Category: News

  • မြန်မာတစ်နိုင်ငံလုံးစိတ်ပူနေချိန်မှာ It mint နဲ့ ပက်ထရစ်ရှာ

    မြန်မာတစ်နိုင်ငံလုံးစိတ်ပူနေချိန်မှာ It mint နဲ့ ပက်ထရစ်ရှာ ဖက်နေတဲ့ဓာတ်ပုံထွက်ပေါ်လာခဲ့။

    မလေးရှားမှာ ချစ်သူရည်းစားလို တွဲရိုက်ထားတဲ့ပုံတွေ တင်လာတဲ့ It’s Mint😎

    It’s mint က စွပ်စွဲပြောဆိုခံနေရတာတွေအားလုံးကို ပုံတစ်ပုံတည်းနဲ့ဖြေရှင်းလိုက်ပါတယ်။

    ပက်ထရစ်ရှာရဲ့ Case ဟာ ပရိသတ်တွေကို အမှန်တရားထွေပြားနေစေခဲ့ပြီး သူမဟာ Manipulate လုပ်ခံရကြောင်း တောက်လျှောက်ပြောဆိုနေပေမယ့် အဆိုပါဖြစ်စဉ်ဟာ ဘယ်ကိုဦးတည်နေကြောင်း ပရိသတ်တွေအတွက်တော့ ခန့်မှန်းရခက်စေခဲ့ပါတယ်။

    It’s mint က မလေးရှားမှာ ရှာရှာနဲ့အတူ သမီးရည်းစားကဲ့သို့ ဖက်ရိုက်ထားတဲ့ပုံကို သူ့ Tik Tok ကနေတဆင့်တင်လာခဲ့တာပါ။

    ငယ်စဥ်ကတည်းက ခံစာ:လာရတဲ့ စိ.တ်ဝေဒ.နာ.ကြောင့် အရက်မူ:ရင် အကူညီတွေလျှောက်တောင်းမိတတ်ကြောင်း ရင်ဖွင့်လာတဲ့ ပက်ထရစ်ရှာ 😔💔

    အဲ့လိုကျတော့လည်း စိတ်မကောင်းစရာပဲနော်…

    ငါးခူရုပ်နဲ့ မော်ဒယ်ကို ရထားတော့ ပိုစ့်တွေ တင်လို့မဆုံ: ဖြစ်နေတဲ့ It’s Mint 🥰❤

    နင်တို့တွေ ဘာတတ်နိုင်ကြသေးလဲ?

    ဘယ်သူ ဘာပြောပြော ဂရုမစိုက်ဘူးဆိုတဲ့ ငါးခူ နဲ့ မူးရင် ဘာမှမသိတဲ့ ရှာရှာ လိုက်ဖက်လွန်းနေရော…😍

  • ဗန်ရဲ့ ဒီစကားတခွန်းနဲ့တင် သူ့ပရိသတ်ဖြစ်ဖို့ လုံလောက်သွားခဲ့တယ်

    ဗန်ရဲ့ ဒီစကားတခွန်းနဲ့တင် သူ့ပရိသတ်ဖြစ်ဖို့ လုံလောက်သွားခဲ့တယ်

    ငါတို့နိုင်ငံ စစ်ဖြစ်နေတယ်၊

    ဘယ်သူနဲ့ ဖြစ်တာလဲဆိုရင်

    `အစိုးရ´ နဲ့ `စစ်တပ်´ နဲ့ ဖြစ်တာ …

    [ဂျော့ရှူဝါဗန်]

    ဗန်ရဲ့ ဒီစကားတခွန်းနဲ့တင် သူ့ပရိသတ်ဖြစ်ဖို့ လုံလောက်သွားခဲ့တယ်။

    သူရည်ညွှန်းတဲ့ အစိုးရဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ အဖွဲ့ကို ဆိုလိုတာ

    စစ်တပ် ဆိုတာတော့ ခိုးသားဓားပြ အကြမ်းဖက် မင်းအောင်လှိုင်…

    အစိုးရနဲ့ စစ်တပ်နဲ့ စစ်ဖြစ်နေတာ

    ဗန်ရဲ့ ဆန္ဒ ကပြည်သူတွေရဲ့ဆန္ဒနဲ့ တထပ်ထဲပါ။

    မြန်မာကို ကမ္ဘာကြီးက သိပ် မသိကြဘူး မြန်မာကို ကမ္ဘာကြီးက သိအောင် ကျတော် ကြိုးစားရမှာ

