📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: News

  • တယ်လီနောအမှုကို တရားရုံးက လက်ခံလိုက်ပြီ

    တယ်လီနောအမှုကို တရားရုံးက လက်ခံလိုက်ပြီ

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောကုမ္ပဏီဟာ မြန်မာစစ်တပ်ဆီကို သုံးစွဲသူတွေရဲ့ အရေးကြီးကိုယ်ရေးအချက်အလက်တွေ မျှဝေခဲ့လို့ ထိခိုက်နစ်နာခဲ့တယ်ဆိုပြီး တရားစွဲထားတဲ့အမှုကို နော်ဝေတရားရုံးက လက်ခံလိုက်ပြီ ဖြစ်ပါတယ်။ သေဒဏ်ပေးခံခဲ့ရတဲ့ NLD လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်အတွက် သူ့ရဲ့ဇနီးဖြစ်သူ မသဇင်ညွန့်အောင်နဲ့အတူ တယ်လီနောကြောင့် နစ်နာသူ ၁၂၅၃ ဦးတို့က စုပေါင်းတရားစွဲထားတာ ဖြစ်ပါတယ်။ နစ်နာသူတွေ ကိုယ်စား ဆွီဒင်အခြေစိုက် တရားမျှတမှုနဲ့တာဝန်ယူမှုဆိုင်ရာ ဦးဆောင်လှုပ်ရှားမှု အဖွဲ့ (JAI) က တရားလိုလုပ်ပြီး ၂၀၂၆ ဧပြီလမှာ နော်ဝေက အက်စကာနှင့် ဘာရွန် ခရိုင်တရားရုံးမှာ တရားစွဲခဲ့တာပါ။ ဒီအမှုကို ဆက်လက်ဆောင်ရွက်ဖို့ နော်ဝေတရားရုံးက ခွင့်ပြုလိုက်တာဖြစ်တယ်လို့ ဒီအမှုအတွက် ထောက်ပံ့ကူညီပေးနေတဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းများဆိုင်ရာ သုတေသနစင်တာ (SOMO) အဖွဲ့က ထုတ်ပြန်ပါတယ်။ တရားစွဲခံရတဲ့ တယ်လီနော (Telenor ASA)…

  • စင်းခန်းတံတားနားက အုပ်လိုက်ကြီး KIA, KPDF က ဇာတ်သိမ်းပေးလိုက်ပြီ

    စင်းခန်းတံတားနားက အုပ်လိုက်ကြီး KIA, KPDF က ဇာတ်သိမ်းပေးလိုက်ပြီ

    စင်းခန်းတံတားအနီး စစ်အာဏာရှင်တပ်ကို KIA ပူးပေါင်းတပ်က အပြီးသတ်ရှင်းလင်း ရွှေကူကနေ ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကနေ စင်းခန်းတံတားအထက်ဘက်မှာ ချခဲ့တဲ့ စစ်အာဏာရှင်တပ်သားတွေကို အပြီးသတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂ ရက်နေ့ ရွှေကူကနေ ဗန်းမော်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောတွေထဲက တချို့ စင်းခန်းတံတား အထက်ဘက်မှာ ကမ်းကပ်ပြီး စစ်အင်အားတစ်ချို့ ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီစစ်အာဏာရှင်တပ်တွေကို ကချင်လွတ်လပ်ရေးတပ် (KIA) ပူးပေါင်းတပ်တွေက စင်တင်ဘာ ၁၆ ရက်နေ့မှာ အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပြီး ဗန်းမော်နဲ့ စင်းခန်းတံတား အောက်ဘက် ဇင်းဘုံကြားက စစ်အာဏာရှင်တပ်တွေ ကင်းစင်သွားပြီလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။ “အလံဖြူထောင်တဲ့အဖွဲ့တွေကို KIA ပူးပေါင်းတပ်တွေ ဝိုင်းဖမ်းနေတဲ့အချိန်မှာ ကျနော် မသိလိုက်တဲ့အချိန်မှာပဲ စင်ခန်းတံတားအထက်မှာ စစ်အင်အား ၁၀၀လောက်ရှိတဲ့ သင်္ဘောတခု…

