Category: News
-

လူT-တ်ပြီး D.B ဖျောက်ခဲ့တဲ့ လှိုင်သာယာအုပ်ကြီး
လှိုင်သာယာတွင် လူငယ်တစ်ဦးကို ဖမ်းဆီး၍ လူသတ်အလောင်းဖျောက်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖမ်းဆီး ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အပေါင်းပါများ ယနေ့ (စက်တင်ဘာ ၁၅) နံနက်ပိုင်းက ဖမ်းဆီးခံကြောင်း သိရပါတယ်။ “စစ်မှုထမ်းအတွက် လူငယ်တစ်ဦးကို ဖမ်းတယ်။ လူငယ်ကို ရပ်ကွက်ရုံးမှာ ရိုက်နှက်တော့ ရုံးထဲမှာ သေဆုံးသွားတယ်။ ဒါကို တစ်နေကုန် ထားရှိခဲ့ပြီး ညသန်းခေါင်ကျော်ပြီး၍ နောက်တစ်နေ့နံနက် (၂)နာရီခန့်တွင် CCTV ကင်မရာပိတ်၊ မီးအမှောင်ချ၍ ၎င်းအလောင်းကို ကားနောက်ဖုံးထဲထည့်၍ FMI နှင့် ရှမ်းကျောင်းကျေးရွာနှစ်ခု ဘေးရှိ ဆိပ်ကမ်းသာပတ်လမ်း ခြုံပုတ်တွင် မှောက်လျက်အနေအထားဖြင့် သွားရောက်စွန့်ပစ်ခဲ့တယ်”ဟု ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့တော့ အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် လူသတ်အလောင်းဖျောက်ရာတွင် ပါဝင်သူများကို ဖမ်းဆီးပြီး စစ်ဆေးနေတယ်။ ၎င်းတို့ကို…
-

PDF – Zoland က ထွက်ပြေးသွားသူတွေ ခရစ်ယာန်အသင်းအုပ်ဆရာတစ်ဦးကို P-စ်T-တ်
တီးတိန်တွင် ထွက်ပြေးနေသည့် စစ်သုံ့ပန်းများ ပစ်ခတ်မှုကြောင့် ခရစ်ယာန်အသင်းအုပ်ဆရာ ကွယ်လွန်၊ အကိုဖြစ်သူ ဒဏ်ရာရဟုဆို ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း ထိန်းသိမ်းထားသည့် စစ်သုံ့ပန်းများ ထွက်ပြေးလွတ်မြောက်နေပြီး ၎င်းတို့၏ ပစ်ခတ်မှုကြောင့် ခရစ်ယာန်အသင်းအုပ်ဆရာတဦး ကွယ်လွန်၍ အကိုဖြစ်သူ ဒဏ်ရာရရှိသွားကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။ တီးတိန်မြို့နယ်အခြေစိုက် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၈၀ ခန့်သည် စက်တင်ဘာ ၁၃ ရက်တွင် အချုပ်စောင့် ရဲဘော်ကို တိုက်ခိုက်ပြီး လက်နက်များ ယူဆောင်ကာ ထွက်ပြေးခဲ့ကြသည်။ ယင်းနောက် လမ်းဇန်ကျေးရွာ နှစ်ခြင်းအသင်းတော်မှ ဘာသာရေးကိစ္စဖြင့် ခရီးသွားနေသည့် သိက္ခာတော်ရအသင်းအုပ်ဆရာ ဒါလ်ထောင်မ်တွမ်နှင့် အကိုဖြစ်သူတို့ကို စက်တင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် စစ်သုံ့ပန်းများက…
-

တောင်ယာပဲ ပြန်လုပ်စားချင်တော့တယ်
တောင်ယာပဲ ပြန်လုပ်စားချင်တော့တယ်” ဟု နောက်ဆုံးဆန္ဒပြုခဲ့ရှာသည့် အကြော်ဆရာလေး၏ ကြေကွဲဖွယ်နိဂုံး “အေးအေးချမ်းချမ်းနဲ့ တောင်ယာပဲ ပြန်လုပ်စားချင်တော့တယ်” ဆိုတဲ့ စကားလေးကတော့ ဘားဆိုင်မီးလောင်မှုမှာ ကွယ်လွန်သွားခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ် အကြော်ဆရာလေး မောင်အောင်မင်းသူရဲ့ လူမှုကွန်ရက်ထက်က နောက်ဆုံးချန်ရစ်ခဲ့တဲ့ စာသားလေးပဲ ဖြစ်ပါတယ်။ နယ်ပြန်ပြီး မိဘတွေနဲ့အတူ တောင်ယာအလုပ်လေးလုပ်ရင်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းချင်ခဲ့တဲ့ သူ့ရဲ့ရိုးရှင်းလှတဲ့ အိပ်မက်လေးဟာ အခုတော့ ထာဝရလွင့်စင်သွားခဲ့ပါပြီ။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့၊ ည ၈ နာရီ ၁၉ မိနစ်အချိန်က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ Bar4U ဘီယာဆိုင်တွင် ဆိုင်တွင်းမွေးနေ့ပွဲ ပြုလုပ်နေစဉ် ညှော်နံ့ရသဖြင့် လိုက်လံရှာဖွေရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ချက်ချင်းရှာမတွေ့သဖြင့် မီးများပိတ်၍ ရှာဖွေရာ Lighting မီးမှတစ်ဆင့်…
-