    မြန်မာကို ကမ္ဘာကြီးက သိမှ မြန်မာပြည်သူတွေရဲ့ ဒုက္ခကို ကမ္ဘာကြီးသိမှာ

    ပြည်တွင်းစစ်ကြီးရဲ့ ဆိုးကြိုးကြောင့် မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေကို ကမ္ဘာကြီးက သိအောင် ကျတော်ကြိုးစားရမှာ။

    အားပေးရကျိုးနပ်လိုက်တာ🥰🥰

    နာမည်ကြီး ကစားသမားတွေ ဘယ်သူမှ ဒါမျိုးမပြောခဲ့ကြဘူး။

    “လူတွေကို ကျွန်တော် သိစေချင်တာက မြန်မာနိုင်ငံဟာ အရင်က အင်အားတောင့်တင်းပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ဖူးပါတယ်…

    ဒီ အစိုးရ အာဏာသိမ်းမှုတွေ မဖြစ်ခင် အချိန်ထိပေါ့။

    အဲဒီ အာဏာသိမ်းမှုတွေကပဲ ကျွန်တော်တို့ နိုင်ငံကို အရာရာ ပျက်စီးစေခဲ့တာပါ။

    ဒါပေမဲ့ ကျွန်တော်တို့ တိုက်ပွဲဝင်နေဆဲပါ…

    ပြီးတော့ အောင်ပွဲရတဲ့အထိလည်း ဆက်ပြီး တိုက်ပွဲဝင်သွားမှာပါ။”

    ဂျော့ရှုဝါ ဗန်

    “I want people to understand that Myanmar used to be a strong, independent country, until these government takeovers. It ruined it all for us. But we are still fighting… and we will fight until we get the victory.”

    JoshuaVan

    (From the interview with The Straits Times)

    10-5-2026

  • လုပ်ကြံခံရမည် စိုး၍ တွေ့ဆုံသူတိုင်းအား နာရီဝတ်ခွင့် ပူတင် ပိတ်ပင်

    လုပ်ကြံခံရမည် စိုး၍ တွေ့ဆုံသူတိုင်းအား နာရီဝတ်ခွင့် ပူတင် ပိတ်ပင်

    ဂျိမ်းစ်ဘွန်း ဇာတ်လမ်းကဲ့သို့ လုပ်ကြံခံရမည် စိုး၍ တွေ့ဆုံသူတိုင်းအား နာရီဝတ်ခွင့် ပူတင် ပိတ်ပင်

    လုပ်ကြံကာ အာဏာလုရန် ကြံစည်မှုများ ရှိနေသည်ဆိုသော ထောက်လှမ်းရေး အချက်အလက်များ ပေါက်ကြားလာပြီးနောက် ရုရှားသမ္မတပူတင်သည်

    ကိုယ်တိုင်ခန့်ထားသည့် အကြီးအကဲများ အားလုံးကို ၎င်းနှင့် လာရောက်တွေ့ဆုံရာတွင် မည်သူ့ကိုမျှ နာရီပတ်ခွင့် မပြုတော့ကြောင်း သတင်းများထွက်လာသည်။

    ဥရောပထောက်လှမ်းရေးအေဂျင်စီတစ်ခုက ပူတင်အား တစ်ချိန်က အလွန်ရင်းနှီးခဲ့သည့် ကာကွယ် ရေးဝန်ကြီးဟောင်း ရှိုဂူက ဦးဆောင် လုပ်ကြံအာ ဏာသိမ်းရန် ကြံစည်နေသည်ဆိုသည့်

    ပေါက်ကြားသော သတင်းအချက်အလက်များ ရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့ရာ ပူတင်သည် ၎င်းဆင့်ခေါ် တွေ့ဆုံသမျှ ရုရှားအကြီးအကဲတိုင်းကို နာရီပတ်ခွင့် ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်။

