Category: News
-

သစ်ပင်ပေါ်အထိ လွှင့်စင်သွားခဲ့တဲ့ ဆိုင်ကယ်တိုက်မှု
သစ်ပင်ပေါ်အထိ လွင့်စင်သွားခဲ့တဲ့ ဆိုင်ကယ်တိုက်မှုကြောင့် အထက်တန်းကျောင်းသားလေး ကွယ်လွန် မနက်ခင်းရဲ့ လတ်ဆတ်တဲ့လေထုနဲ့အတူ ကျောင်းသွားဖို့ ပြင်ဆင်နေကြမယ့် အချိန်လေးတစ်ခုမှာပဲ အရမ်းကို စိတ်မကောင်းစရာ ဖြစ်ရပ်ဆိုးတစ်ခုကို ကြားလိုက်ရပါတယ်။ (စက်တင်ဘာ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်) မနက် ၇ နာရီ ၃၀ မိနစ် အချိန်လောက်က ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းမကြီးပေါ်မှာ မမျှော်လင့်ထားတဲ့ ယာဉ်မတော်တဆမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ လမ်းလယ်အုတ်ခုံကို ဆိုင်ကယ် အရှိန်လွန် ဝင်တိုက်မိရာကနေ အသက်မပြည့်သေးတဲ့ အထက်တန်းကျောင်းသားလေး မောင်ရဲနိုင် ဟာ အခင်းဖြစ်ပွားရာ နေရာမှာတင် ကံကြမ္မာဆိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တိုက်မိတဲ့ အရှိန်ပြင်းလွန်းတာကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကျောင်းသားလေးဟာ လွင့်စင်သွားခဲ့ပြီး အနီးနားက သစ်ပင်ပေါ်အထိ ရောက်ရှိ ကွယ်လွန်ခဲ့ရတဲ့အထိ စိတ်မချမ်းမြေ့ဖွယ် မြင်တွေ့ခဲ့ရပါတယ်။ အရွယ်လေးနဲ့မှ…
-

AA လက်မှာ ပြုတ်²ပြုန်းခဲ့ရတဲ့ ၄၉၂၆ စစ်ဆင်ရေး
စစ်တွေနှင့်ပုဏ္ဏားကျွန်းမြို့တို့သို့ စစ်တပ်က အင်အား ၁၀၀၀ ဝန်းကျင် ထိုးစစ်ဆင်သော်လည်း တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများ အပါအဝင် သေဆုံးထိခိုက်သူ ၁၀၀ ကျော်ဖြင့် အထိနာ ရခိုင်နှင့်ထိစပ်နေသော မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင်လည်း အင်အားထောင်ချီပါသော စစ်တပ်၏ ထိုးစစ်များမှာလည်း တပ်ရင်းမှူးများ အပါအဝင် စစ်သားအလောင်းများစွာဖြင့် အဆုံး သတ် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က အင်အား ၁,၀၀၀ ဝန်း ကျင်ကို စစ်ကြောင်း ၅ ကြောင်းခွဲ၍ ထိုးစစ်ဆင်နေသော်လည်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများအပါအဝင် သေဆုံးထိခိုက်သူ ၁၀၀ ကျော်ရှိလာကြောင်း အာရက္ခတပ်တော် (AA) စစ်ရုံးချုပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။ စက်တင်ဘာ ၄ ရက်နေ့ နံနက်…
-

တံတားဦး ငှက်သိုက်ကို အုံးခဲ့ကြတဲ့ သစ်တောအုပ်ထဲမှ အမျိုးသမီးများ
💥 တံတားဦး လေတပ်ကို တိုက်ခိုက်ခဲ့သည့် သစ်တောအုပ်ထဲမှ အမျိုးသမီးများ စစ်ကိုင်းနှင့် မန္တလေး နယ်စပ်ရှိ သစ်တောအုပ်တစ်ခု၏ ရွက်အုပ်အောက်တွင် မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်နေသည့် အမျိုးသမီးငယ်နှစ်ဦး၏ မျက်လုံးများသည် မျက်မှန်နက်များ၏ ဖန်သားပြင်ထက်၌သာ စူးစိုက်ပြီး မလှုပ်မယှက် ရှိနေသည်။ သူမတို့၏ လက်ချောင်းများက ဒရုန်းထိန်းချုပ်စက်၏ ခလုတ်များကို သွေးအေးငြိမ်သက်စွာ ကိုင်တွယ်လှုပ်ရှားနေသော်လည်း၊ ခေါင်းပေါ်ရှိ သစ်ရွက်အုပ်များအကြားမှ ပူပြင်းသည့် နေရောင်ခြည်သည် သူမတို့၏ သစ်တောရောင် စစ်ဝတ်စုံအဟောင်းများထက်သို့ ထက်ထက်သန်သန် ကျရောက်နေသည်။ သူမတို့သည် သာမန်ဒရုန်းမောင်းသူများ မဟုတ်ကြပါ။ အရပ်သားများအပေါ် လေကြောင်းမှ အညှာတာမဲ့ ဗုံးကြဲတိုက်ခိုက်နေသည့် အကြမ်းဖက်စစ်တပ်၏ အဓိက စစ်ဘက်ဆိုင်ရာ ဗဟိုချက်မတစ်ခုဖြစ်သော တံတားဦးလေတပ်စခန်းကို အနီးကပ် ဝင်ရောက်ထိုးနှက်သည့် နည်းပညာသုံး စစ်ဆင်ရေး၏ အဓိက ဦးနှောက်နှင့် လက်ရုံးများ ဖြစ်ကြသည်။…
-

ထိုင်းမှာ နာမည်ကျော်သွားတဲ့ဆရာတော်ဆီက ဘတ်သန်း ၁၀၀ ကျော်နဲ့ ရွှေချောင်းတွေ
အယုဒ္ဓယကျောင်းထိုင်ဆရာတော်၏ အခန်းထဲမှ ဘတ်သန်း ၁၀၀ ကျော် တန်ဖိုးရှိ ငွေသားနှင့် ရွှေချောင်းများ တွေ့ရှိ၊ ဒကာမထံမှလည်း ဘတ် ၁၀ သန်းကျော်သိမ်းဆည်းရမိထား ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်တွင် ဘုန်းကြီးကျောင်းရန်ပုံငွေ ဘတ် ၉၂ သန်းကျော် အလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံထားရသည့်ကျောင်းထိုင်ဆရာတော်ဟောင်း၏ အခန်းတွင်းမှ ဘတ်သန်း ၁၀၀ ကျော် တန်ဖိုးရှိ ငွေသားများနှင့် ရွှေချောင်းများကို ရဲတပ်ဖွဲ့ကရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ ငွေကြေးခဝါချမှု၊ အလွဲသုံးစားလုပ်မှုများဖြင့် သက်တော် ၆၆ နှစ်အရွယ် ဆရာတော်ဟောင်း Phra Wachirayan Wi. ကိုဖမ်းဆီးလိုက်ပြီးနောက် တာဝန်ရှိသူများက ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းလျှို့ဝှက်သိမ်းဆည်းထားသည့် ဘတ် သန်း ၁၀၀ ကျော်တန်ဖိုးရှိ ငွေသားများ နှင့် ရွှေချောင်း အများအပြားကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ကျောင်းထိုင်ဆရာတော်မှ…
-

တံတားဦးပွဲ နောက်ဆက်တွဲ နည်းဗျူဟာမှူး တကောင် စနိုက်ပါစာမိ
တံတားဦးလေတပ် တိုက်ခိုက်ခံနေရပြီးနောက် လေတပ်မှ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး မျိုးလှိုင်ဦး Sniper ထိမှန်သေဆုံး မန္တလေးတိုင်း၊ တံတားဦးလေတပ်ကို တော်လှန်ရေးတပ်တွေက အသေခံ FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ဆက်လက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ အမှတ် (၇) လေကြောင်းရန် ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီး မျိုးလှိုင်ဦးဟာ Sniper ထိမှန်သေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဒုဗိုလ်မှူးကြီး မျိုးလှိုင်ဦးဟာ တံတားဦးမြို့နယ်၊ အမှတ် ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းက ဖြစ်ပြီး လေတပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီးနောက် ဒရုန်းတွေ ပျံတက်လာတဲ့ အနောက်တောင်ဘက်ကို ဦးတည် စစ်ကြောင်းထိုးဖို့ ထွက်ခွာစဉ်မှာ Sniper ထိမှန်ခဲ့တာ ဖြစ်ပါတယ်။ “သူက စစ်တက္ကသိုလ် အပတ်စဉ် (၄၂) ပေါ့နော်။ Sniper ထိပြီးတော့…