မြစ်ဝကျွန်းပေါ်မှာ အင်အားတဝက်နဲ့ ခြေကုန်သုတ်🏃🏻သွားပြန်တဲ့ လပ်တီး
ဧရာဝတီတွင် အင်အားထောင်ချီပို့ထားသည့် ရွေးတုအစိုးရစစ်တပ် အင်အားထက်ဝက်ကျော် ပြုန်းတီးပြီး တပ်အချို့ပြန်လည်ဆုတ်ခွာနေရ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသသို့ အင်အားထောင်ချီ ပေးပို့ထားသည့် ရွေးတုအစိုးရစစ်တပ်သည် စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲများအတွင်း အင်အားထက်ဝက်ကျော် ပြုန်းတီးသွားခဲ့သဖြင့် တပ်အချို့ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ရေကြည်၊ သာပေါင်း နှင့် လေးမျက်နှာမြို့နယ် အပါအဝင် ပုသိမ် (ငဝန်) မြစ် အနောက်ဘက်ကမ်းတွင် စစ်ရေးတင်းမာနေဆဲဖြစ်သော်လည်း သာပေါင်းမြို့နယ် ငဝန်မြစ်အနောက်ဘက်ကမ်းတွင် ရောက်ရှိနေသည့် စစ်ကြောင်းများသည် စစ်ယာဉ် ခြောက် စီးဖြင့် စက်ဒေါင့်ကြီးဆိပ်ကမ်းမှ ယခု စက်တင်ဘာ ဒုတိယပတ်တွင် ထွက်ခွာသွားခဲ့ကာ အဆိုပါနယ်မြေတွင် အင်အားများစွာ ပြုန်းတီးပြီးနောက် ပြန်လည်ဆုတ်ခွာသွားခဲ့ခြင်းဖြစ်သည်။ ”ဩဂုတ်လကုန်ကာနီးက အင်အား တစ်ထောင်ကျော် ဧရာဝတီထဲ အရောင်ပြဝင်လာပြီး ရခိုင်ဘက်ပြန်ထွက်သွားရပါတယ်။ အင်အားတချို့လည်း ကားတွေနဲ့…
-

၂ ရက်အတွင်း လူ ၄ ဦး T a y ခဲ့ရတဲ့ DEMU အမြန်ရထား
အမြန်ရထားနဲ့ လမ်းဖြတ်ကူးတဲ့ ယာဉ်တွေတိုက်လို့ နှစ်ရက်အတွင်း လေးဦးသေဆုံး နှစ်ရက်အတွင်းမှာ DEMU အမြန်ရထားတွေနဲ့ ရုတ်တရက်လမ်းဖြတ်ကူးတဲ့ ယာဉ်တွေတိုက်မိပြီး သေဆုံးသူလေးဦးရှိတယ်လို့ မြန်မာ့မီးရထားက အသိပေးထားပါတယ်။ ဒီနေ့ (စက်တင်ဘာ ၁၄) နေပြည်တော်ကနေ နေ့လည် ၁၂ ခွဲထွက်လာတဲ့ အမှတ် ၈ အစုန် DEMU အမြန်ရထားက ပြွန်တန်ဆာနဲ့ ပဲခူးဘူတာကြားမှာ တရားမဝင်လမ်းကူးကနေ ရုတ်တရက် ဖြတ်လာတဲ့ ထွန်စက်နဲ့ တိုက်မိခဲ့ပါတယ်။ ဒီယာဉ်တိုက်မှုကြောင့် ရထားအရှေ့ပိုင်းပျက်ဆီးခဲ့သလို ထွန်စက်လည်း နှစ်ပိုင်းပြတ်သွားပြီး ထွန်စက်ပေါ်မှာလိုက်ပါလာသူ နှစ်ဦးစလုံး သေဆုံးသွားတယ်လို့ သိရပါတယ်။ “တရားမဝင်ရထားလမ်းဖြတ်ကျော်လမ်းကူးတွေကို အပြီးပိတ်ပစ်သင့်တယ်၊အလွယ်လိုက်တော့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။” လို့ ပြည်သူတစ်ဦးကအကြံပြုထားပါတယ်။ မနေ့က(စက်တင်ဘာ၁၃)လည်း ရန်ကုန်က မနက် ၇ နာရီထွက်တဲ့ အမှတ် ၅ အဆန် DEMU…