📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

Category: News

  • ပြည်ပရောက် လူငယ်များ ကိုယ်စားမဲနှိုက်ရတော့မယ့်စနစ်

    ပြည်ပရောက် လူငယ်များ ကိုယ်စားမဲနှိုက်ရတော့မယ့်စနစ်

    ပြည်ပရောက်ရှိနေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားလူငယ်များကို စစ်မှု ထမ်းမဲနှိုက်သူများစာရင်းတွင် ထည့်သွင်းပြီး မဲပေါက်ပါက မြန်မာနိုင်ငံပြန်လာ၍ စစ်မှုထမ်းဆောင်ခိုင်းရေး လုပ်ဆောင်ရန် ညွှန်ကြား အကြမ်းဖက်စစ်တပ်က ပြည်ပရောက်ရှိနေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုး သားများကို စစ်မှုထမ်းမဲနှိုက်သူများစာရင်းတွင် ထည့်သွင်းခိုင်းထားပြီး မဲပေါက်ပါက မြန်မာနိုင်ငံပြန် လာ၍ စစ်မှုထမ်းဆောင်ခိုင်းရေး လုပ်ဆောင်ရန် ညွှန်ကြားလာကြောင်း ရန်ကုန်တိုင်းမှ မြို့နယ်စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်တစ်ဦးကပြောဆိုသည်။ ယခင်က မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက စစ်မှုထမ်းများခေါ်ယူခြင်းနှင့်မဲနှိုက်ပွဲများ လုပ် ဆောင်ခြင်း အပါအဝင် စစ်မှုထမ်ဆိုင်ရာ အပြီး သတ်အဆုံးအဖြတ် စီမံခန့်ခွဲခွင့်ရရှိခဲ့သော်လည်း ဩ ဂုတ်လနှောင်းပိုင်းမှစတင်၍ ခရိုင်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များက သက်ဆိုင်ရာမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များကို စီမံညွှန်ကြားတိုက်ရိုက် ထိန်းချုပ်လာကြောင်း၊ မြို့နယ်များတွင်…

  • ၆ နှစ်အရွယ် သီလရှင်ငယ်လေးကို %$]ပြုကျင့်

    ၆ နှစ်အရွယ် သီလရှင်ငယ်လေးကို %$]ပြုကျင့်

    အသက် ၆ နှစ်အရွယ် သီလရှင်ငယ်လေးကို အသက် ၆၀ ကျော်အရွယ် အမျိုးသားက လိင်ပိုင်းဆိုင်ရာပြုကျင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ဆွမ်းဆန်ခံကြွတဲ့ အသက် ၆ နှစ်အရွယ် သီလရှင်ဆရာလေးကို အသက်ကြီးပိုင်းအမျိုးသားတဦးက လိင်ပိုင်းဆိုင်ရာပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်အရ သိရပါတယ်။ စက်တင်ဘာလ ၁၈ ရက်နေ့က လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ လူကြီးမင်းလမ်းက နေအိမ်တအိမ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါနေအိမ်ဟာ သီလရှင်ဆရာလေးတွေ နေ့လယ်ဆွမ်းစားနားတဲ့ နေအိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။ ဖြစ်စဉ်မှာ သီလရှင်ငယ်လေး ၂ ပါး နေ့လယ်ပိုင်း ဆွမ်းစားနားချိန်၊ သီလရှင်အကြီးတပါးက အောက်ထပ်မှာ ဆွမ်းခံငွေသားတွေကို ရေတွက်နေတုန်း အသက် ၆ နှစ်အရွယ် သီလရှင်ငယ်လေးက ကြောင်နဲ့ ဆော့ကစားရင်း လိုက်သွားရာက အိမ်အပေါ်ထပ်ကို ရောက်ရှိသွားခဲ့တယ်လို့ ဆိုပါတယ်။ အပေါ်ထပ်ရောက်ရှိသွားချိန်…

