Category: News
-
ကိုယ့်ညီမကိုယ် ±÷ပြုကျင့်ပြီး T-တ်လိုက်တဲ့ စိုင်းစံ
၁၄ နှစ်အရွယ် ညီမဝမ်းကွဲကို အဓမ္မပြုကျင့် သတ်ဖြတ်သူလူငယ်အား SSPP/SSA သေဒဏ်ပေး စီရင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် လူငယ်အမျိုးသားတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ် အထက်တရားရုံးက သေဒဏ်ချမှတ်၍ ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်) က သေဒဏ်စီရင်လိုက်ကြောင်း SSPP/SSA က ယနေ့တွင် သတင်းထုတ်ပြန်သည်။ သေဒဏ် စီရင်ခံရသူမှာ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာနေ အသက် ၂၄ နှစ်အရွယ် စိုင်းစံ (ခေါ်) စိုင်းဆာစံ ဆိုသူ ဖြစ်ပြီး ကျူးလွန်ခံရသူမှာ ၎င်း၏ ညီမဝမ်းကွဲတော်စပ်သူ အသက် ၁၄ နှစ်အရွယ် မနန်းစံဟွမ် ဖြစ်သည်ဟု သိရသည်။…
-
အလုပ်ရမယ်ဆိုလို့ မြို့တက်လာရက ငရဲခန်း ရောက်သွားခဲ့ရတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်
“ရန်ကုန်မှာ အလုပ်ရမယ်” ဆိုပြီး လိမ်ညာခေါ်ဆောင်ကာ ထိပ်တုံးခတ်ချုပ်နှောင်ခံထားရသည့် လူငယ် ၄ ဦးအား အင်းစိန်တွင် ရဲတပ်ဖွဲ့ ဝင်ရောက်ကယ်တင် ဘဝကို ရိုးရိုးသားသား ရုန်းကန်ချင်လို့ မြို့တက်ပြီး အလုပ်ရှာမိရာကနေ ထိပ်တုံးခတ်ခံရပြီး ငရဲခန်းကို ရောက်သွားခဲ့ရတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခု ရန်ကုန်မှာ ဖြစ်ပွားခဲ့ပါတယ်။ “ရန်ကုန်မှာ အလုပ်ရမယ်” ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုနောက်ကို ပါသွားမိတဲ့ လူငယ်လေးတွေ တကယ့်ကို အတိဒုက္ခ ရောက်ခဲ့ကြရတာပါ။ ဖြစ်စဥ်မှာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှ လူငယ် (၂) ဦးကို ကြည်ဝင်း ဆိုသူက ရန်ကုန်တွင် အလုပ်ရမည်ဟု လိမ်ညာခေါ်ဆောင်သွားခဲ့ပြီးနောက် အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ လမ်းဆုံတွင် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားခဲ့ရာမှ ကာယကံရှင် မိသားစုများက သက်ဆိုင်ရာသို့ အကူအညီတောင်းခံခဲ့ပါတယ်။ ၂၅.၈.၂၀၂၆ ရက်နေ့ (မူရင်းသတင်းပါရက်စွဲ)…
-
လာမည့် ၄၈ နာရီအတွင်း မိုးကြီးဦးမယ့်ဒေသတွေ
အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် လာမည့် ၄၈ နာရီအတွင်း တိုင်းနှင့် ပြည်နယ် ၇ ခုတွင် မိုးကြီးနိုင် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၊ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် လာမည့် ၂ ရက်အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။ လာမည့် ၂ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ မနက်ဖြန်အတွက် မိုးလေဝသ ခန့်မှန်းချက်တွင် မကွေးတိုင်းနှင့် ကရင်နီပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊…
-

နေပြည်တော် အောက်ပေါင်းလောင်းရော ငမိုးရိပ်ပါ ရေကျော်နေပြီ
နေပြည်တော်ရှိ အောက်ပေါင်းလောင်း ရေလှောင်တမံ ရေပြည့်အမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး ရေပိုလွှဲမှ စတင် ရေကျော်နေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ အောက်ပေါင်းလောင်းရေလှောင်တမံမှာ ရေပြည့်အမှတ်သို့ ရောက်ရှိပြီးနောက် သြဂုတ်လ ၃၁ ရက် ဒီကနေ့ မနက် ၇ နာရီခန့်မှ စတင်ကာ ရေပိုလွှဲမှ ရေကျော်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ရေပိုလွှဲမှ ရေကျော်နေပြီဖြစ်ပေမယ့် ရေဝင်ရောက်မှု အခြေအနေပေါ် မူတည်ပြီး စနစ်တကျ ထိန်းညှိထုတ်လွှတ်ပေးနေတဲ့အတွက် ပေါင်းလောင်းမြစ်တလျှောက် ရေကြီးရေလျှံမှုအတွက် စိုးရိမ်စရာ မလိုသေးကြောင်းလည်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ သြဂုတ်လ ၃၁ ရက် ဒီကနေ့ မနက် ၈ နာရီ ၄၅ မိနစ်အချိန်ခန့်က ရေပိုလွှဲမှ ရေကျော်လွန် စီးဆင်းမှုဟာ ၂,၀၅၀ ကုဗပေ/စက္ကန့် ရေကျော်စီးဆင်းနေပြီး…
-

ရေဘေး လာလှူတဲ့လူတချို့ T-ဆုံး၊ ပျောက်ဆုံး
ငါးသိုင်းချောင်း-အိုင်သပြု လမ်းပေါ်မှာ လှေမှောက်လို့ ရေဘေးလာလှူတဲ့ အလှုရှင် ၁ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း-အိုင်သပြု လမ်းပေါ်မှာ ဒီနေ့မနက်ပိုင်းက ဒေသခံ ၃ ဦး စီးနင်းလိုက်ပါလာတဲ့ လှေတစ်စီး တိမ်းမှောက်ခဲ့ပြီး ရုပ်အလောင်းတစ်ခုသာ ပြန်ရသေးတယ်လို့ သိရပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့ ဒီကနေ့မနက်ပိုင်းက တိမ်းမှောက်ခဲ့တာဖြစ်ပြီး လှေပေါ်ပါသူ ၃ ဦးထဲက ၁ ဦးရဲ့ ရုပ်အလောင်းကိုသာ ပြန်ရပြီး ကျန် ၂ ဦး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။ “ကနဦးသိရသလောက်တော့ သေတာက ရေဘေးသင့်ပြည်သူတွေကို လာလှူတဲ့ အလှုရှင် ဖြစ်နေတယ်။ ကြပ်ကွင်းရွာသား ၂ ယောက်ပျောက်နေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ငါးသိုင်းချောင်း-အိုင်သပြု လမ်းပေါ်ဟာ…