Category: News

  • မင်းအောင်လှိုင်ရဲ့ လူပုံအလယ် အရှက်ကွဲမှုတွေ

    မင်းအောင်လှိုင်ရဲ့ လူပုံအလယ် အရှက်ကွဲမှုတွေ

    မင်းအောင်လှိုင်ရဲ့ လူပုံအလယ် အရှက်ကွဲမှုတွေက အဆုံးမသတ်သေးပါဘူး။

    အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အစည်းအဝေးတက်ခွင့်မရဘူး။

    အခြားအာဆီယံနိုင်ငံက ခေါင်းဆောင်တွေနဲ့ တန်းတူထိုင်ခွင့် မရသေးဘူး။

    အရမ်းလည်း အသိအမှတ်ပြုခံချင်နေပြီ။

    ဒီလိုအခြေအနေမှာ ထိုင်းကို အကူအညီတောင်းတယ်။

    ထိုင်းကလည်း အစည်းအဝေးကို စကစရဲ့ နိုင်ငံခြားရေးဝန်ကြီး လူကိုယ်တိုင်အစည်းအဝေး တက်ရောက်ခွင့်ကို အာဆီမှာ အဆိုပြုချက် တင်သွင်းပေးတယ်။

    အဲ့လိုတင်သွင်းမှပဲ အရှက်ထပ်ကွဲရတယ်။ ဒီအဆိုပြုချက်ကို စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြင်းပြင်းထန်ထန်ကန်ကွက်လို့ ကိုယ်စားလှယ်လေးတောင် တက်ခွင့်မရဘဲ အပိုင်း၁နဲ့တင် ဇာတ်သိမ်းသွားတယ်။

    ပြီးတော့ ထပ်ကွဲသေးတယ်။ လူကိုယ်တိုင် တက်ခွင့်တော့မပေးဘူး။ video စနစ်နဲ့တော့ တွေ့ဆုံလို့ရမယ်။

    ဒါပေမယ့် အာဆီယံပင်မအစည်းအဝေးနဲ့ မဆိုင်ဘူး။ မြန်မာ့အရေး သီးခြားဆွေးနွေးတဲ့အနေနဲ့ပဲ တွေ့ဆုံရမယ်တဲ့။ အေးရော။

    မအလဟာ သူ့လူတက်ခွင့်ရရင် ဒီကနေတစ်ဆင့် အခွင့်အရေးဖန်တီးမယ်။ ပုံရိပ်တည်ဆောက်မယ်။

    ငါသမ္မတကြီးဆိုတာမျိုး လုပ်ပြမယ်ပေါ့။ ဒါမယ့် ဒီနေ့ဒီအချိန်ထိ မအလဟာ နိုင်ငံတကာအလယ်မှာ စစ်ရာဇဝတ်ကောင်ပါပဲ။

    မအလ သမ္မတဆိုတာ သူ့အိမ်မှာပဲရမယ်။ နိုင်ငံတကာ မပြောနဲ့။ သူ့အိမ်က ထွက်လိုက်ရင်တောင် သူဟာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ကောင်ပဲ။

    အမှုဖွင့် တရားစွဲခံထားရတဲ့ ဝရမ်းပြေးပဲ။

    သူ့အိမ်မှာတောင် သူ့မိသားစုပဲမို့ သူ့ကို သန်းမကြီး ဖြစ်ခွင့်ပေးထားတာ။

    တကယ်တမ်းပြောရရင် မအလနေရာမှာ တစ်ခြားသူကို ရှက်လွန်းလို့ အသက်ထွက်သွားလောက်ပြီ။

    Htet Myat

  • နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ် ဖွင့်လှစ်

    နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ် ဖွင့်လှစ်

    နေပြည်တော်မှာ လောင်းကစားဝိုင်းတွေ အကြီးအကျယ် ဖွင့်လှစ်နေပြီး လိုင်းကြေးယူထားတာကြောင့် အရေးယူမှုမရှိ

    နေပြည်တော်မှာ ဌာနဆိုင်ရာတွေဖြစ်တဲ့ ထွေအုပ်၊ ရဲ၊ စရဖ နှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို လိုင်းကြေးပေးကာ လောင်းကစားဝိုင်းတွေဖြစ်တဲ့ လေးကောင်ဂျင်၊ ကြက်ဝိုင်းတွေကို စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

    ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းနှင့် ဆွာလမ်းဆုံ မီးပွိုင့်အနီးရှိ အမှတ် (၅) နယ်မြေရဲစခန်း ဧရိယာအတွင်းမှာ လေးကောင်ဂျင်ဝိုင်းကို တခမ်းတနား ဖွင့်လှစ်ထားပြီး ဒေသခံအာဏာပိုင်တွေက လျစ်လျူရှုထားတဲ့ အခြေအနေကို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

    “အမှတ် (၅) နယ်မြေရဲစခန်းနှင့် ဥတ္တရသီရိအပိုင် စရဖ မိုးတိမ်၊ ဥတ္တရသီရိမြို့နယ်၊ ငန်းစပ်ကျေးရွာနေ ထွေအုပ်ဝန်ထမ်း ကိုမျိုးချစ် တို့က အပတ်စဉ် လိုင်းကြေးတွေယူပြီး Cover ပေးထားတာ၊

    နေ့လယ် ၁၂ နာရီကနေ မနက် ၄ နာရီအထိ အရက်ဆိုင်တွေ၊ ထမင်းဆိုင်တွေနဲ့ပါ စည်ကားနေတာ၊ အရင်ကလည်း ဌာနဆိုင်ရာတွေကို တိုင်ဖူးတယ်၊ ခုထိ အရေးယူဆောင်ရွက်တာမျိုး မရှိသေးဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

    အဆိုပါ လောင်းကစားဝိုင်းကို ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်နေ ဦးရန်နောင် (ခ) ဖိုးကုလား၊ ဦးမင်းဇော် (ခ) သန်းဇော်၊ ငန်းစပ်ရွာနေ ဦးကိုမျိုးနဲ့ ဝဏ္ဏသိဒ္ဓိရပ်ကွက်နေ ကျော်ဇေယျ (ခ) ကျော်ကြီးတို့က ဦးဆောင်နေပြီး လေးကောင်ဂျင် ဒိုင်ကြီးတွေ ဖြစ်ကြတဲ့ ဦးကြည်လွင်၊ ဦးကျော်သူ၊ ဦးမောင်ဇော်၊ ဦးအောင်ကို၊ ဦးရွှေဓါးနဲ့ ဦးသိန်းသန်းမင်း တို့ကို ဖိတ်ခေါ်ပြီး လောင်းကစားဝိုင်းကြီးတွေအဖြစ် ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

    အလားတူ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာ၊ အာဟာရသုခစျေး အရှေ့ဘက်ရှိ ခြံဝိုင်းအတွင်းမှာလည်း အဆောက်အဦ အခိုင်အမာဆောက်လုပ်ကာ လေးကောင်ဂျင်ဝိုင်းတွေကို ညနေ ၅ နာရီကနေ မနက် ၆ နာရီအထိ ဒိုင်အုပ် ကိုမျိုးကြီးက ဦးဆောင်ပြီး အကြီးအကျယ် ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

    “ဒီဝိုင်းကြောင့် ပျဉ်းမနားမှာ ခိုးမှု၊ လုယက်မှုတွေ များလာနေပြီ၊ ဝိုင်းဦးဆောင်တဲ့ ကိုမျိုးကြီးဆိုရင် အခု နာမည်ကြီးနေတဲ့ ကျားဖျန့် ငွေလိမ်ဂိုဏ်းတွေနဲ့ပါ ပတ်သက်နေတယ်လို့ ကြားနေရတယ်၊ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး အရေးယူပေးစေချင်တယ်” လို့ ပျဉ်းမနားမြို့ခံတဦးက ပြောပါတယ်။

    ဒါ့အပြင် နေပြည်တော်၊ ဇေယျာသီရီမြို့နယ်၊ ကျွန်းရောင်းအုပ်စု၊ ရွာသစ်ရွာမှာလည်း ဂျင်ဝိုင်း၊ ကြက်ဝိုင်းတွေကို လိုင်းကြေးပေးကာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

    “ဂျင်ဝိုင်း ကြက်ဝိုင်းတွေကို ဦးဆောင်လုပ်ကိုင်နေသူတွေက စည်သူမင်း၊ ဇော်ကြီး၊ ခင်မောင် တို့ပါ။ သူတို့က တိုင်း OC တင်အောင်ထွန်း၊ ခရိုင် OC ထက်လွင်ကျော်၊ ဇေယျာသီရိမြို့နယ်မှူး ဇော်ဝင်း၊ ရေဆင်း စခန်းမှူး ကျော်ဇော်ဦး၊ နယ်ထိန်းခေါင်းဆောင် ထိန်းလင်းအောင်၊ ကျွန်းရောင်း အုပ်ချူပ်ရေမှူး ဦးအေးကျော်၊ ရွာသစ်ကျေးရွာ ရာအိမ်မှူး ဇော်လင်းခိုင် တို့ကို ဆယ်ရက်တစ်ခါ သိန်း ၆၀ လိုင်းကြေးပေးရတယ်၊ သူတို့ ခွင့်ပြုထားတော့ ကျနော်တို့က ဘယ်ကို သွားတိုင်ရမှန်း မသိဘူး ဖြစ်နေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

