Category: News
-

အမရပူရတွင် Grade 6 ကျောင်းသားတစ်ဦး လည်ပင်းထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေမှုဖြစ်ပွား
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဓနုကျေးရွာအုပ်စု၊ ယာဉ်တော်စံကျေးရွာရှိ ကလျာမူလတန်းလွန်ကျောင်းအနီးတွင် ယနေ့ ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းက အသက် (၁၅) နှစ်အရွယ် Grade 6 ကျောင်းသားတစ်ဦး လည်ပင်းထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရှိရသဖြင့် စိတ်မကောင်းဖွယ်ရာ သတင်းတစ်ပုဒ်ကို တင်ပြလိုက်ရပါတယ်။ 📌 ဖြစ်စဉ်အကျဉ်း တွေ့ရှိသည့်နေရာ: ကလျာမူလတန်းလွန်ကျောင်းအနီးရှိ ဓာတ်တိုင်အောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တွေ့ရှိသည့်အချိန်: ကျောင်းထမင်းစားဆင်းချိန်တွင် ကလေးငယ်၏ ရုပ်အလောင်းကို ဒေသခံများက စတင်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ လက်ရှိအခြေအနေ: ဘာကြောင့် ယခုကဲ့သို့ ရက်ရက်စက်စက် သတ်ဖြတ်ခံရသည်ကို သိရှိနိုင်ရန် ရဲတပ်ဖွဲ့က အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။ ကူညီပို့ဆောင်မှု: သေဆုံးသူ ကလေးငယ်၏ ရုပ်အလောင်းအား မြတ်ဒါန လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့…
-

NUG MOD နဲ့ PLA အကြားကဖြစ်စဥ်နဲ့ နှစ်ဖက်ပြောသမျှ
မြင်းခြံခရိုင်မှာ PLA တပ်ဖွဲ့ကို အခြေစိုက်ခွင့် မပြုတော့ဘူးလို့ ခရိုင်စစ်ဌာန တာဝန်ရှိသူပြော PLA စခန်းကို ဝင်ရောက်စီးနင်းစဉ် မိုင်းမိပြီး NUG PDF ရဲဘော် လေးဦး ကျဆုံး တော်လှန်ရေးတပ်ဖွဲ့ချင်း ဆွေးနွေးညှိနှိုင်းလိုပြီး တပ်ဖွဲ့တွေကို ထွက်ခွာစေခိုင်းတာ လက်မခံနိုင်လို့ PLA တုန့်ပြန် မြင်းခြံနယ် ပြန်စိုးမိုးရေး စစ်အုပ်စုက ရွာစဉ်ပတ်မွှေ လူသတ်၊ မီးရှို့နေချိန် တော်လှန်ရေးတပ် အချင်းချင်း ပြဿနာပေါ်နေတာ ဖြစ် မန္တလေးတိုင်း၊ မြင်းခြံခရိုင် တောင်သာမြို့နယ်ထဲမှာ အခြေစိုက်ထားတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲ့ တပ်စခန်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ရင်းတပ်ဖွဲ့တွေက ဇွန် ၂၁ ရက်နဲ့ ၂၂ ရက်မှာ…
-

လားရှိုးမှာ အိမ်ဘေးမှာပေါက်တဲ့ မှိုတစ်မျိုး ခူးစားမိရာကနေ အဆိပ်သင့်ပြီး အမျိုးသမီးတစ်ဦး သေဆုံး
ရှမ်းမြောက် လားရှိုးမြို့နယ် တောင်တလောင်ကျေးရွာမှာ အမျိုးသမီးတစ်ဦးက ၎င်းရဲ့ အိမ်ဘေးမှာ ပေါက်နေတဲ့ မှိုတွေကို ခူးယူချက်စားမိရာကနေ အဆိပ်သင့်ပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းမှာ အသက် ၅၂ နှစ်အရွယ် ဒေါ်အေးနွမ်ဆိုသူက မှိုကနေတစ်ဆင့် အဆိပ်သင့်ပြီး ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။ “ရွာကလူတစ်ယောက်က မှိုစားမိပြီး ဆုံးသွားတာ။ တောမှိုလည်း မဟုတ်ဘူး။ သူ့အိမ်ဘေးမှာ ပေါက်နေတဲ့ မှိုကို ခူးပြီး ချက်စားလိုက်တာ။ အဲဒါနဲ့ အဆိပ်သင့်ပြီး ဆုံးသွားတာ” လို့ သူက ပြောပါတယ်။ ဒေါ်အေးနွမ်ဟာ အဆိပ်သင့်ပြီးနောက် လိုအပ်တဲ့ ဆေးကုသမှုတွေကို အချိန်မီ မရရှိခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ဒေါ်အေးနွမ်ရဲ့…
-

သတ်ပြီး အမှိုက်ပုံးထဲ စွန့်ပစ်ခံရသည့် တက်တူးဖြင့် မိန်းကလေးငယ် အမှု နောက်ဆက်တွဲ
ထိုင်းတွင် သတ်ပြီး အမှိုက်ပုံးထဲ စွန့်ပစ်ခံရသည့် တက်တူးဖြင့် မိန်းကလေးငယ် အမှုမှ သဝန်တိုတတ်သည့် ချစ်သူကို ဖမ်းဆီး ထိုင်းနိုင်ငံ၊ ရယောင်းခရိုင်တွင် အပြာရောင် ပလတ်စတစ် အမှိုက်ပုံးအတွင်း အမှိုက်အိတ်ဖြင့် ထည့်သွင်းစွန့်ပစ်ထားသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေး ချွန်သီချာ ပရာဆတ်ရတ်၏ ပုပ်ပွနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးနောက် ၎င်း၏ ချစ်သူဖြစ်သူ အသက် ၁၆ နှစ်အရွယ် လူငယ်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ သံသယရှိသူ လူငယ်သည် ၎င်း၏ချစ်သူ မိန်းကလေးတွင် အခြားအမျိုးသားတစ်ဦးနှင့် ပတ်သက်မှုရှိနေသည်ဟု စွပ်စွဲကာ သဝန်တိုပြီး ဒေါသအမျက် ချောင်းချောင်းထွက်ကာ ဓားဖြင့် အကြိမ်ကြိမ် ထိုးသတ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းသည် သေဆုံးသူ၏ ရုပ်အလောင်းကို ဆိုင်ကယ်ဘေးတွဲဖြင့် တင်ဆောင်ကာ ၂…
-

ပုသိမ်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲအရှိန်မြင့်လာ
ပုသိမ်ခရိုင်အတွင်း နှစ်ဖက်တိုက်ပွဲအရှိန်မြင့်လာပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများလာသဖြင့် စိတ်ဓာတ်ပျက်ပြားပြီးထွက်ပြေးမှုတွေရှိနေ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အကြမ်းဖက် စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) ဦးဆောင်တဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကထိခိုက်သေဆုံးသူများပြားနေသလို စစ်ဓာတ်ပျက်ပြားပြီး ထွက်ပြေးတာတွေရှိနေတယ်လို့ သတင်းအထူးတပ်ဖွဲ့-ပုသိမ်ဆီက သိရပါတယ်။ ပုသိမ်၊ ရေကြည်နဲ့ သာပေါင်းစတဲ့ မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်ကို ရက္ခိုင်တပ်တော် (AA) ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စစ်ပွဲအရှိန်မြင့်လာပြီး စစ်တပ်ဘက်က အထိနာမှုတွေရှိလာတာကြောင့် သာပေါင်းမြို့နယ်၊ ရိုးမတောအတွင်း အထိုင်ချထားတဲ့ အကြမ်းဖက်စစ်စခန်းတွေကနေ စစ်ဗိုလ်တချို့အပါအဝင် တပ်ဖွဲ့ဝင်တော်တော်များများဟာ ဘေးလွတ်ရာကို ကိုယ်လွတ်ရုန်း ထွက်ပြေးမှုတွေရှိနေတယ်လို့ဆိုပါတယ်။ စစ်တပ်အနေနဲ့ အဲဒီတပ်ပြေးတွေကို လိုက်လံဖမ်းဆီရင်း ပြန်လည်ဖမ်းဆီးရမိတဲ့အခါမှာ ရိုက်နှက်နှိပ်စက်တာ၊ ခေါင်းတုံးပြီး အပြစ်ပေးတာတွေလုပ်ဆောင်လေ့ရှိတယ်လို့…