Category: News
-

လားရှိုးမြို့တွင် မိန်းကလေးတစ်ဦး ဓားခုတ်လုယက်ခံရပြီး ဆိုင်ကယ်ပါသွား (ရုပ်သံ)
လားရှိုးမြို့တွင် မိန်းကလေးတစ်ဦး ဓားခုတ်လုယက်ခံရပြီး ဆိုင်ကယ်ပါသွား (ရုပ်သံ) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဇွန်လ ၂၂ ရက် ယမန်နေ့နံနက်ပိုင်းက ဆိုင်ကယ်စီးနင်းလာသည့် မိန်းကလေးငယ်တစ်ဦး ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်ခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပြီး ၎င်းမိန်းကလေးငယ်တွင် ဓားခုတ်ခံရမှုကြောင့် လက်၌ ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ လုယက်မှုသည် ဇွန်လ ၂၂ ရက် နံနက် ၄ နာရီဝန်းကျင်အချိန်ခန့်တွင် လားရှိုးမြို့၊ ထင်းရှူးမြိုင်အတက်လမ်းရှိ သံပန်းသံတံခါးလုပ်ငန်းဆိုင်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ လမ်းပေါ်တွင် ဆိုင်ကယ်စီးနင်းလာသည့် အဆိုပါမိန်းကလေးငယ်အား အမည်မသိလူစုက ဓားဖြင့်ခုတ်၍ ဆိုင်ကယ်ကို လုယက်ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိရသူများထံမှ သိရသည်။
-

မန္တလေးမြို့မှာ နယ်ကျော်လာတဲ့ ပုသိမ်ကြီးပျူစောထီး ၃ ဦးကို အောင်မြေသာစံပျူတွေက ပြန်ဖမ်း
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ နယ်ကျော်လှည့်လည်လာတဲ့ ပုသိမ်ကြီးပြည်သူ့စစ်အဖွဲ့က ပျူစောထီး ၃ ဦးကို နယ်မြေခံ ပသစနဲ့ စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။ မနေ့က ဇွန်လ ၂၂ရက် ည ၈ နာရီခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှာ စစ်အသုံးဆောင်ပစ္စည်းတွေဝတ်ဆင်ပြီး ဓားရှည်တွေကိုင်ဆောင်ထားတဲ့ လူငယ် ၃ ဦးကို ယင်းမြို့နယ်က စစ်တပ်နဲ့ ပျူစောထီးတွေက ခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလူငယ် ၃ ဦးဟာ ပုသိမ်ကြီးမြို့မှာ နေထိုင်ကြသူတွေဖြစ်ပြီး စစ်အသုံးဆောင်ပစ္စည်းတွေနဲ့ ခိုးဆိုးလုယက်ဖို့ လုပ်နေလို့ အောင်မြေသာစံပျူစောထီးတွေက ပြန်လည်ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြပါတယ်။ “အတုမဟုတ်ပါဘူး။ အချင်းချင်းပြန်ဖမ်းတာနေမှာပါ။”လို့ မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ဇွန်လ ၁၀ရက်ညကလည်း ပုသိမ်ကြီးမြို့အဝင်မှာ ဆိုင်ကယ်စီးလာတဲ့စုံတွဲတစ်တွဲကို…
-

