Category: News
-

ဘယ်သူမှ မထိရဲတဲ့ တာမွေဇိုး “ထိန်လင်း”
ရန်ကုန်မြို့လယ်နှင့် တာမွေမြို့နယ်တွင် လူမိုက် ထိန်လင်းဦးဆောင်သော အဖွဲ့များက လူငယ်များကို စစ်မှုထမ်းပေါ်တာဆွဲ ဖမ်းဆီးပြီး ငွေညှစ်မှုများ လုပ်ဆောင်နေသည့်အပြင် စစ်တပ်ထံသို့ ပုံမှန်လူပေးပို့နေ ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် “တာမွေလူမိုက် ထိန်လင်း” ဟု လူသိများသည့် ထိန်လင်းသည် စစ်တပ်အတွက် အဓိကလုပ်ဆောင်ပေးနေသူတစ်ဦးဖြစ်ပြီး လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲဖမ်းဆီးကာ သက်ဆိုင်ရာတပ်များထံ ပို့ဆောင်ခြင်းများအပြင် ငွေညှစ်မှုများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။ ရန်ကုန် လူမိုက်လောကတွင် ထိန်လင်းကို “ဗိုလ်ထိန်” ဟုလည်း လူသိများပြီး စစ်တပ်ထိပ်ပိုင်းမှ လူများနှင့် အလွန်နီးကပ်သည့် ဆက်ဆံရေးရှိသူဖြစ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်နေသူများကို စုံစမ်းသတင်းပေးခြင်းများလည်း ပြုလုပ်နေသူဖြစ်သည်။ စစ်တပ်က အာဏာသိမ်းပြီးနောက် လူမိုက် ထိန်လင်းသည် စစတပ်အတွက် အလုပ်လုပ်ရင်း ပိုမိုလူသိများထင်ရှားလာပြီး ရန်ကုန်မြို့ရှိ ထိပ်တန်းလူမိုက်များနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိသူဖြစ်ကြောင်း၊ ယင်းနောက်…
-

ယောနယ်ပြန် ခေါင်းစိမ်းများ
ကျောက်ထုမှ ပြန်ဆုတ်လာသည့် စစ်တပ်စစ်ကြောင်းတွင် တိုက်ပွဲအတွင်း အင်္ဂါမသန်ဖြစ်သွားသည့် အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ ပါဝင်လာ ယောဒေသ၊ ကျောက်ထုမြို့ အမှတ် (၃၆၈) အမြောက်တပ်မှ စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာသည့် အင်အား ၂၀၀ ပါ အကြမ်းဖက် စစ်အုပ်စု စစ်ကြောင်းတွင် ကြီး-ရွှေအောင်သာ တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါ မသန်မစွမ်း (တို/ပြတ်) ဖြစ်သွားသည့် စစ်ခွေးများနှင့် ပျူစောထီး ဒဏ်ရာရ လူနာများ ပါဝင်လာပြီး ပင်ထောင်ရွာသို့ ရောက်ရှိနေ။ ဆောမြို့နယ်အတွင်း တိုက်ပွဲများ၌ ဒဏ်ရာရရှိခဲ့သည့် အကြမ်းဖက် စစ်အုပ်စု တပ်ဖွဲ့ဝင်များကိုလည်း စက်တင်ဘာ ၂၀ ရက်နေ့တွင် လောင်းရှည်မြို့သို့ ပို့ဆောင်ခဲ့ပြီး အဆိုပါ စစ်ကြောင်းသည် ခရီးစဉ်အတွင်း အရပ်သား ပြည်သူ ၄ ဦးအား…
-

သိန်း ၅,၄၀၀ ကျော် မိခဲ့တဲ့ နာမည်ကျော် ကြက်ဝိုင်းကြီး
ညောင်တုန်းတွင် အနုပညာရှင်များပင် လာရောက်လေ့ရှိသည့် နာမည်ကြီး ကြက်ဝိုင်းကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ ဖမ်းဆီး၊ လောင်းကြေးငွေသိန်းရာချီ အပျောက်ရိုက် ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်တွင် နာမည်ကြီး အနုပညာရှင်များပင် လာရောက် လောင်းကစားလေ့ရှိသည့် င် ကြက်တိုက်လောင်းကစားဝိုင်းကို အကြမ်းဖက်စစ်အုပ်စု၏ ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းခဲ့ရာ၌ လောင်းကြေးငွေ ကျပ်သိန်း ၁၄၀ ကျော်သာ သက်သေခံအဖြစ် ဖမ်းဆီးပြပြီး ကျန်ရှိသည့် ငွေကြေးများကို အပျောက်ရိုက် သောက်သုံးသွားကြကြောင်း ဒေသခံများ၏ ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၈ ရက်နေ့က ညောင်တုန်းမြို့နယ်၊ နတ်ပေးကျေးရွာအုပ်စု၊ ဇရပ်ကွင်းကျေးရွာရှိ ကျော်သူ ပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်း အလျား ပေ ၁၀၀၊ အနံ ပေ ၄၀ ခန့်ရှိ ဓနိမိုးတဲအတွင်း ပေ ၂၀…
-

