Category: News
-

YMBA အသင်းရုံးခန်းမှာပဲ ဒွမ်ခံလိုက်ရတဲ့ ဗဟိုအတွင်းရေးမှူး
စစ်တပ်ထောက်ခံသည့် YMBA ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့် ရုံးခန်းအတွင်း ရိုက်နှက်ခံရ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရား မြောက်ဘက်မုခ်နှင့် အနောက်ဘက်မုခ်ကြားရှိ ဗုဒ္ဓကလျာဏယုဝ (YMBA) အသင်းရုံးခန်းသို့ ဩဂုတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် လက်နက်ကိုင် ဆောင်ထားသူ ၄ ဦးသည် ဗဟိုအတွင်းရေးမှူးကို ဖမ်းဆီးခေါ်ဆောင်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ YMBA ရုံးခန်းအတွင်း ဗဟိုအတွင်းရေးမှူး ဦးမောင်မောင်ညွန့်၊ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါ်မြတ်စုလှိုင်၊ ထူးဟန်၊ တင်ဆန်းနှင့် မစန်းတို့ ၅ ဦး ရှိနေစဉ် အမည်မသိ အမျိုးသား ၄ ဦး ရုတ်တရက် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၎င်းတို့အနက်…
-

ဖခင်က လ-.ည်ပင်းညှ/^စ် ရို-*က်နှ/-က် ကို-င်ပေါ=က်လိုက်လို့ ၅ နှစ်သားလေး T-ဆုံး
မကွေးတွင် ဖခင်က အရက်မူးပြီး ရိုက်နှက် ကိုင်ပေါက်မှုကြောင့် ၅ နှစ်သားငယ် သေဆုံး မကွေးတိုင်း၊ မကွေးမြို့နယ်၊ ကန်ဦးကျေးရွာမှာ သြဂုတ် ၁၉ ရက် မနက် ၁၀ နာရီက အရက်ကြောင် ကြောင်နေတဲ့ ဖခင်ဖြစ်သူက အသက် ၅ နှစ်အရွယ် သားငယ်ကို ရိုက်သတ်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ အရက်ကြောင် ကြောင်နေတဲ့ ဖခင်ဖြစ်သူက ကလေးငယ်ကို ရွာအပြင်ကို ခေါ်ထုတ်ကာ လည်ပင်းညှစ်ပြီး ရိုက်နှက်တာအပြင် ကိုင်ပေါက်တာတွေကြောင့် ဒဏ်ရာတွေနဲ့ သေဆုံးသွားတာလို့ ဒေသခံတယောက်က ပြောပါတယ်။ “အရက်ကြောင်နေတဲ့ အဖေက ကလေးကို ရွာအပြင်ခေါ်သွားပြီး တုတ်နဲ့ရိုက်တယ်၊ လည်ပင်းညှစ်တယ်၊ ကိုင်ပေါက်တယ်၊ ရိုက်နှက်တယ်၊ ကလေးက ရထားတဲ့ဒဏ်ရာတွေကြောင့်ပဲ နေရာမှာတင် ပွဲချင်းပြီးသေသွားတယ်။” အခင်းဖြစ်ပြီးနောက် စစ်အာဏာရှင်တပ် လက်အောက်ခံ…
-

နတ်ရေကန်ရဲ့ ခြေကုတ်စခန်းတွေ သိမ်းလိုက်ပြန်ပြီ
နတ်ရေကန် စစ်ကူစစ်ကြောင်းများ၏ ခြေကုတ်စခန်းအနည်းဆုံး ၃ ခုကို AA တပြိုင်နက်တည်းတိုက်ခိုက် (သေဆုံးသူနှင့်ဒဏ်ရာရသူများကို စစ်ကားများဖြင့် ပဒါန်းသို့ ညတွင်းချင်းယူဆောင်သွား) အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်သို့ ထိုးစစ်ဆင်နေသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကူ စစ်ကြောင်းများ၏ ယာယီခြေကုတ်စခန်းအနည်ဆုံး ၃ ခုကို အာရက္ခတပ်တော်က ယမန်နေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။ ထိုသို့ တိုက်ခိုက်သဖြင့် စခန်းများပြိုလဲပြီး ထိခိုက်ဒဏ်ရာရသူများကို ညတွင်းချင်းပဒါန်းသို့ ကားဖြင့်ယူဆောင်သွားရသည်ဟုသတင်းရရှိသည်။ ဒေသတွင်းစစ်ရေး သတင်းရင်းမြစ်တစ်ခု “မနေ့ညကစကစစခန်းတွေကို AA က နည်းမျိုးစုံနဲ့ ဝင်ဆော်သွားတာ။တော်တော်ထိခိုက်သွားပုံရတယ်။သေဆုံးနဲ့ ဒဏ်ရာရ စစ်သားတွေကိုပဒါန်းကိုကားနဲ့ယူဆောင်သွားတယ်။ အများကြီးပါသွားတယ်လို့ သိရပါတယ်”ဟုပြောသည်။ယမန်နေ့က သြဂုတ် ၁၉ ရက် ညနေဖက်အချိန်တွင်ဂုတ်ကြီးပတ်ဝန်းကျင်ရှိ အာဏာသိမ်းစစ်တပ်၏ယာယီ စခန်းငယ်နှစ်ခုကို လက်နက်ကြီးဖြင့်စတင်ပစ်ခတ်ခဲ့ပြီး နောက်ပိုင်းတွင်ဒရုန်းဗုံးများဖြင့်တိုက်ခိုက်ကာ မြေပြင်ကပါဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု၎င်းက ပြောသည်။ အလားတူ ပဇီရွာနှင့်နတ်ရေကန်တောင်ကြားရှိ အာဏာသိမ်းစစ်တပ်၏ ယာယီစခန်းငယ်တစ်ခုလည်း…
-

