Category: News
-

Chinland FC ဘောလုံးသမားကို ပြန်တွေ့ပြီ
မြောက်ဒဂုံတွင် ပျောက်ဆုံးသွားသော Chinland FC ဘောလုံးသမားကို ပြန်တွေ့ ပေါ်တာဆွဲခံရသော်လည်း မိခင်ဆီ ပြန်သွားသည်ဟု အကြောင်းပြ ရန်ကုန်မြို့၊ မြောက်ဒဂုံ၊၇/၈ လမ်းဆုံအနီးတွင် ပျောက်ဆုံးသွားသော Chinland FC ဘောလုံးသမား Pa Lung ကို ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။ Pa Lung သည် ၎င်း၏ မိခင်ဖြစ်သူ ကျန်းမာရေး အထူးအရေးပေါ်အခြေအနေကြောင့် အသင်းထံ အကြောင်းကြားနိုင်ခြင်းမရှိဘဲ နေရပ်သို့ အရေးပေါ်ပြန်သွားခဲ့ရာ ခရီးလမ်းတွင် ဖုန်းအားကုန်သွားခြင်းနှင့် အခြားဆက်သွယ်ရေးအခက်အခဲများကြောင့် အသင်းနှင့် ၇ရက်ကြာ အဆက်အသွယ်ပြတ် တောက်သွားခဲ့ပြီးနောက် ယခုအခါ ဘေးကင်းစွာ ပြန်လည်တွေ့ရှိခဲ့ပြီး အသင်းနှင့်လည်း ပြန်လည် ပူးပေါင်းနေပြီဖြစ်ကြောင်း Chinland FC က ယနေ့(ဩဂုတ်၂၉ရက်)သတင်းထုတ်ပြန်သည်။ ရန်ကုန်အခြေစိုက် အားကစားကလောင်ရှင်တစ်ဦးကမူ “ ကျနော်တို့သိထားတာကတော့ ပေါ်တာ…
-

ဒူဝါးတွေ ကြိုပြောပြီးမှ ဒွမ်တာ
ဗန်းမော်မြို့လာတဲ့ စစ်သင်္ဘောတွေ လက်ဗလာနဲ့ကြိုမှာမဟုတ်ဘူးလို့ KIAပြောပြီး နောက်တစ်ရက်မှာ တိုက်ခိုက်လို့ သင်္ဘော ၁ စီး မီးလောင် စစ်သင်္ဘောအားလုံး ရွှေကူမြို့ဘက် ပြန်လှည့်ပြေး ကချင်ပြည်နယ်ꩻ ရွှေကူကနေ ဗန်းမော်မြို့ဘက်ကို ဆက်လက်ထွက်ခွာလာတဲ့ စစ်သင်္ဘောအုပ်စုက ရှေ့ပြေးစစ်သင်္ဘော ၁စီးဟာ ဒီကနေ့ဩဂုတ် ၂၉ရက်မနက်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်ခဲ့လို့ မီးလောင်သွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဗန်းမော်မြို့ကို ဦးတည်လာတဲ့ ရှေ့ပြေးစစ်သင်္ဘော ၂စီးအနက်က ၁စီးကို တိုက်ခိုက်နိုင်ခဲ့တာလို့ ပြောပါတယ်။ “(ဗန်းမော်ဘက်)မတက်နိုင်ဘူး။ ရွှေကူအထက် ဇင်းဘုံကိုရောက်တယ်။ အခု ဇင်းဘုံကနေ ပြန်ခေါက်ပြီ သင်္ဘောတွေ။ စစ်သင်္ဘော ၁စီးကတော့ မီးလောင်သွားပြီ။” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း ဩဂုတ် ၂၉ရက် မနက်…
-
လေလွင့် ခွေးရူးတစ်ကောင်က ကိုက်သွားလို့ ဆရာမလေးအပါ ၅ ယောက် ဆေးရုံတင်ထားရ
ကျောင်းဆရာမ ၁ ဦး အပါအဝင် ၅ ဦးကို ခွေးရူးတစ်ကောင်က ကိုက်သွားလို့ ဆေးရုံတင်ပြီး ကုသနေရ မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ကျောင်းဆရာမ ၁ ဦး အပါအဝင် ကျေးရွာက ဒေသခံ ၅ ဦး ထက်မနည်းကို ခွေးရူးတစ်ကောင်က လိုက်ကိုက်လို့ ဆေးရုံတင်ပြီး ကုသထားရတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၉ ရက် ဒီကနေ့မနက်ပိုင်းက အုတ္တံတားကျေးရွာမှာ ခွေးရူးတကောင်ပေါ်လာပြီး လူ ၅ ဦးကို ကိုက်ခဲ့တယ်လို့ သိရပါတယ်။ “ညောင်ဝိုင်းဘက်ကနေ ပြေးလာတဲ့ ခွေးပါ။ လူတွေ ဝိုင်းလိုက်လို့ ပြေးရင်းနဲ့ လမ်းတွေ့တဲ့သူကို ကိုက်သွားတာ။ ကျောင်းဆရာမလေးတယောက်လည်း အကိုက်ခံရတယ်။ ရူးကုန်မှာစိုးလို့ ဆေးရုံတင်ပြီး အကုန်လုံးကို ဆေးထိုးထားပြီး စောင့်ကြည့်နေရတယ်။ ခွေးကိုတော့ စာကြည့်တိုက်နားမှာ ဝိုင်းရိုက်လိုက်ကြပါပြီ”…
-
ငမိုးရိပ်ရေကျော်နေပြီ
ငမိုးရိပ်ရေကျော်နေပြီ ရန်ကုန်မြို့ခံများ သတိပြုရန် ရန်ကုန်မြို့ရဲ့ သွေးကြောတစ်ခုလို ဖြတ်သန်းစီးဆင်းနေတဲ့ ငမိုးရိပ်ချောင်းဘေးက ပြည်သူတွေအတွက်တော့ ဒီကနေ့ဟာသတိထားရမယ့် နေ့တစ်နေ့ ဖြစ်လာခဲ့ပါတယ်။ ဩဂုတ်လ ၂၈ ရက်နေ့၊ နေ့လယ် ၁၂ နာရီလောက်ကစပြီး လှည်းကူးမြို့နယ်ထဲက ငမိုးရိပ်ရေလှောင်တမံဟာ ရေစတင်လျှံကျလာပြီဆိုတဲ့ သတင်းကြောင့် ချောင်းဘေးတစ်လျှောက် နေထိုင်ကြသူတွေရဲ့ ရင်ထဲမှာ စိုးရိမ်သောကမီးတွေ စတင်တောက်လောင်လာခဲ့ပါပြီ။ ငမိုးရိပ်ရေလှောင်တမံရဲ့ တရားဝင်စာမျက်နှာကနေ နေ့လယ်ပိုင်းမှာ ထုတ်ပြန်လာတဲ့ အချက်အလက်တွေအရ ဆည်ရေမှတ်ဟာ ၁၀၇ ဒသမ ၁၀ ပေကို ရောက်ရှိနေပြီး၊ ရေပိုလွှဲကနေ သုည ဒသမ ၁၀ ပေခန့် ရေစကျော်ကျနေပြီလို့ သိရပါတယ်။ တာဝန်ရှိသူတွေဘက်ကတော့ အခုလို ရေကျော်ကျမှုဟာ “သာမန်အခြေအနေ” သာဖြစ်တယ်လို့ သတင်းထုတ်ပြန် အသိပေးထားပေမဲ့၊ လက်တွေ့မြေပြင်မှာ နေထိုင်ရတဲ့ ရန်ကုန်မြို့ခံတွေအတွက်တော့ ဒီအခြေအနေကို…
-
သမီးကို လေဆိပ်လိုက်ပို့အပြန် မိသားစုလိုက် ကွယ်လွန်ခဲ့ရတဲ့ အဖြစ်ဆိုး
“သမီးကို လေဆိပ်လိုက်ပို့အပြန် မိသားစုလိုက် ကွယ်လွန်ခဲ့ရတဲ့ အဖြစ်ဆိုး” မျှော်လင့်ချက်တွေနဲ့ နိုင်ငံခြားကို ထွက်ခွာသွားတဲ့ သမီးလေးကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ခဲ့ကြတဲ့ မိသားစုတစ်ခုရဲ့ အိမ်အပြန်ခရီးဟာ ဒီလောက်အထိ ဆိုးရွားကြေကွဲစရာ ကောင်းလိမ့်မယ်လို့ ဘယ်သူက ထင်မှတ်ထားခဲ့မိမှာလဲ။ မိသားစုကို လုပ်ကျွေးပြုစုချင်လို့ ဂျပန်နိုင်ငံကို ထွက်ခွာသွားတဲ့ သမီးငယ်လေးတစ်ဦးဟာ ဂျပန်မြေကို ခြေချလိုက်တာနဲ့ သူမရဲ့ ဘဝတစ်ခုလုံး ပြိုလဲသွားစေမယ့် အဆိုးရွားဆုံး သတင်းဆိုးကြီးတစ်ခုကို ကြားလိုက်ရပါတယ်။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်နေ့က ကျောက်ပန်းတောင်းမြို့နယ်ကနေ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်မယ့် အမျိုးသမီးငယ်လေးတစ်ဦးကို ရန်ကုန်လေဆိပ်အထိ မိခင်၊ အဒေါ်၊ အသက် ၈၄ နှစ်အရွယ် အဘွားနဲ့ ဆွေမျိုးတွေအပြင် ဆရာတော်တစ်ပါးကပါ မေတ္တာရှေ့ထားပြီး လိုက်လံပို့ဆောင်ပေးခဲ့ကြပါတယ်။ သမီးလေး လေယာဉ်ပေါ်ကို အဆင်ပြေစွာ တက်ရောက်သွားချိန်မှာတော့…