သင်္ကန်းကျွန်းမှာ လွတ်လပ်ပွင့်လင်းလာကြသော ရွှေကြာများ
သင်္ကန်းကျွန်းမြို့နယ်ထဲမှာ ပြည့်တန်ဆာလုပ်ငန်းတွေ လမ်းမပေါ်မှာ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေတယ်လို့ဆို ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ/တောင် ‘Hi Hotel’ အနီးမှာ ပြည်တန်ဆာလုပ်ငန်းတွေ ပေါ်ပေါ်ထင်ထင် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေပြီး အဲ့ဒီထဲမှာ ပြည်ပထွက်မယ့် အမျိုးသမီးငယ်တွေပါ ပါဝင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်က ဇ/တောင် ရပ်ကွက်အနီးမှာ စစ်ဘေးရှောင်လာသူတချို့နဲ့ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တွေဟာ ကားမှတ်တိုင်နဲ့ ဟိုတယ်အနီးတဝိုက်တွေမှာ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်စားနေကြသူတွေ၊ ဆိုင်ကယ်ကယ်ရီဂိတ်က ကယ်ရီသမားတွေရဲ့ အရက်ဝိုင်းတွေနဲ့ စည်းကားနေပြီး ည ၈ နာရီကျော်တဲ့အထိ လမ်းပေါ်လူစည်ကားနေတယ်လို့ ဆိုပါတယ်။ “ရပ်ကွက်ထဲကလူကြီးတွေ ဖြတ်သွားရင်တောင် ဈေးဦးမပေါက်သေးလို့ သွားမလား ဦး ဆိုပြီး ဈေးလိုက်ညှိတယ်၊ လူငယ်လူရွယ်တွေဆိုလည်း လက်လိုက်ဆွဲတာတွေတောင် ရှိနေတယ်၊ သူတို့ကြောင့် တချို့ကားမှတ်တိုင်ကဆင်းပြီး ရပ်ကွက်ထဲပြန်တဲ့ မိန်းကလေးတွေကို…
-

ရပ်ကွက်ဓမ္မာရုံတွေ ဘူဒိုဇာနဲ့ထိုးမယ်ဆိုတဲ့ “စိုး” လျှပ်စစ်တည်ထောင်သူ ဦးစိုးတင့်ရဲ့သား
“စိုး” လျှပ်စစ်တည်ထောင်သူ ဦးစိုးတင့်ရဲ့သား ကိုကျော်မင်းထွန်းက ဓမ္မာရုံတွေကို မြေထိုးစက်နဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆို နေပြည်တော်၊ ပျဉ်းမနားမြို့၊ “စိုး” လျှပ်စစ် တည်ထောင်သူ ဦးစိုးတင့်ရဲ့ သားဖြစ်သူ ကိုကျော်မင်းထွန်းက ပျဉ်းမနားမြို့အတွင်းရှိ ဓမ္မာရုံတွေမှာ တာဝန်ယူထားတဲ့ ရပ်မိရပ်ဘ လူကြီးတွေကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့တဲ့အပြင် ဓမ္မာရုံတွေကိုလည်း မြေထိုးစက်နဲ့ ထိုးပစ်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။ ပျဉ်းမနားမြို့အတွင်းမှာ ရပ်ကွက်အလိုက် ဓမ္မာရုံ ၈ ရုံ ရှိပြီး ကိုကျော်မင်းထွန်း ဟာ စက်တင်ဘာလ ၁၉ ရက်နေ့က သွားရောက်ခဲ့ကာ ဓမ္မာရုံက တာဝန်ရှိ ရပ်မိရပ်ဘ လူကြီးတွေနဲ့ တွေ့ဆုံခဲ့ပြီး အာဏာရှင်ဆန်စွာ ပြောဆိုဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။ “မြို့ထဲမှာ ရှိတဲ့ ဓမ္မာရုံ ၈ ရုံက…