တောင်ဦးမော်ရေတပ် နေ့လား ညလား အသဲအသန်
တောင်မော်ဦးရေတပ်အနီးကကာကင်းစခန်းများကို AA ဝင်တိုက်၍တိုက်ပွဲဖြစ်ပွားနေ ရခိုင်ပြည်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်၊ ရှေ့ထွက် အ၀တောင်ကာကင်းစခန်းများကို အာရက္ခတပ်တော်က ဝင်ရောက်တိုက်ခိုက်ရာမှ အာဏာသိမ်းစစ်တပ်နှင့် နှစ်ဖက်တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ “အရင်ကတော့ AA က ခုခံစစ်ပါ။ စကမ စစ်ကြောင်းထိုးလာမှ ပြန်တိုက်တာ။ အခုကတော့ AA က ကာကင်းစခန်းတွေကို ဝင်တိုက်နေပြီ။ AA က ဗျူဟာပြောင်းပြီလားတော့ မသိဘူး။ တိုက်ပွဲတွေကတော့ လက်ရှိ ဆက်ဖြစ်နေတယ်လို့ သတင်းရရှိပါတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။ ယခုတိုက်ခိုက်နေသော ကာကင်းစခန်းများမှာ တောင်မော်ဦးရေတပ်၏အဓိက အခိုင်မာစခန်းတစ်ခုဖြစ်တဲ့ အဝတောင်ရွာစခန်းမှရှေ့ထွက်ကာကင်းများကြောင်း၎င်းက ပြောသည်။ “စစ်တပ်ကယာယီကာကင်းစခန်းတွေဖြန့်ချထားတယ်။သူတို့ စစ်တပ်ဗျူဟာ အရင်ကလို မဟုတ်ဘူး။တပ်တွေကို ဖြန့်ခွဲပြီး ချထားတာ။ အဲဒီကာကင်းစခန်းတွေကို AA က တိုက်ခိုက်နေတာ”ဟု ဆက်လက်ပြောဆိုသည်။ အခုလိုယာယီစခန်းတွေကတဆင့် စစ်ကြောင်းတွေလာပြီး စနဲဖက်သို့ ထိုးစစ်ဆင်ရန်အကြိမ်ကြိမ်ကြိုးစားနေသော်လည်း…
-

ဆန္ဒပြ အလုပ်သမားတွေကို ရဲခေါ် ပေါ်တာဆွဲခိုင်းတဲ့ ဒေါ်ခင်အေးလွင်
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ Myanmar Silver Spring အထည်ချုပ်စက်ရုံ၌ လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒပြ အလုပ်သမားများကို မန်နေဂျာ ဒေါ်ခင်အေးလွင်က ရဲခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်း ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring Enterprises အထည်ချုပ်စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ရေး ဆန္ဒပြ အလုပ်သမားများကို မန်နေဂျာ ဒေါ်ခင်အေးလွင်က ရဲခေါ်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းခဲ့ကြောင်း အလုပ်သမားများက ပြောဆိုသည်။ အဆိုပါ စက်ရုံတွင် အလုပ်သမား ၇၀၀ ကျော်က လုပ်ခလစာ တိုးမြှင့်ပေးရန် ဩဂုတ်လ ၁၃ ရက်နေ့က စတင် တောင်းဆိုနေခြင်းဖြစ်ပြီး ဆန္ဒပြနေ စဉ် စက်ရုံအထွေထွေမန်နေဂျာ ဒေါ်ခင်အေးလွင် က ရဲကို ခေါ်ဆောင်ကာ စစ်မှုထမ်းရန်…