  • ကျောင်းတက်ဆဲ ကလေးတွေပါ စာရင်းထဲပါလာပြီ

    ကျောင်းတက်ဆဲ ကလေးတွေပါ စာရင်းထဲပါလာပြီ

    ရန်ကုန်မှာ စစ်မှုထမ်းအတွက် စာရင်းပြန်ကောက်နေ ကျောင်းတက်နေဆဲ ကလေးငယ်တွေပါ ပါဝင် ရန်ကုန်တိုင်းအတွင်း မြောက်ဥက္ကလာပ၊ ရွှေပေါက်ကံနဲ့ ဝေဘာဂီမြို့သစ်တို့မှာ စစ်မှုထမ်းဖို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ လူငယ်တွေကို စာရင်းပြန်ကောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စာရင်းကောက်ရာမှာ ၁၈ နှစ်ပြည့်ပြီးတဲ့ ၁၁ တန်းကျောင်းသားတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေပါ ပါဝင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် တချို့မြို့နယ်တွေမှာ အမျိုးသမီးစာရင်းပါ တစ်ခါတည်း ကောက်ယူနေတယ်လို့ ဆိုပါတယ်။ “အခုတခေါက် စာရင်းကောက်တာ ၁၈ နှစ်ပြည့်ပြီးတဲ့ ၁၁ တန်းကျောင်းသားတွေလည်းပါတယ်၊ တက္ကသိုလ်တက်နေတဲ့သူတွေလည်းပါတယ်၊ အကုန်ကောက်တာ။ တချို့မြို့နယ်ဆို အမျိုးသမီးစာရင်းပါ တစ်ခါတည်းကောက်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ စက်တင်ဘာ ၁ ရက်ကစပြီး စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ ရွေးချယ်ရေးလုပ်ငန်းတွေကို မြို့နယ်အဆင့်ကနေ…

  • တစ်ရှက်ကနေ နှစ်ရှက်ဖြစ်ခဲ့ရပြန်ပြီ

    တစ်ရှက်ကနေ နှစ်ရှက်ဖြစ်ခဲ့ရပြန်ပြီ

    ရွေးတုအစိုးရက TIME မဂ္ဂဇင်းပါ ဆောင်းပါးကို ပြစ်တင်ခြင်းသည် နိုင်ငံတကာ မီဒီယာကို နားလည်မှု မရှိ၍ အရှက်ကွဲခြင်းဖြစ်ဟု ဆို ကမ္ဘာ့အဆင့်မီ TIME မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် မြန်မာ့အရေးဆောင်းပါးနှင့် ပတ်သက်၍ ရွေးတု အစိုးရက သတင်းမီဒီယာကျင့်ဝတ်မရှိဟု ပြစ်တင်ထုတ်ပြန်ခဲ့ခြင်းသည် မီဒီယာသဘောတရားကို နားလည်မှုမရှိခြင်းကြောင့်ဖြစ်ပြီး စစ်အုပ်စု၏ အရှက်ကွဲမှုကို ပေါ်လွင်စေခဲ့ကြောင်း မြန်မာ့သတင်းစာ ဆရာများက သုံးသပ်ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာ ၂၃ ရက်နေ့က TIME မဂ္ဂဇင်းတွင် “အနောက်နိုင်ငံများနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်နေသော မြန်မာအာဏာရှင်” ခေါင်းစဉ်ဖြင့် ဆောင်းပါးထွက်ပေါ်လာပြီးနောက် ယင်းနေ့မှာပင် TIME မဂ္ဂဇင်းသည် အင်တာဗျူးကို အမေးအဖြေပုံစံအတိုင်း ရေးသားဖော်ပြခြင်းမရှိဘဲ ဆောင်းပါးပုံစံရေးသားဖော်ပြခြင်းသည် မီဒီယာကျင့်ဝတ်နှင့် မကိုက်ညီကြောင်း ရွေးတုအစိုးရက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ TIME မဂ္ဂဇင်း၏…