Category: News
-

လှိုင်သာယာက လူနေအဆောင်ကြီး တစ်ခြမ်းနိမ့်ကျ၊ နောက်လှန်ကျ
လှိုင်သာယာတွင် လူနေအဆောင်ကြီး တစ်ခြမ်းနိမ့်ကျ၍ နောက်ဘက်သို့ လှန်ကျမှုဖြစ်ပွား၊ အဆောင်နေသူများ အရေးပေါ် ပြေးထွက်ခဲ့ရ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၃ ထိပ်မှတ်တိုင်အနီး မင်းရဲကျော်စွာ ၁၁ လမ်းအတွင်းရှိ လူနေအဆောင်ကြီးတစ်လုံးသည် စက်တင်ဘာ ၁၉ ရက် ညပိုင်းက ငလျင် သို့မဟုတ် လေပြင်းတိုက်ခတ်ခြင်း မရှိဘဲ အဆောက်အအုံ၏ တစ်ခြမ်း နိမ့်ကျကာ နောက်ဘက်သို့ လှန်ကျသွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်အကျဉ်း အဆိုပါ အဆောက်အအုံ၏ တစ်ခြမ်းမှာ မြေသားဘက်သို့ နိမ့်ကျသွားခဲ့ပြီး အဆောက်အအုံ ကိုယ်ထည်တစ်ခုလုံးတွင်လည်း အက်ကွဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် အဆောင်အတွင်း နေထိုင်သည့် အလုပ်သမားများမှာ အရေးပေါ် စွန့်ခွာထွက်ပြေးခဲ့ကြရသဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူ အခြေအနေကိုမူ ဆက်လက် စုံစမ်းစစ်ဆေးလျက် ရှိသည်။ ပတ်ဝန်းကျင်၏ စိုးရိမ်မှုများ သဘာဝဘေးအန္တရာယ်…
-

အောက်ချင်းတို့အတွက် ဟင်းစား ရပြီ
စလင်းနဲ့ ကံပြားလမ်းပိုင်းမှာတိုက်ခိုက်ခံရတဲ့ ချင်းတောင်စစ်ကူပို့မယ့်စစ်တပ်ယာဉ်တန်း ကပစ(၂၅) ရောက်လာ မကွေးတိုင်း၊ စလင်းနဲ့ ကံပြားလမ်းပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ချင်းတောင်ပိုင်း စစ်ကူမယ့် စစ်တပ်ယာဉ်တန်းတွေ လောင်းရှည်မြို့က အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်နေပြီလို့ လူထုနွေဦးက စုစမ်းသိရပါတယ်။ စစ်ကား အစီးရေ ၁၈၀ ၀န်းကျင်နဲ့ အင်အား တစ်ထောင်ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကို မနေ့က (စက်တင်ဘာ ၁၉ ရက်) နေ့လယ် ၂ နာရီ၀န်းကျင်က လက်ပံကျင်းရွာအနီးမှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ FPV ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်း စစ်ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ “ထပ်သိရတဲ့ အခြေအနေတွေအရ ကားနှစ်းစီးထားခဲ့ရတယ်။အသေအပျောက်နဲ့ ဒဏ်ရာရ ကောင်တွေကို ကံပြားမှာ ဆေးကုနေရတယ်”လို့…
-

ငါးမျှားလိုက်ရာက ရေနှစ်T-ဆုံးခဲ့ရတဲ့ ၆ နှစ်သားလေး
အဘိုးအဖွားတွေမရှိချိန် သူငယ်ချင်းတွေနဲ့ ငါးမျှားလိုက်ရာက အသက် ၆ နှစ်အရွယ် ကလေးငယ် ရေနစ်သေဆုံး မြဝတီမြို့၊ အမှတ်(၅) ရပ်ကွက်၊ (၁၃)ဂိတ် ဂရမ်းမြဝတီ သောင်ရင်းမြစ်ထဲမှာ အဘိုးအဖွားတွေနဲ့ အတူနေတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦး ရေနစ်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းက အမှတ်(၅) ရပ်ကွက်၊ (၁၃)ဂိတ် ဂရမ်းမြဝတီ သောင်ရင်းမြစ်ထဲမှာ အသက် ၆ နှစ်အရွယ် မောင်ထက်ဝေကျော်ဟာ သူငယ်ချင်းဖြစ်သူတွေနဲ့ ငါးမျှားသွားရင်း ခြေချော်ကာ ရေနစ်သေဆုံးခဲ့တာလို့ သိရပါတယ်။ “ကလေးတွေ ဝဲဂရက်ထဲ ငါးမျှားသွားကြတာ။ ခုရေနစ်တဲ့ကလေးက သူ့မွေးပြီးကတည်းက မိဘတွေက ထိုင်းသွာမယ်ဆိုပြီး အဲ့ကတည်းက စွန့်ပစ်သွားတာ။ အဘိုးအဖွားတွေက မွေးထားတာ၊ သူတို့ကလည်း အသက်ကြီးပြီ၊ သူများအိမ်မှာ…
-

ထိုင်းမှာ D.B ပါဖျောက်ဖို့လုပ်ခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး
ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး၏ ရုပ်အလောင်းကို လူတစ်စုက ဘုန်းကြီးကျောင်းတွင် တိတ်တဆိတ် မီးသင်္ဂြိုဟ်ရန် ကြိုးပမ်းသည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိသူများကို ဖမ်းဆီး ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားတစ်ဦး၏ ရုပ်အလောင်းကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် လူတစ်စုကဘုန်းကြီးကျောင်းတခုတွင် တိတ်တဆိတ် မီးသင်္ဂြိုဟ်ရန် ကြိုးပမ်းခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က သံသယရှိသူများကို ဖမ်းဆီးခဲ့ကြောင်း Ch 7 HD News သတင်းတွင် ဖော်ပြခဲ့သည်။ Rayong ပြည်နယ် Nikhom Phathana ခရိုင်ရှိ Wat Mab Kha ကျောင်းတိုက်၏ CCTV မှတ်တမ်းများအရ အဆိုပါ လူစုသည် နံနက် ၁ နာရီ ၅၆ မိနစ်ခန့်တွင် တံခါးလေးပေါက်ပါ ကြေးနီရောင် ပစ်ကပ်ကားတစ်စီးဖြင့် ရောက်ရှိလာခဲ့ကြောင်း…
-

အမြန်လမ်းပေါ် အပီဒွမ်နေပြီ
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ အနီးရှိ ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား ထောင်နှင့်ချီသော ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အစပ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ အနီးရှိ ကျေးရွာများတွင် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားကာ ထောင်နှင့်ချီသော ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ကာ တောင်ငူမြို့နယ်နှင့် အုတ်တွင်းမြို့နယ်အစပ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၄၁ ၏ အနောက်ဘက်ခြမ်းရှိ ရွှေလောင်းကျေးရွာနှင့် ဘိုကုန်းကျေးရွာများအတွင်းသို့ အကြမ်းဖက် စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ စစ်တပ် စစ်ကြောင်းကို…