    နေပြည်တော်မှာ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းတွေကြောင့် လူမှုရေး ပြဿနာတွေနှင့်အတူ ပစ္စည်းလုယက်တာ၊ လုယက်ရင်း လိင်ပိုင်းဆိုင်ရာ ပြုကျင့်တာနှင့် မိသားစုလိုက် သတ်ဖြတ်ပြီး ပစ္စည်းခိုးယူတာ စတဲ့ ရာဇဝတ်မှုတွေ ဆက်တိုက် ဖြစ်ပွားနေပေမယ့်

    သက်ဆိုင်ရာ ရဲနှင့် ဌာနဆိုင်ရာတွေက လောင်းကစားဝိုင်းတွေဆီက လိုင်းကြေးယူပြီး လျစ်လျူရှုပေးထားတာကြောင့် ပြည်သူတွေဟာ ဘယ်ဌာနကို တိုင်တန်းရမယ်ဆိုတာ မသိတော့ဘဲ အခက်ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

  • ဂျပန်ခြေဆွဲကောင်ကို အလဲထိုးပြီး ချန်ပီယံဘွဲ့ကို ထိန်းသိမ်းလိုက်တဲ့ ဗန်

    ဂျပန်ခြေဆွဲကောင်ကို အလဲထိုးပြီး ချန်ပီယံဘွဲ့ကို ထိန်းသိမ်းလိုက်တဲ့ ဗန်

    ဂျပန်ခြေဆွဲကောင်ကို အလဲထိုးပြီး ချန်ပီယံဘွဲ့ကို ထိန်းသိမ်းလိုက်တဲ့ ဗန်

    ပရိသတ်တွေ စောင့်မျှော်နေတဲ့ သတင်းကောင်း ရောက်လာပါပြီ။ ကျွန်တော်တို့ရဲ့ မြန်မာပြည်ဖွား ကမ္ဘာ့ဖိုက်တာ ဂျိုရွှာဗန်ကတော့ ဂျပန်ဖိုက်တာကို အလဲထိုးပြီး သူ့ရဲ့ Flyweight ချန်ပီယံခါးပတ်ကို ထိုက်ထိုက်တန်တန် ကာကွယ်သွားနိုင်ခဲ့ပါပြီ။”

    “ဒီပွဲဟာ ၅ ချီအထိ တကယ်ကို အကြိတ်အနယ် ရှိခဲ့တာပါ။ ဂျိုရွှာဗန်က ပွဲတစ်ပွဲလုံးမှာ ထိုးချက်ပေါင်း ၂၂၅ ချက်အထိ ထိုးခဲ့ပြီး ၁၄၀ ချက်က ပြိုင်ဘက်ကို တိတိကျကျ ထိမှန်ခဲ့တာပါ။

    အထူးသဖြင့် ပြိုင်ဘက်ရဲ့ ဦးခေါင်းကို ပစ်မှတ်ထားတဲ့ ပြင်းထန်တဲ့ လက်သီးချက် ၁၁၆ ချက်ကပဲ ပွဲကို အဆုံးအဖြတ် ဖြစ်စေခဲ့ပါတယ်။”

    “၅ ချီမြောက်၊ ၁ မိနစ် ၃၄ စက္ကန့်မှာတော့ ဂျိုရွှာဗန်ရဲ့ တိကျပြင်းထန်တဲ့ ထိုးချက်တွေကြောင့် ဒိုင်ပွဲရပ် TKO နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဂျပန်ဖိုက်တာအနေနဲ့ ဗန်ရဲ့ ထိုးချက်တွေကို မခံနိုင်တော့ဘဲ လက်လျှော့ခဲ့ရတာပါ။”

    “ဒီနိုင်ပွဲကြောင့် ဂျိုရွှာဗန်ရဲ့ မှတ်တမ်းဟာ ၁၆ ပွဲနိုင်၊ ၂ ပွဲရှုံး ဖြစ်လာခဲ့ပါပြီ။ ချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တဲ့ ဗန်အတွက် ဂုဏ်ယူစရာပါပဲ။”

    ဆရာကြီးလည်း ကံကောင်းလို့၃ချီထဲက အလဲထိုးမခံရတာနော် ဗန်ကတော့သူ့စကားအတိုင်း ၃ချီမှာအပြတ်တီးတာ ဆရာကြီးလည်းကံကောင်းသွားတာ။

    အခုဒိုင်ကပွဲရပ်တာလည်း စိတ်မဆိုးပါနဲ့တိုင်ယာရယ် ပွဲမရပ်ရင် ဆရာကြီးလည်း ထမ်းစင်နဲ့ ထုတ်ရတော့မယ်။

    ဘာဘဲပြောပြောတိုင်ယာရဲ့ ဇွဲနဲ့ ကျိုးစားမှုကလည်း တကယ်လေးစားစရာပါ အရမ်းခံနိုင်ရည်အားကောင်းတဲ့ကစားသမားပဲ။

    ဗန်ကတော့အထူးပြောစရာမလိုဘူး UFCရဲ့ ဗန်ခေတ် တခေတ်ကိုစတင်ပြီလို့တောင် သုံးသပ်ရတော့မယ်။

    ဗန်ရဲ့ပွဲသိမ်းထိုးကွက်

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံခွင့် စစ်အုပ်စု လျစ်လျူရှုထား

    ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေအဖွဲ့ တွေ့ဆုံခွင့် စစ်အုပ်စု လျစ်လျူရှုထား

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က တောင်းဆိုထားမှုကို စစ်အုပ်စုက လျစ်လျူရှုထားဆဲဖြစ်ပြီး တွေ့ဆုံခွင့်မရသေးကြောင်း စုံစမ်းသိရှိရသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး ရှေ့နေအဖွဲ့က စစ်အုပ်စုထံ စာဖြင့် အကြိမ်ကြိမ် တင်ပြတောင်းဆိုနေခြင်းဖြစ်သည်။

    လွန်ခဲ့သည့် ငါးလခန့်က တွေ့ဆုံခွင့် ထပ်မံတင်ပြထားမှုမှာလည်း လက်ရှိအချိန်အထိ “ဘာမှ မထူးဘူး” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ယနေ့ (မေလ ၁၀ ရက်) ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်အား “သတ်မှတ်နေအိမ်” သို့ပြောင်းရွှေ့ကြောင်း ကြေညာပြီးနောက်ပိုင်းတွင်မူ ရှေ့နေအဖွဲ့က တွေ့ဆုံခွင့် ထပ်မံ တင်ပြထားခြင်း မရှိသေးကြောင်းလည်း ပြောသည်။

    လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက နေရာပြောင်းရွှေ့လိုက်သော်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း ၎င်းအတွက် ထောင်ဝင်စာပစ္စည်းပေးပို့မှုကို နေပြည်တော်အချုပ်ထောင်သို့သာ ဆက်လက်ပေးပို့နေရဆဲဖြစ်ကြောင်းလည်း တရားရုံးနှင့် နီးစပ်သူများက ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ “သတ်မှတ်နေအိမ်” ၌ ကျန်ရှိပြစ်ဒဏ်များအား ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ကြောင်း စစ်အုပ်စုက ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

    ယင်းနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား မိသားစု၊ ရှေ့နေများနှင့် ပုံမှန်တွေ့ဆုံခွင့်ပေးရန်၊ လိုအပ်သည့် ဆေးကုသမှုများ ခွင့်ပြုပေးရန်နှင့် “ခြွင်းချက်မရှိ” လွှတ်ပေးရန် ဥရောပသမဂ္ဂ (EU)၊ ဩစတြေးလျ၊ ကနေဒါနှင့် နော်ဝေးနိုင်ငံတို့က တောင်းဆိုထားသကဲ့သို့ ယူကေ၊ အမေရိကန်၊ ကုလသမဂ္ဂ၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားကြသည်။

    ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက နေရာရွှေ့ပြောင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူအား နေရာရွှေ့ပြောင်းခြင်းမှာ လွတ်မြောက်ခွင့်ပေးခြင်းမဟုတ်ဘဲ ဓားစာခံအဖြစ် ဆက်လက်ထား ရှိနေခြင်းသာဖြစ်ကြောင်းနှင့် အသက်ရှင်နေသေးသည့် သက်သေပြရန် ထုတ်ပြန်တောင်းဆိုထားသည်။

    ထို့ပြင် All in One Piece Movement ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အမျိုးမျိုးသောသတင်းများ ထွက်ပေါ်နေသော်လည်း ခိုင်မာသောအထောက်အထား မဟုတ်ပါက လက်ခံမည်မဟုတ်ကြောင်းနှင့် အနာဂတ်တွင်လည်း ‘သက်ရှိထင်ရှားရှိကြောင်း’ သက်သေကိုသာ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရကာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းကစပြီး ရှေ့နေအဖွဲ့နှင့်ပါ တွေ့ခွင့်မရတော့ဘဲ ပြင်ပ နှင့် အဆက်အသွယ်ဖြတ်တောက်ခံထားရသူဖြစ်သည်။

  • တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်

    တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်

    ရန်ကုန်တွင် သီလရှင်ဝတ်စုံဖြင့် Miss Grand Myanmar ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်များချမှတ်ပြီး ပွဲလက်ခံသည့် ဟိုတယ်ကို လုပ်ငန်းလုပ်ခွင့် ၆ လပိတ်

    ရန်ကုန်တွင် ကျင်းပပြုလုပ်ခဲ့သည့် Miss Grand Myanmar အလှမယ်ပြိုင်ပွဲ ၏ အမျိုးသားဝတ်စုံ (National Costume) ယှဉ်ပြိုင်မှုတွင် ဗုဒ္ဓဘာသာ သီလ ရှင်ဝတ်စုံကို ဝတ်ဆင်ကာ မော်ဒယ် လျှောက်ခဲ့သည့် တာချီလိတ်အလှမယ်နှင့် ပွဲစီစဉ်သူများကို စစ်ကောင်စီတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ အသီးသီး အမိန့်ချမှတ်လိုက်ကြောင်း ရန်ကုန်အခြေစိုက် မဘသအသိုင်းအ၀ိုင်းထံမှ သိရသည်။

    မေလ ၈ ရက်နေ့ စစ်ကောင်စီတရားရုံးက သာသနာရေးဝန်ကြီးဌာန၏ တိုင်ကြားချက်အရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီနောက် အလှမယ် အိမွန်လွင် (တာချီလိတ်မယ်)ကို သီလရှင်ဝတ်စုံဝတ်ကာ ယှဉ်ပြိုင်ခဲ့မှုအတွက် သာသနာညိုးနွမ်းစေမှု အပါအဝင် ပုဒ်မများဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်​ ၄ နှစ်၊ Miss Grand Myanmar ပွဲစီစဉ်သူ မရမ်ဆိုင်းနော် ကို ထောင်ဒဏ် အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၄ နှစ်၊ ပွဲကျင်းပခဲ့သည့် Eravati Sule Grand Yangon ဟိုတယ်မှ မန်နေဂျာကို ထောင်ဒဏ် ၆ လ ချမှတ်လိုက်ကြောင်း သိရှိရသည်။

    ယင်းအပြင် ပြိုင်ပွဲကျင်းပခဲ့သည့် ရန်ကုန်မြို့ Eravati Sule Grand Yangon ဟိုတယ်ကိုလည်း (၆) လယာယီပိတ်သိမ်းရန် အမိန့်ချမှတ်ခဲ့သည်။

    ပြီးခဲ့သည့် မေလ ၄ ရက်နေ့က ရန်ကုန်မြို့ရှိ Eravati Sule Grand Yangon ဟိုတယ်တွင် ကျင်းပခဲ့သည့် Miss Grand Myanmar ပြိုင်ပွဲ၌ တာချီလိတ်ကိုယ်စားပြုအလှမယ် အိမွန်လွင်က သီလရှင်ဝတ်စုံကို ဝတ်ဆင်၍ မော်ဒယ်ရှိုးလျှောက်ကာ ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

    ယင်းလုပ်ရပ်အပေါ် လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့ပြီးနောက် စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနက ဗုဒ္ဓဘာသာကို စော်ကားရာရောက်သည်ဟုဆိုကာ ပြည်ထဲရေးဝန်ကြီးဌာနသို့ အရေးယူပေးရန် မေလ ၅ ရက်နေ့တွင် တိုင်ကြားခဲ့သည်။

    ယင်းဖြစ်စဉ်ကြောင့် Miss Grand Myanmar အဖွဲ့အစည်းက အလှမယ် အိမွန်လွင်ကို ပြိုင်ပွဲမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သလို၊ ကျင်းပရန် ကျန်ရှိနေသည့် ဆန်ကာတင်ပြိုင်ပွဲ (Preliminary) နှင့် နောက်ဆုံးဗိုလ်လုပွဲ (Grand Final) တို့ကိုလည်း ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မေလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    လက်ရှိတွင် အဆိုပါဟိုတယ်မှာလည်း အမိန့်ကြောင့် ပိတ်ထားရသည့်အတွက် ဧည့်သည် လက်ခံမှုများကို ရပ်ဆိုင်းထားကြောင်း သိရှိရသည်။