Category: News
-

ကျောင်းသားတွေ အုပ်စုလိုက် ဖိုက်တင်ပွဲမှ Darr နဲ့ ၂ ချက်ထိုးခံရပြီး လူ T-ဆုံးမှုဖြစ် (ရုပ်သံ)
ရန်ကုန်မြို့ စမ်းချောင်းမှာ အုပ်စုလိုက် ရန်ပွဲဖြစ်လို့ လူသေဆုံးမှုဖြစ် ရန်ကုန်မြို စမ်းချောင်းမြို့နယ်မှာ စက်တင်ဘာ ၁၇ ရက်နေ့က info Myanmar ကျောင်းက ကလေး နှစ်ယောက်ကို အုပ်စုလိုက် ဝိုင်းရိုက်တာ တယောက်က ခေါင်းပေါက် တယောက်က အဆုတ်ထိသည်အထိ ဓား၂ ချက်ထိုးခံရပြီး ဆေးရုံရောက်နေကြောင်း သိရသည်။ ဒါကြီးကတော့ လုံးဝ လက်ခံပေးလို့မရပါ. ကျွန်တော်တို့ လည်း ငယ်ငယ်က ရန်ဖြစ်ပါတယ်. ရန်ဖြစ်တာ ဖြစ်လို့ရတယ်. . တော်ရုံ လက်သီးထိုးပါးရိုက်တော်ပြီပေါ့။ ဒါတောင် အုပ်စုလိုက်မလုပ်သင့်ဘူး။ ဘာနာကျည်းချက်မှ မရှိပဲ ပေါ်ပင် ငါ ဓားနဲ့ ထိုးလိုက်တာကွ ဆိုပြီး ကြွယ်ချင်တဲ့ ကလေးတွေ ကိုတော့ ဉပဒေ အတိုင်း သူတို့ထက်မိုက်တဲ့ သူတွေ ရှိတဲ့ အင်းစိန်ကိုပဲ…
-

ကျောင်းပိုင် ကားနဲ့ငွေတွေ ယူပြေးလို့တဲ့
လောင်းလုံးတွင် သီလရှင်တစ်ပါးက ကားတစ်စီးနှင့် ဆရာလေးသုံးပါးကို ခေါ်ဆောင်သွားမှု အပြန်အလှန်အငြင်းပွား လောင်းလုံးမြို့နယ်၊ ကမြောကြီးကျေးရွာအုပ်စု၊ ဆိပ်ပင်အင်းကျေးရွာတွင်ရှိသော သီလရှင်ကျောင်းတွင် သီတင်းသုံးနေ သည့် သီလရှင်တစ်ပါးသည် ဆရာလေး သုံးပါး ခေါ်ဆောင်ပြီး ကားတစ်စီးကို ယူဆောင်သွားမှုအပေါ် နှစ်ဖက်အပြန်အလှန် အငြင်းပွားနေကြ သည်။ အနုဓမ္မာစာရီ သီလရှင်ကျောင်းတွင် ကျောင်းပိုင် သီလရှင် အနုဓမ္မာထေရီနှင့် သီလရှင် အင်္ကုရဉာဏီ တို့ အတူ သီတင်းသုံး နေသည်မှာ သုံးနှစ်ခန့် ကြာမြင့်နေပြီဖြစ်ကြောင်း အဆိုပါသီလရှင်များထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်တွင် အလှူငွေကိစ္စ အငြင်းပွားရာမှ သီလရှင် အင်္ကုရဉာဏီသည် ကျောင်းရှိ ကားတစ်စီးနှင့် အသက် ၉နှစ်မှ ၁၃နှစ်အထိအရွယ် ဆရာလေးသုံးပါးကို ခေါ်ဆောင်ကာ ကျောင်းမှ ထွက်ခွာသွားကြောင်း သီလရှင်ကျောင်း နာယက…
-

ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မှာ သောက်²လဲ ကိန်ခဲ့ကြပြန်ပြီ
ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်စစ်ဆင်ရေး ရွေးတုအစိုးရစစ်တပ် သေဆုံးမှုများပြီး AA တန်ပြန်ထိုးစစ်ကြောင့် ခြေကုတ်စခန်းနှင့် ကာကင်းအချို့ လက်လွှတ်ရ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အစပ်တွင် ရွေးတုအစိုးရစစ်တပ်က စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ လေကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးပစ်ကူများအသုံးပြု၍ စစ်ကြောင်းထိုးစစ်ဆင်ခဲ့သော်လည်း အာရက္ခတပ်တော် (AA) ၏ တန်ပြန်ထိုးစစ်ကြောင့် စစ်တပ်၏ ခြေကုတ်စခန်းများနှင့် ကာကင်းအချို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ကြောင်း သိရသည်။ စက်တင်ဘာ ၁၇ ရက်နေ့အထိ စစ်တပ်၏ ကာကင်းစခန်း လေးခုအထိကို AA ကထိန်းချုပ်လိုက်ပြီး စစ်တပ်ဘက်မှ နောက်ကြောင်းပြန်ဆုတ်ပြေးရသည်ဟုလည်း သိရသည်။ စစ်တွေမြို့ဘက်မှ ပုဏ္ဏားကျွန်းဘက်သို့ စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ်သည် ရှေ့ဆက်မတိုးနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရပြီး အမြင့်ကျွန်းတံတား၊ ရွှေမင်းဂံရေတပ်စခန်းအနီး ကံကော်ကျွန်းဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ…
-

ရဟတ်ယာဉ်ကွင်းပါတဲ့စခန်းကြီး တက်သိမ်းပြီ (ရုပ်သံ)
ခေါင်လန်ဖူးတွင် စစ်တပ်၏ ရဟတ်ယာဉ်ကွင်းပါစစ်စခန်းကြီးတစ်ခုကို KIA နှင့် ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ရွေးတုအစိုးရ စစ်တပ်၏ ဗျူဟာမြောက် နယ်ခြား မှတ်တိုင် (၃၀) စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် အပြီးသတ် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။ KIA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် ခေါင်လန်ဖူး၊ အမတ်ပေါ်ဒေသရှိ နယ်ခြားစောင့်စခန်း အမှတ် (၃၀) ကို ယနေ့ နေ့လယ်ပိုင်းက သိမ်းယူနိုင်ခဲ့ပြီး ရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။ ”BP 30 က ရဟတ်ယာဉ်ကွင်းပါ စခန်းကြီးကို KIA က သိမ်းလိုက်နိုင်ပါတယ်”ဟု…
-

တောင်ကြီးမြို့က ပထမဆုံး အမျိုးသမီးအုပ်ကြီး
တောင်ကြီးမြို့မှာ ပထမဆုံး အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ခံရ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ကန်ရှေ့ရပ်ကွက်မှာ ဒေါ်သီတာလှိုင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီး တောင်ကြီးမြို့မှာ ပထမဆုံး အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ကန်ရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို စက်တင်ဘာ ၁၈ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရာအိမ်မှူးအမျိုးသမီး ၄ ဦးအနက် မဲအများဆုံးရရှိတဲ့ ဒေါ်သီတာလှိုင်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့တာလို့ သိရပါတယ်။ ဒေါ်သီတာလှိုင်ဟာ ယခင်အုပ်ချုပ်ရေးမှူးဟောင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရွေးချယ်ပွဲမှာ ၁၆ မဲရရှိခဲ့ပြီး ယခင်အုပ်ချုပ်ရေးမှူးဟောင်းက ၂ မဲ ရရှိခဲ့တယ်လို့ သိရပါတယ်။ တောင်ကြီးမြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတာဝန်တွေကို ယခင်က အမျိုးသားတွေက အများအားဖြင့် တာဝန်ယူခဲ့ကြတာဖြစ်ပြီး ဒေါ်သီတာလှိုင်ဟာ တောင်ကြီးမြို့မှာ ပထမဆုံး အမျိုးသမီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရသူ…