Category: News
-
အဖွင့်မတော်ရင် ဂျေးအောင်းရမယ့် လော်ဥပဒေ စပြီ
လော်အဖွင့်မတော်ရင် ထောင်ကျနိုင်တယ်..ရန်ကုန်တွင် အသံချဲ့စက်ဖွင့်လိုပါက ၃ ရက်ကြိုတင် ခွင့်ပြုချက်ယူရမည် မြို့ပြရဲ့ ဆူညံသံတွေကြားမှာ ငြိမ်သက်အေးချမ်းစွာ အနားယူချင်ကြတဲ့ ပြည်သူတွေအတွက်ရော၊ ပွဲလမ်းသဘင်နဲ့ သာသနာရေး အခမ်းအနားတွေ ပြုလုပ်ချင်ကြသူတွေအတွက်ပါ မဖြစ်မနေ သိထားရမယ့် အရေးကြီး စည်းကမ်းချက်တစ်ခု ထွက်ပေါ်လို့ လာခဲ့ပါတယ်။ မိမိတို့ ရပ်ကွက်တွင်းနဲ့ လမ်းမများပေါ်မှာ သာရေး၊ နာရေးနဲ့ အခမ်းအနားအမျိုးမျိုးအတွက် အသံချဲ့စက် (လော်စပီကာ) ဖွင့်လှစ်တော့မယ်ဆိုရင် မသိဘဲ စည်းကမ်းမဲ့ ဖွင့်မိရာကနေ ထောင်ဒဏ်အထိ ကျခံရနိုင်တဲ့ ဥပဒေရေးရာ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူနေရပ်ကွက်များနှင့် အများပြည်သူဆိုင်ရာ လမ်းမများပေါ်တွင် အသံချဲ့စက် သုံးစွဲလိုပါက အနည်းဆုံး ၃ ရက် ကြိုတင်၍ သက်ဆိုင်ရာသို့ ခွင့်ပြုချက် အမိန့် လျှောက်ထားရမည်ဖြစ်ကြောင်း…
-

ရှမ်းတောင် စနိုက်ပါတွေက အကောင်ကြီးတွေချည်း တည်ဖြုတ်တာဟေ့
ရွာငံတွင် စစ်ကောင်စီ တပ်ရင်းမှူး စနိုက်ပါ ထိမှန်သေဆုံး၊ ဒုတပ်ရင်းမှူး အပါအဝင် ၄ ဦး သေဆုံး ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီ၏ တပ်ရင်းမှူးအဆင့် တစ်ဦး တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ စနိုက်ပါလက်ချက်ဖြင့် ထိမှန်သေဆုံးကြောင်း နယ်မြေသတင်းရင်းမြစ်အရ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်က ယင်းကဲ့သို့ ပစ်သတ်ခံရခြင်းဖြစ်ပြီး အခြား စစ်ကောင်စီ ဒုရင်းမှူးအဆင့် အပါအဝင် ၄ ဦးလည်း သေဆုံးရကြောင်း သိရသည်။ သေဆုံးသွားသည့် စစ်ကောင်စီတပ်သား အလောင်းများကို ကောက်ယူရန် စနိုက်ပါဖြင့် ပြန်ထောက်ထားသည့်အတွက် ယနေ့ ဩဂုတ်လ ၂၈ ရက်မှသာ ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။ စနိုက်ပါထိမှန်သေဆုံးသည့် တပ်ရင်းမှူးဆိုသည်မှာ အောင်ပန်း၊ ကုန်းနီအခြေစိုက် ၅၀၇ အမြောက်တပ်မှ ဖြစ်ကြောင်း သိရသော်လည်း…
-
ဘုရားလက်ထက် ကားရှိရင် မောင်းခွင့်ပြုမှာပါဆိုတဲ့ သဘာဝရိပ်သာ သီလရှင်
သံဃာ ကားမမောင်းရန် မဟန ညွှန်ကြားချက်အပေါ် ဘုရားလက်ထက် ကားရှိပါက မောင်းခွင့်ပြုမည်ဟု သဘာဝရိပ်သာ သီလရှင် ဆင်ခြေတက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဃာတော်များနှင့် သီလရှင်များ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် မောင်းနှင်ခြင်း မပြုရန် ညွှန်ကြားချက်အပေါ် သဘာဝရိပ်သာမှ သီလရှင်တစ်ပါးက ဘုရားရှင် သက်တော်ထင်ရှား ရှိပါကလည်း ယာဉ်မောင်းနှင်ခွင့် ပြုမည်ဖြစ်ကြောင်း ပြောဆို၍ တုန့်ပြန်လိုက်သည်။ ၎င်းပြင် စည်းကမ်းမဲ့ မောင်းနှင်သူများနှင့် ဝိနည်းမဲ့ ပြုမူသူများကိုသာ စိစစ်တားဆီးသင့်ပြီး သတိပဌာန် နှလုံးသွင်း၍ ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နေသည့် ရဟန်း သီလရှင်များကိုမူ သီးသန့် ချွင်းချက်ဖြင့် မော်တော်ယာဉ် မောင်းနှင်ခွင့် ပြုသင့်သည်ဟု ဆင်ခြေတက် တောင်းဆိုထားသည်။ “သတိပဌာန်သာ နှလုံးသွင်းရင်တောင် လမ်းလျှောက်တောင်ခက်တယ်”ဟု သံဃာတော်တပါးက မိန့်ကြားသည်။ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့်…
-
နမ့်စန်မြို့လယ်ခေါင်မှာ စစ်တပ် ဗိုလ်တစ်ဦးကို ပ/-စ်T-တ်တဲ့ ကိုလှရွှေ
နမ့်စန်တွင် လက်ပစ်ဗုံးဖြင့် ခြိမ်းခြောက်သည့် စစ်တပ် အရာခံဗိုလ်ကို ရဲက ပစ်ခတ်ဖမ်းဆီးရာ သေဆုံး ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် ကားပါကင်ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲမည်ဟု ခြိမ်းခြောက်ခဲ့သည့် စစ်တပ်မှ အရာခံဗိုလ်တစ်ဦးကို ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားခဲ့ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။ ဖြစ်စဉ်မှာ ဩဂုတ်လ ၂၆ ရက် ည ခုနှစ်နာရီခန့်တွင် နမ့်စန်မြို့၊ အမှတ် (၂) ရပ်ကွက်၊ နမ့်စန်-မိုးနဲသွား ကားလမ်းဘေးရှိ ခိုင်မေတ္တာဆေးခန်းရှေ့၌ Honda Fit အဖြူရောင်မော်တော်ယာဉ်ကို ဆေးခန်းဝင်ပေါက် ပိတ်ဆို့ရပ်ထားရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဆေးခန်းတာဝန်ခံ ဦးဇေယျာလင်းက ယာဉ်ကို လမ်း ဖယ်ပေးရန် ပြောဆိုရာမှ နှစ်ဖက် အခြေအတင် စကားများခဲ့ကြပြီး၊ ယာဉ်ပေါ်ပါလာသည့် အမျိုးသားက လက်ပစ်ဗုံးဟု ယူဆရသည့်…
-

လမ်းမှာ တဖြုတ်ဖြုတ်ကြွေပြီးနောက်💀 ရွှေကူရောက်လာကြရှာ
မန္တလေးမှ ဆန်တက်လာသည့် စစ်သင်္ဘောများ တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုများ ခံရပြီးနောက် ရွှေကူမြို့သို့ ဆိုက်ကပ် ဖြတ်သန်းရာ မြစ်ကမ်းတစ်လျှောက် စစ်တပ်က လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကျဲ မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်ရေယာဉ်အုပ်စုမှ ၁၄ စီးသည် ရွှေကူမြို့သို့ ရောက်ရှိဆိုက်ကပ်လာပြီး ရေယာဉ်များ ဖြတ် သန်းသွားလာသည့် မြစ် ကြောင်းတစ်လျှောက်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းမှ အဆက်မပြတ် ကင်းထောက်ခြင်းနှင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ အဆိုပါ စစ်ရေယာဉ်အုပ်စုသည် မန္တလေးမြို့မှ ထွက်ခွာလာစဉ် စုစုပေါင်း ရေယာဉ် ၁၅ စီး ပါဝင်ခဲ့သော် လည်း မန္တလေးနှင့် ကသာမြို့အကြား ခရီးစဉ်တွင် ရေယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့သဖြင့် ကသာမြို့တွင်…