  • US ကြေညာချက် တိုင်းပြည်ကို ပတ်ရမ်းတော့မယ်

    US ကြေညာချက် တိုင်းပြည်ကို ပတ်ရမ်းတော့မယ်

    အမေရိကန်က မြန်မာနိုင်ငံကို မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးသည့် အဓိကနိုင်ငံစာရင်းတွင် ထည့်သွင်း စစ်‌ကောင်စီက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လိုက်နာဖို့ ပျက်ကွက်ခဲ့ဟုဆို သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံကို အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တာနဲ့ ဖြတ်သန်းသယ်ဆောင်တဲ့နိုင်ငံအဖြစ် သတ်မှတ်လိုက်ပြီး စစ်ကောင်စီဟာမူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်တွေကို ဆောင်ရွက်ဖို့ ထင်ရှားစွာပျက်ကွက်ခဲ့တယ်လို့ အမေရိကန်အစိုးရက စက်တင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံဟာ ၂၀၂၇ ဘဏ္ဍာနှစ်အတွက် အဓိကမူးယစ်ဆေးဝါး ထုတ်လုပ်တာ ဒါမှမဟုတ် ဖြတ်သန်းသယ်ဆောင်တဲ့ အဓိကနိုင်ငံအဖြစ် သတ်မှတ်လိုက်တာပါ။ အဲဒီလို သတ်မှတ်ခံရတဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ ဘာဟားမား၊ ဘလိဇ်၊ ဘိုလီးဗီးယား၊ မြန်မာ၊ တရုတ်၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ အီကွေဒေါ၊ အယ်လ်ဆာဗေးဒိုး၊ ဂွါတီမာလာ၊ ဟေတီ၊ ဟွန်ဒူးရပ်စ်၊…

  • အာဏာရှင် ထောက်တိုင် ဒုညွှန်မှူးကို ရုံးထဲထိဝင်ဆွဲ

    အာဏာရှင် ထောက်တိုင် ဒုညွှန်မှူးကို ရုံးထဲထိဝင်ဆွဲ

    ရာထူးတိုးနဲ့ ပြောင်းလာတာ မကြာသေးတဲ့ ဒုညွှန်မှူးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီးသွား ချင်းပြည်နယ်၊ ဟားခါးမြို့မှာ ဆည်မြောင်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင် ကို အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက ရုံးထဲအထိ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်က ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ဂေါက်ကွင်းလမ်းဆုံအနီးရှိ ဆည်မြောင်းဦးစီးဌာနရုံးထဲကို အမည်မသိလက်နက်ကိုင် လူငယ်အဖွဲ့တခုက ဝင်ရောက်လာကာ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ပိုင် ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ “ဒီကို ရာထူးတိုးနဲ့ ပြောင်းလာတာ ၂ လလောက်ပဲ ရှိသေးတယ်၊ တခြားလူတွေနဲ့ ပြဿနာတက်ထားတာ မရှိဘူး၊ အဲ့နေ့က ဆိုင်ကယ်တွေနဲ့ ရုံးထဲရောက်လာပြီး ဒုညွှန်မှူးကို ဖမ်းသွားတာ၊ ဒီနေ့အထိ မိသားစုနဲ့ကော ရုံးကလူတွေနဲ့ကော အဆက်သွယ်…

  • ကချင်နဲ့ ရခိုင်မှာ စစ်ဦးကျိုးခဲ့လို့ တပ်ရဲ့ အဆင့် ၃ နေရာ ခုံလှုပ်နေပြီ

    ကချင်နဲ့ ရခိုင်မှာ စစ်ဦးကျိုးခဲ့လို့ တပ်ရဲ့ အဆင့် ၃ နေရာ ခုံလှုပ်နေပြီ

    ကချင်နဲ့ ရခိုင်မှာ စစ်ဦးကျိုးပြီး​နောက်စစ်တပ်အင်္ဂါစဉ်အဆင့်(၃)နေရာ လှုပ်ခတ်လာ ကြည်း၊ ရေ၊ လေ ညှိကွပ် ဗိုလ်ချုပ်ကြီးကိုကိုဦးကို ပြည်ထဲရေးဝန်ကြီးအဖြစ်ပူးတွဲခန့်အပ် အရပ်ဘက်ပါ ကန်ထုတ်ခံလိုက်ရပြီးအရပ်ဘက်ရော စစ်ဘက်ပါ မင်း​အောင်လှိုင်က လုပ်ချင်သလိုလုပ်​နေပြီး မ​​​ကျေလည်မှုများ​နေပြီဟု စစ်​ရေးအကဲခတ်အချို့သုံးသပ် ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကို စစ်ဘက်မူလတာဝန်တွေ ပြန်ထမ်းဆောင်ဖို့နဲ့ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီး အဖြစ်ခန့်အပ်လိုက်တယ်လို့ စက်တင်ဘာလ ၁၇ ရက် ညမှာ စစ်အုပ်စုကကြေညာတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ကိုကိုဦးကို ပြည်ထဲရေးဝန်ကြီး အဖြစ်ခန့်အပ်လိုက်တာက စစ်ဘက်တာဝန်တွေကို လျှော့ချလိုတာလို့ နေပြည်တော်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပါတယ်။ “ဒုဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေကိုစစ်ဘက်ကို ပြန်ပို့တာက မထူးခြားဘူး။ ဗိုလ်ချုပ်ကြီး…