တခင်လှုပ်လျားပြသွားတာက တစ်ကမ္ဘာလုံး Shockဖြစ်သွားကြတယ်။ ဗင်နီဇွဲလားမှာလည်း ရုရှ၊ တရုတ်ရဲ့အဆင့်မြင့်ရေဒါတွေနဲ့ S300 Tor M1မြေပြင်မှဝေဟင်ပစ်ဒုံးတွေကို မာဒူရိုရဲ့ပတ်ဝန်းကျင်မှာ အသင့်အနေအထားနဲ့ နေရာချထားပြီးသားပါ။ ဒီစနစ်တွေကို ဘယ်လိုများဖြတ်ကျော်ခဲ့ကြလည်းမသိဘူး။ ဗင်နီဇွဲလား Army ထဲမှာ CIA က ဖရဲသီးတွေမွေးနိုင်ခဲ့တယ်ထင်တယ် ဗင်နီဇွဲလားကို US က မြေပြင်စစ်ပွဲဆင်နွှဲပါစေလို့ကြိတ်ဆုတောင်းနေတဲ့ တရုတ်ရဲ့ဆုတောင်းကတော့ မပြည့်ခဲ့ဘူး။ အဲ့ဒါမှ သူလည်း ထိုင်ဝမ်ကို တရားဝင်တိုက်လို့ရမှာကိုး။ ဒေါ်နယ်ထရမ့်က ရှီကျင်းပင်ကို ဟာခနဲဖြစ်သွားအောင် တစ်ကွက်ပြသွားတယ်။ တရုတ်အနေနဲ့က US လိုမျိုး…

  • မာဒူရို (သို့မဟုတ်) ပြည်သူလူထုရဲ့ပိုက်ဆံ – နိုင်ငံ့ငွေကြေးကို အိမ်သာသုံးစက္ကူလောက်တောင်မတန်အောင် လုပ်ခဲ့တဲ့သမ္မတ

    မာဒူရို (သို့မဟုတ်) ပြည်သူလူထုရဲ့ပိုက်ဆံ – နိုင်ငံ့ငွေကြေးကို အိမ်သာသုံးစက္ကူလောက်တောင်မတန်အောင် လုပ်ခဲ့တဲ့သမ္မတ

    ❝မာဒူရို (သို့မဟုတ်) ပြည်သူလူထုရဲ့ပိုက်ဆံ – နိုင်ငံ့ငွေကြေးကို အိမ်သာသုံးစက္ကူလောက်တောင်မတန်အောင် လုပ်ခဲ့တဲ့သမ္မတ❞ ဗင်နီဇွဲလားသမ္မတ မာဒူရို (Nicolás Maduro) နဲ့ဇနီးကို အမေရိကန်က ယနေ့မှာပဲ စစ်ဆင်ရေးတစ်ခုနဲ့ ဖမ်းဆီးခေါ်ထုတ်သွားပြီဆိုတဲ့ သတင်းကို ထရမ့်ကသူ့ဆိုရှယ်မီဒီယာမှာ ပြောကြားလိုက်တာဟာ လက်တင်အမေရိကတင်မကဘဲ တစ်ကမ္ဘာလုံးက စွမ်းအင်စျေးကွက်နဲ့ သံတမန်ရေးရာလောကကိုပါ ကိုင်လှုပ်သွားတာဖြစ်ပါတယ်။ လာမဲ့ အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲအပြီးမှာ ဒီကိစ္စမှန်မမှန်နဲ့ ဘယ်နည်းဘယ်ပုံ ကြက်ကလေးငှက်လေးဖမ်းသလို ဖမ်းသွားတာလဲဆိုတာ သိရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ရုရှားဒုံးကျည်နဲ့ပြည်ပအကူအညီလက်နက်တွေပိုင်ဆိုင်ထားပါတယ်ဆိုတဲ့ ဗင်နီဇွဲလားလေကြောင်းကာကွယ်ရေးက ဘာမှမလုပ်နိုင်ခဲ့ဘူးလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ဒါဟာ ဟူးဂိုးချားဗက်စ် (Hugo Chávez) ကွယ်လွန်ပြီးနောက်ပိုင်း ဒေသတွင်းမှာ အကြီးမားဆုံး နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး – မျိုးဆက်တစ်ခုစာလောက် ဗင်နီဇွဲလားကို အာဏာရှင်စနစ်နဲ့ပုံဖော်ခဲ့တဲ့ခေါင်းဆောင်မျိုးဆက်တစ်ဆက် နိဂုံးချုပ်သွားတာပဲ ဖြစ်ပါတယ်။ မာဒူရိုဟာ ကမ္ဘာ့ရေနံသယံဇာတ အများဆုံးနိုင်ငံတစ်ခုဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံကို…

  • ဒို့ကိုကြိုက်ရင် အိမ်ကိုလိုက်ခဲ့

    ဒို့ကိုကြိုက်ရင် အိမ်ကိုလိုက်ခဲ့

    ဒီနေ့တစ်နေကုန်တာ စောက်ကျိုးနည်းချင်စရာကြီး ဗျာ။ နေ့လယ်ခင်းကဆို ပိုဆိုးသေးတယ်။ နေက မတရားပူ၊ ချွေးတပျံပျံနဲ့ ဘာမှလုပ်လို့မရဘူး။ ကျွန်တော်တို့ ငယ်ငယ်ကထက် အခု ပိုပူလာသလိုပဲ။ ကျွန်တော်ဘဲထင်လို့လား ဒါမှမဟုတ် ကျွန်တော့်ရဲ့ မကောင်းမှုတွေအတွက် စရံသတ်တဲ့အနေနဲ့ ကျွန်တော်သွားတဲ့ နေရာတလျှောက် အိုဇုံးလွှာကို အပေါက်ဖောက်ပြီး ငရဲရဲ့ အရသာကို မြည်းစမ်းစေလားဘဲ ..။ ခင်ဗျားလည်း ကြုံဖူးမှာပါ ဟုတ်တယ်မဟုတ် လား..။ အာ .. ဒါဆိုရင် ခင်ဗျား .. ငရဲရဲ့ အရသာကို မြည်းစမ်းနေရတဲ့ ဒုစရိုက်သားကောင် တစ်ကောင်ဘဲ ..။ သူတော်ကောင်းဆို အေးမြလို့ တစ်ချက်ကလေးမှ ပူတယ် အေးတယ်လို့ မငြီးဘူး။ အေးလေ .. ဒီစာအုပ်ဖတ်ပြီ ဆိုမှတော့ ခင်ဗျားဟာ မကောင်းဆိုးဝါး တစ်ကောင်ပဲ။ အေးဗျာ…