    ဂျိမ်းစ်ဘွန်းရုပ်ရှင်ကား ဖြစ်သည့် Octopussy တွင် Seiko လက်ပတ်နာရီဖြင့် ဖောက်ခွဲလုပ်ကြံမှု ပါဝင်ခဲ့သလို Golden Eye ဂျိမ်းစ်ဘွန်းရုပ်ရှင်တွင်လည်း နာရီကို လေဆာလက်နက် အဖြစ် အသုံးပြုခဲ့ရာ

    အကြောက်လွန်နေသော ပူတင်သည် ထိုနည်းများဖြင့် အနီးကပ် လုပ်ကြံလာမည်ကို စိုးရိမ်သဖြင့် တွေ့ဆုံရမည့်သူတိုင်းအား နာရီပတ်ခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။

    ယခင်ကတည်းက ၎င်းနှင့် တွေ့ဆုံသူများကို ဖုန်း၊ တက်ဘ်လက်၊ လက်ပ်တော့များ သယ်ဆောင်လာခွင့်အား ပူတင်က ပိတ်ပင်ထားကာ ယခု နာရီပတ်ခွင့်ပါ ထပ်မံပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

    ထိုအခြေအနေကို တမ်ဘော့မြို့စား ယက်ဗ်ဂီနီပါဗီရှောဗ်၊ မော်ဒိုဗီယာမြို့စား အာတွိုင်ဇဒူနော့ဗ်၊ ချေချင်းညှာဒေသ ခေါင်းဆောင်း ရမ်ဇန်ကေဒါရော့ဗ်၊

    KamAZ ကုန်တင်ကားထုတ်ကုမ္ပဏီအကြီးအကဲ ဆာဂေးကိုဂိုဂင်တို့နှင့် ယခုနောက်ပိုင်း တွေ့ဆုံမှုများ၌ အားလုံး နာရီဝတ်ဆင်လာခြင်း မရှိသည်ကို ကြည့်ခြင်းအားဖြင့် အတည်ပြုနိုင်သည်။

    သို့သော် ပူတင်သည် ယခုနောက်ပိုင်း တွေ့ဆုံသည့် ရုရှားဝန်ကြီးချုပ် မီခေးမူရှူစတင်၊ နှစ်ပေါင်း ၄၀ ကျော် အနီးကပ်ဆုံး ပေါင်းသင်းခဲ့သည့် ၇၃ နှစ်အရွယ် KGB စပိုင်ခေါင်းဆောင်ဟောင်း ချာဂေးချီမီဇော့တို့နှင့် တစ်ဦး ချင်းတွေ့ဆုံမှုများတွင်မူ

    လက်နာရီများဝတ်ထားသဖြင့် အနီးဆုံးနှင့် အရင်းနှီးဆုံး ယုံကြည်ရသူတချို့ကိုမူ နာရီဝတ်ခွင့် မပိတ်ပင်ထားကြောင်းလည်း သိရသည်။

  • အင်ဂျင်ခန်း အလုံပိတ်နေရာမှာ အောက်စီဂျင်ပြတ်လပ်ပြီး ဆုံးပါးခဲ့ရတဲ့ မြန်မာသင်္ဘောသား ၂ ဦး

    အင်ဂျင်ခန်း အလုံပိတ်နေရာမှာ အောက်စီဂျင်ပြတ်လပ်ပြီး ဆုံးပါးခဲ့ရတဲ့ မြန်မာသင်္ဘောသား ၂ ဦး

    MV GUO QIANG 8 ကုန်တင်သင်္ဘောအင်ဂျင်ခန်း၊ အလုံပိတ်နေရာ (Enclosed Space) ထဲဝင်မိရာမှ မြန်မာသင်္ဘောသား ၂ ဦး အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံး

    နိုင်ငံခြားကုန်တင်သင်္ဘောကြီးတစ်စင်းဖြစ်သော MV GUO QIANG 8 ကုန်တင်သင်္ဘောတွင် မြန်မာသင်္ဘောသား ၂ ဦးက အင် ဂျင်ခန်း၊ အလုံပိတ်နေရာ (Enclosed Space) ထဲဝင်မိရာမှ အောက်ဆီဂျင်ပြတ်လပ်၍ သေဆုံးသွားကြောင်း ရန်ကုန်အခြေစိုက် သင်္ဘောသားအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    မေလ ၇ ရက်နေ့ MV GUO QIANG 8 တွင် Fitter ရာထူး တာဝန်ထမ်းဆောင်နေသူ ကိုဝင်းထွဋ်ဝင်း (ခ) ကိုသဲမောင် နှင့် ကိုအုပ်စိုးအောင်တို့ ၂ ဦးသည် သင်္ဘောအင်ဂျင်ခန်း၏ အလုံပိတ်နေရာ (Enclosed Space)တွင် သွားရောက် အလုပ်လုပ်ရင်း အောက်စီဂျင်ပြတ်လပ်၍ သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