ကွာရှင်းခွင့်တောင်းပြီး အခြားအမျိုးသားတစ်ဦးနှင့် ဖုန်းပြောနေသည့် ဇနီးကို မြန်မာအမျိုးသားက ဓား ဖြင့် အချက် ၂၀ ကျော် ထိုးသတ်
အလုပ်သမားတန်းလျားမှ ဝမ်းနည်းဖွယ်ဖြစ်စဉ် – ကွာရှင်းခွင့်တောင်းပြီး အခြားအမျိုးသားတစ်ဦးနှင့် ဖုန်းပြောနေသည့် ဇနီးကို မြန်မာအမျိုးသားက ဓား ဖြင့် အချက် ၂၀ ကျော် ထိုးသတ် ထိုင်းနိုင်ငံ စမွတ်ပရာကန်ခရိုင် ဖရာပရာဒန်မြို့နယ်ရှိ ရွှေ့ပြောင်းအလုပ်သမားတန်းလျားတစ်ခုမှာ အခြားအမျိုးသားတစ်ဦးနဲ့ ဖုန်းပြောပြီး ကွာရှင်းခွင့်တောင်းခဲ့တဲ့ ဇနီးဖြစ်သူကို ခင်ပွန်းဖြစ်သူက သဝန်တိုကာ ဓားနဲ့ အချက်ပေါင်း ၂၀ ကျော် ထိုးသတ်ခဲ့တဲ့ ဝမ်းနည်းဖွယ်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အမှုကျူးလွန်ခဲ့တဲ့ ခင်ပွန်းသည်ကတော့ ထွက်ပြေးတိမ်းရှောင်တာမျိုး မရှိဘဲ ရဲတပ်ဖွဲ့ထံ အဖမ်းခံဖို့ စောင့်ဆိုင်းနေခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ဟာ ဇွန်လ ၂၂ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ဘန်ဟွာဆွာဒေသရှိ အလုပ်သမားတန်းလျားတစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ သွားရောက်စစ်ဆေးချိန်မှာ ဒုတိယထပ်အခန်းအတွင်း သွေးအိုင်ထဲ လဲကျ6သဆုံးနေတဲ့ အသက်…
-

ရန်ကုန်မှာ မွေးနေ့ပွဲသွားရင်း ညီအစ်မနှစ်ယောက်စလုံး ပျောက်ဆုံး
အခုလို အချိန်အခါမျိုးမှာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက် ညီမလေး (၂) ယောက် အမြန်ဆုံး ပြန်လည်တွေ့ရှိနိုင်ဖို့အတွက် ဝိုင်းဝန်း ကူညီပေးကြပါဦးခင်ဗျာ။ မိသားစုဝင်တွေနဲ့ အလုပ်ရှင်တို့မှာ အလွန် စိုးရိမ်ပူပန်နေကြရပါတယ်။ 📌 ဖြစ်စဉ်အကျဉ်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ရာပြည့်ဈေးမှာ နေထိုင်တဲ့ ဆယ်ကျော်သက် ညီမလေး (၂) ယောက်ဖြစ်တဲ့ နော်ဆန်းဒေးမူး နဲ့ နော်ကလဲဖော တို့ဟာ ဒီကနေ့ မနက် (၁၀) နာရီဝန်းကျင်ကတည်းက “မွေးနေ့ပွဲသွားမယ်” ဆိုပြီး ခွင့်တောင်းကာ နေအိမ်ကနေ ထွက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် ညနေပိုင်း ပြန်ရောက်ရမှာဖြစ်ပေမဲ့ ည (၁၀) နာရီကျော်တဲ့အထိ အိမ်ပြန်မရောက်လာဘဲ ရုတ်တရက် ဖုန်းပါ စက်ပိတ်သွားပြီး အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးနေခဲ့တာ…
-

လျှပ်စစ်ဓာတ်အား ယူနစ်သုံးသိန်းကျော် ခိုးယူသုံးစွဲသည့် လုပ်ငန်းရှင်အား အရေးယူ
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတစ်ခုမှာ လျှပ်စစ်ဓာတ် အား ယူနစ် သုံးသိန်းကျော် ခိုးယူသုံးစွဲထားတာကို တွေ့ရှိတဲ့အတွက် လုပ်ငန်းရှင်ကို လျှပ်စစ်ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်ထားတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇွန် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။ ဇွန် ၁၆ ရက်က မှော်ဘီမြို့နယ်အတွင်း တရားမဝင် ဓာတ်အားသုံးစွဲမှု မရှိစေရေးနဲ့ ယူနစ်ပျောက်ဆုံးမှု လျော့နည်း ကျဆင်းစေရေးအတွက် မြောက်ပိုင်းခရိုင်၊ မြို့နယ်တွေမှာ စီမံချက်အစုအဖွဲ့ (၂၄) ဖွဲ့နဲ့ ရှောင်တခင် အသေး စိတ် ဝင်ရောက်စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ်၊ ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ် လုပ်ငန်းတစ်ခုမှာ အသုံးပြုထားတဲ့ မီတာမှာ Cover Seal နဲ့ Terminal Seal တွေ ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံကာ…