Category: News
-

မြန်မာပြည်သူတွေကို ထွက်ခတ်,ခတ်ခဲ့တဲ့ တယ်လီနော နာပြီ
မြန်မာနိုင်ငံမှ ထွက်ခွာစဉ် ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုဥပဒေ ချိုးဖောက်မှုနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများကို ကူညီပံ့ပိုးမှု သံသယဖြင့် Telenor ကုမ္ပဏီကို နော်ဝေအာဏာပိုင်များက စုံစမ်းစစ်ဆေး မြန်မာနိုင်ငံတွင် ယခင်က လုပ်ငန်းလုပ်ကိုင်ခဲ့စဉ် ပိတ်ဆို့အရေးယူမှုဥပဒေ ချိုးဖောက်ခဲ့သည်ဟု သံသယရှိခြင်းနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကူညီပံ့ပိုးခဲ့သည်ဟု သံသယရှိခြင်းတို့ဖြင့် နော်ဝေတယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီ Telenor ASA ကို နော်ဝေအာဏာပိုင်များက စုံစမ်းစစ်ဆေးမှု ဖွင့်လှစ်ပြီး တရားဝင် စွဲချက်တင်ထားကြောင်း Telenor က စက်တင်ဘာလ ၁၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။ Telenor ၏ ထုတ်ပြန်ချက်အရ ကုမ္ပဏီအပေါ် တရားဝင် စွဲချက်တင်ထားသည့် အမှုမှာ ၂ ခုရှိပြီး တစ်ခုမှာ ပိတ်ဆို့အရေးယူမှုဥပဒေကို ချိုးဖောက်သည်ဟူသော သံသယဖြစ်ကာ နောက်တစ်ခုမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်…
-

နောက်ဆုံးအချိန်ထိ ထောက်ပို့ပေးသွားတဲ့ မြစ်ဧရာထဲက ရောမျောကမ်းတင်လေးများ
ဧရာဝတီမြစ်ထဲမျောလာတဲ့ စစ်အုပ်စုအလောင်းများထံမှ ခဲယမ်းတွေ မတ္တရာ ပကဖ လိုက်လံဆယ်ယူရရှိ ဧရာဝတီမြစ်အတွင်း မျောပါလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေထံမှ ခဲယမ်းအချို့ကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တွေက သိမ်းဆည်းရရှိခဲ့တယ်လို့ စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ထားတဲ့ အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရွှေကူနဲ့ ဗန်းမော်မြို့နယ်မှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် နစ်မြုပ်သွားနဲ့ သင်္ဘောတွေနဲ့အတူ သေဆုံးပြီး ဧရာဝတီမြစ်အတွင်း မျောပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေထံမှ ၅.၅၆ ကျည်အချို့ကို ပကဖ ရဲဘော်တွေက လိုက်လံဆယ်ယူရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ စစ်တပ်ရဲ့ သင်္ဘောတွေကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဩဂုတ်လမှစတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ဘက်သုံး တိုက်ရေယာဉ်တွေအပါအဝင် သင်္ဘောအများအပြား ဧရာဝတီမြစ်ထဲမှာ ပျက်စီးနစ်မြုပ်ခဲ့ကြသလို…
-

လူT-တ်ပြီး D.B ဖျောက်ခဲ့တဲ့ လှိုင်သာယာအုပ်ကြီး
လှိုင်သာယာတွင် လူငယ်တစ်ဦးကို ဖမ်းဆီး၍ လူသတ်အလောင်းဖျောက်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အပေါင်းပါများ ယနေ့ (စက်တင်ဘာ ၁၅) နံနက်ပိုင်းက ဖမ်းဆီးခံကြောင်း သိရပါတယ်။ “စစ်မှုထမ်းအတွက် လူငယ်တစ်ဦးကို ဖမ်းတယ်။ လူငယ်ကို ရပ်ကွက်ရုံးမှာ ရိုက်နှက်တော့ ရုံးထဲမှာ သေဆုံးသွားတယ်။ ဒါကို တစ်နေကုန် ထားရှိခဲ့ပြီး ညသန်းခေါင်ကျော်ပြီး၍ နောက်တစ်နေ့နံနက် (၂)နာရီခန့်တွင် CCTV ကင်မရာပိတ်၊ မီးအမှောင်ချ၍ ၎င်းအလောင်းကို ကားနောက်ဖုံးထဲထည့်၍ FMI နှင့် ရှမ်းကျောင်းကျေးရွာနှစ်ခု ဘေးရှိ ဆိပ်ကမ်းသာပတ်လမ်း ခြုံပုတ်တွင် မှောက်လျက်အနေအထားဖြင့် သွားရောက်စွန့်ပစ်ခဲ့တယ်”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့တော့ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် လူသတ်အလောင်းဖျောက်ရာတွင် ပါဝင်သူများကို ဖမ်းဆီးပြီး စစ်ဆေးနေတယ်။ ၎င်းတို့ကို…
-