    “ဒီဖြစ်ရပ်ကတော့ ဝမ်းနည်းဖို့ကောင်းတယ်။ သင်္ဘောသား ၂ ဦးလုံးက မတော်တဆမှုပေါ့နော်။

    သင်္ဘော အင်ဂျင်ခန်း၊ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ်နေရာ (Enclosed Space) တစ်ခုအတွင်း ဝင်ရောက်လုပ်ကိုင်နေစဉ်မှာပဲ မမြင်နိုင်တဲ့ အန္တရာယ်ဖြစ်တဲ့ အောက်ဆီဂျင်ပြတ်လပ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်” ဟု ရန်ကုန်အခြေစိုက်သင်္ဘောလိုင်းကုမ္ပဏီကိုယ်စားလှယ်တစ်ဦးက ရှင်းပြသည်။

    သေဆုံးသူ ၂ ဦးအနက် ကိုဝင်းထွဋ်ဝင်း (အသက် ၃၉ နှစ်) မှာ အိမ်ထောင်သည် ၁ ဦးဖြစ်ပြီး ဇနီးနှင့်သားသမီး ၂ ဦး ကျန်ရစ်ခဲ့ကာ အခြားသေဆုံးသူ သင်္ဘောသား ကိုအုပ်စိုးအောင်မှာမူ လူပျိုလူလွတ်တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

    ကုန်တင်သင်္ဘောများတွင် သင်္ဘောသားများအတွက် အလုံပိတ်နေရာ (Enclosed Space) များမှာ အန္တရာယ်အရှိဆုံးသော နေရာများဖြစ်ပြီး အင်ဂျင်ခန်းအတွင်းရှိ အခန်းလွတ်များ၊ တိုင်ကီများနှင့် လေလုံနေသည့်နေရာများမှာ အောက်ဆီဂျင်နည်းပါးနေတတ်သလို အဆိပ်ငွေ့များလည်း ရှိနေနိုင်ကြောင်း၊

    ထို့ကြောင့် စနစ်တကျ လေဝင်လေထွက် (Ventilation) မလုပ်ဘဲ မဝင်ရောက်ရန်၊ ယင်းသို့သော အခန်းအတွင်းသို့ မဝင်ရောက်မီ အောက်ဆီဂျင်ပမာဏကို အသေအချာ တိုင်းတာစစ်ဆေးရန်၊ အလုပ်လုပ်ကိုင်စဉ် အပြင်ဘက်မှ စောင့်ကြည့်သူ (Standby Person) အမြဲရှိနေရန်နှင့် ဆက်သွယ်ရေးစနစ်များ အဆင်သင့်ထားရှိရန် လိုအပ်ကြောင်း ဝါရင့်သင်္ဘောသားတစ်ဦးက ရှင်းပြသည်။

  • ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦး

    ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦး

    ဖူးခတ်မှာ မြန်မာမလေးကို အဓမ္မခေါ်ဆောင်သွားတဲ့ ထိုင်း (၂) ဦးကို ရဲတပ်ဖွဲ့နဲ့အတူ ချစ်သူဖြစ်သူက နောက်ယောင်ခံလိုက်ကာ ကယ်တင်နိုင်ခဲ့

    ​ဖူးခတ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တစ်ခုမှာ အသက် (၁၇) နှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦးကို တည်းခိုခန်းတစ်ခုသို့ အဓမ္မခြိမ်းခြောက်ခေါ်ဆောင်သွားတဲ့ ထိုင်းအမျိုးသား (၂) ဦးကို ရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    ​📌 ဖြစ်စဉ်အကျဉ်း

    ​ဖြစ်စဉ်မှာ (၁၁) ရက်နေ့ညက ဖူးခတ်မြို့ထဲတွင် အသက် (၂၃) နှစ်အရွယ် မြန်မာလူငယ်တစ်ဦးနှင့် ထိုင်းအမျိုးသား (၂) ဦးတို့ ဆိုင်ကယ်ကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

    ရန်ဖြစ်ပြီးနောက် လမ်းခွဲထွက်လာစဉ် အဆိုပါ ထိုင်းအမျိုးသားနှစ်ဦးက မြန်မာလူငယ်နှင့်အတူရှိနေသည့် အသက် (၁၇) နှစ်အရွယ် မိန်းကလေးကို သဘောကျသွားပြီး၊ မြန်မာလူငယ် မရှိခိုက်တွင် မိန်းကလေးကို ခြိမ်းခြောက်ကာ ဆိုင်ကယ်ပေါ် အလယ်မှာညှပ်၍ တည်းခိုခန်းတစ်ခုသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

    ​🚔 GPS အကူအညီဖြင့် အချိန်မီကယ်တင်နိုင်ခဲ့

    ​မိန်းကလေး ပျောက်ဆုံးသွားကြောင်း သိရှိပြီးနောက် ချစ်သူဖြစ်သူ မြန်မာလူငယ်က ရဲစခန်းသို့ အမြန်ဆုံး အကြောင်းကြားခဲ့ပြီး မိန်းကလေး၏ ဖုန်းမှ GPS တည်နေရာကို အသုံးပြုကာ ရဲတပ်ဖွဲ့နှင့်အတူ နောက်ယောင်ခံ လိုက်ခဲ့ကြသည်။

    ​တည်းခိုခန်းဝန်ထမ်း၏ ထွက်ဆိုချက်အရ

    ​”မနက်အစောကြီး (၃) နာရီလောက်မှာ ရောက်လာကြတာပါ။ ထိုင်းနှစ်ယောက်က အခန်းမြန်မြန်ရဖို့ အလောတကြီး လုပ်နေကြတယ်။ ကောင်မလေးကတော့ မျက်နှာမကောင်းဘူး၊

    ဒါပေမယ့် အကူအညီတောင်းသံ မကြားရတော့ ကျွန်တော်တို့လည်း သတိမထားမိလိုက်ဘူး” ဟု ဆိုသည်။

    ​⚖️ တရားခံများ၏ ထွက်ဆိုချက်နှင့် ပြစ်ဒဏ်

    ​ဖမ်းဆီးရမိသူ ထိုင်းအမျိုးသားနှစ်ဦးမှာ အသက် (၂၁) နှစ်နှင့် (၂၈) နှစ်တို့ ဖြစ်ကြသည်။

    ၎င်းတို့က “ဘာမှမလုပ်ရသေးဘူး၊ ကောင်မလေးချောလို့ သဘောကျလို့ ခေါ်လာတာ” ဟု ငြင်းဆိုထားသော်လည်း စစ်ဆေးချက်အရ ၎င်းတို့နှစ်ဦးစလုံးသည် မူးယစ်ဆေးဝါး (မြင်းဆေး) သုံးစွဲထားကြောင်း တွေ့ရှိရသည်။

    ​လက်ရှိတွင် ၎င်းတို့အား:

    ​မူးယစ်ဆေးဝါးသုံးစွဲမှု၊ ​အသက်မပြည့်သေးသူကို ခေါ်ယူပေါင်းသင်းရန် ကြံစည်မှု/အဓမ္မခေါ်ဆောင်မှု စသည့် ပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်နိုင်ရန် အမှုဖွင့် အရေးယူထားပါသည်။

    ​ရဲတပ်ဖွဲ့အနေဖြင့် မိန်းကလေးအား မည်သည့်နေရာမှ စတင်ဖမ်းဆီးခေါ်ဆောင်သွားသလဲ (အလုပ်အပြန် သို့မဟုတ် အခြားနေရာ) ဆိုသည်ကို အသေးစိတ် ဆက်လက်စစ်ဆေးနေဆဲ ဖြစ်သည်။

    ​သတိပေးချက် – မိမိတို့ နီးစပ်ရာ လူငယ်မောင်မယ်များအနေဖြင့် အပြင်သွားလာရာတွင် ဖုန်း GPS ဖွင့်ထားခြင်းနှင့် အန္တရာယ်ရှိနိုင်သည့် အခြေအနေများကို အမြဲဂရုပြုကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။