PDF – Zoland က ထွက်ပြေးသွားသူတွေ ခရစ်ယာန်အသင်းအုပ်ဆရာတစ်ဦးကို P-စ်T-တ်
တီးတိန်တွင် ထွက်ပြေးနေသည့် စစ်သုံ့ပန်းများ ပစ်ခတ်မှုကြောင့် ခရစ်ယာန်အသင်းအုပ်ဆရာ ကွယ်လွန်၊ အကိုဖြစ်သူ ဒဏ်ရာရဟုဆို ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများ ထွက်ပြေးလွတ်မြောက်နေပြီး ၎င်းတို့၏ ပစ်ခတ်မှုကြောင့် ခရစ်ယာန်အသင်းအုပ်ဆရာတဦး ကွယ်လွန်၍ အကိုဖြစ်သူ ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။ တီးတိန်မြို့နယ်အခြေစိုက် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၈၀ ခန့်သည် စက်တင်ဘာ ၁၃ ရက်တွင် အချုပ်စောင့် ရဲဘော်ကို တိုက်ခိုက်ပြီး လက်နက်များ ယူဆောင်ကာ ထွက်ပြေးခဲ့ကြသည်။ ယင်းနောက် လမ်းဇန်ကျေးရွာ နှစ်ခြင်းအသင်းတော်မှ ဘာသာရေးကိစ္စဖြင့် ခရီးသွားနေသည့် သိက္ခာတော်ရအသင်းအုပ်ဆရာ ဒါလ်ထောင်မ်တွမ်နှင့် အကိုဖြစ်သူတို့ကို စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် စစ်သုံ့ပန်းများက…
-

တောင်ယာပဲ ပြန်လုပ်စားချင်တော့တယ်
တောင်ယာပဲ ပြန်လုပ်စားချင်တော့တယ်” ဟု နောက်ဆုံးဆန္ဒပြုခဲ့ရှာသည့် အကြော်ဆရာလေး၏ ကြေကွဲဖွယ်နိဂုံး “အေးအေးချမ်းချမ်းနဲ့ တောင်ယာပဲ ပြန်လုပ်စားချင်တော့တယ်” ဆိုတဲ့ စကားလေးကတော့ ဘားဆိုင်မီးလောင်မှုမှာ ကွယ်လွန်သွားခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ် အကြော်ဆရာလေး မောင်အောင်မင်းသူရဲ့ လူမှုကွန်ရက်ထက်က နောက်ဆုံးချန်ရစ်ခဲ့တဲ့ စာသားလေးပဲ ဖြစ်ပါတယ်။ နယ်ပြန်ပြီး မိဘတွေနဲ့အတူ တောင်ယာအလုပ်လေးလုပ်ရင်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းချင်ခဲ့တဲ့ သူ့ရဲ့ရိုးရှင်းလှတဲ့ အိပ်မက်လေးဟာ အခုတော့ ထာဝရလွင့်စင်သွားခဲ့ပါပြီ။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့၊ ည ၈ နာရီ ၁၉ မိနစ်အချိန်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ Bar4U ဘီယာဆိုင်တွင် ဆိုင်တွင်းမွေးနေ့ပွဲ ပြုလုပ်နေစဉ် ညှော်နံ့ရသဖြင့် လိုက်လံရှာဖွေရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ချက်ချင်းရှာမတွေ့သဖြင့် မီးများပိတ်၍ ရှာဖွေရာ Lighting မီးမှတစ်ဆင့်…