Category: News
-

နတ်မောက်မှာ အပီတွယ်လိုက်ပြန်တဲ့ ဗိဿနိုး
နတ်မောက်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြား မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဦးစီးတပ်မှ တာဝန်ရှိသူက ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၃၁ ရက် နံနက် ၆ နာရီ ၄၆ မိနစ်က နတ်မောက်မြို့နယ်၊ လဲဘူရွာသို့ ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူများကို မတရားဖမ်းဆီး ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ကာ လျှော်ချောင်းလေးကျေးရွာဘက်သို့ ထွက်လာသော အင်အား ၁၂၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို လျှော်ချောင်းလေးရွာအကျော်တွင် မိုင်းများအသင့်ထောင်ထားပြီး ပဒေသာမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း နေရာမှာပင်…
-

လျှပ်စစ်မီတာအသစ်တွေနဲ့ အထည့်ခံရတော့မယ် ပြည်သူတွေ
တစ်နိုင်ငံလုံးတွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီထုတ် ဒစ်ဂျစ်တယ် လျှပ်စစ်မီတာများ ပြောင်းလဲတပ်ဆင်ရန် စစ်ကောင်စီက ဝါဒဖြန့်နေ ရန်ကုန်တွင် လျှပ်စစ်မီတာများကို စတင်သိမ်းဆည်းပြီး ဦးပိုင်မီတာ ပြောင်းလဲလျှောက်ထားရန် ဖိအားပေးလာ မြန်မာတစ်နိုင်ငံလုံးတွင် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီထုတ် ဒစ်ဂျစ်တယ် လျှပ်စစ်မီတာများ ပြောင်းလဲတပ်ဆင်ရန် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေသော ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် နေ့စဉ်ရက်ဆက် ဝါဒဖြန့်နှိုးဆော်လျက်ရှိသည်ကိုတွေ့ရသည်။ ဩဂုတ်လ ၂၈ ရက်နေ့မှစတင်ပြီး ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့အထိ စစ်တပ်၏ ဝါဒဖြန့်သတင်းစာများတွင် “စမတ်ဂရစ် (Smart Grid) ရင်ခုန်သံနှင့် မြန်မာ့လျှပ်စစ်စွမ်းအင်က ဏ္ဍ၏ ခြေလှမ်းသစ်များ” ဟူသော ခေါင်းစဉ်ဖြင့် စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သော ဒစ်ဂျစ်တယ် လျှပ်စစ်မီတာများ တပ်ဆင်ခြင်းဖြင့် သုံးစွဲသော မီတာယူနစ်ကို မိမိ၏ ဖုန်းဖြင့်…
-
ကိုယ့်ညီမကိုယ် ±÷ပြုကျင့်ပြီး T-တ်လိုက်တဲ့ စိုင်းစံ
၁၄ နှစ်အရွယ် ညီမဝမ်းကွဲကို အဓမ္မပြုကျင့် သတ်ဖြတ်သူလူငယ်အား SSPP/SSA သေဒဏ်ပေး စီရင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် လူငယ်အမျိုးသားတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဗဟိုဌာနချုပ် အထက်တရားရုံးက သေဒဏ်ချမှတ်၍ ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်) က သေဒဏ်စီရင်လိုက်ကြောင်း SSPP/SSA က ယနေ့တွင် သတင်းထုတ်ပြန်သည်။ သေဒဏ် စီရင်ခံရသူမှာ သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာနေ အသက် ၂၄ နှစ်အရွယ် စိုင်းစံ (ခေါ်) စိုင်းဆာစံ ဆိုသူ ဖြစ်ပြီး ကျူးလွန်ခံရသူမှာ ၎င်း၏ ညီမဝမ်းကွဲတော်စပ်သူ အသက် ၁၄ နှစ်အရွယ် မနန်းစံဟွမ် ဖြစ်သည်ဟု သိရသည်။…
-
အလုပ်ရမယ်ဆိုလို့ မြို့တက်လာရက ငရဲခန်း ရောက်သွားခဲ့ရတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်
“ရန်ကုန်မှာ အလုပ်ရမယ်” ဆိုပြီး လိမ်ညာခေါ်ဆောင်ကာ ထိပ်တုံးခတ်ချုပ်နှောင်ခံထားရသည့် လူငယ် ၄ ဦးအား အင်းစိန်တွင် ရဲတပ်ဖွဲ့ ဝင်ရောက်ကယ်တင် ဘဝကို ရိုးရိုးသားသား ရုန်းကန်ချင်လို့ မြို့တက်ပြီး အလုပ်ရှာမိရာကနေ ထိပ်တုံးခတ်ခံရပြီး ငရဲခန်းကို ရောက်သွားခဲ့ရတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခု ရန်ကုန်မှာ ဖြစ်ပွားခဲ့ပါတယ်။ “ရန်ကုန်မှာ အလုပ်ရမယ်” ဆိုတဲ့ လိမ်လည်လှည့်ဖြားမှုနောက်ကို ပါသွားမိတဲ့ လူငယ်လေးတွေ တကယ့်ကို အတိဒုက္ခ ရောက်ခဲ့ကြရတာပါ။ ဖြစ်စဥ်မှာ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှ လူငယ် (၂) ဦးကို ကြည်ဝင်း ဆိုသူက ရန်ကုန်တွင် အလုပ်ရမည်ဟု လိမ်ညာခေါ်ဆောင်သွားခဲ့ပြီးနောက် အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ လမ်းဆုံတွင် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးသွားခဲ့ရာမှ ကာယကံရှင် မိသားစုများက သက်ဆိုင်ရာသို့ အကူအညီတောင်းခံခဲ့ပါတယ်။ ၂၅.၈.၂၀၂၆ ရက်နေ့ (မူရင်းသတင်းပါရက်စွဲ)…
-

လာမည့် ၄၈ နာရီအတွင်း မိုးကြီးဦးမယ့်ဒေသတွေ
အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် လာမည့် ၄၈ နာရီအတွင်း တိုင်းနှင့် ပြည်နယ် ၇ ခုတွင် မိုးကြီးနိုင် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်၊ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းကြောင့် လာမည့် ၂ ရက်အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဩဂုတ် ၃၁ ရက်တွင် ထုတ်ပြန်သည်။ လာမည့် ၂ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ မနက်ဖြန်အတွက် မိုးလေဝသ ခန့်မှန်းချက်တွင် မကွေးတိုင်းနှင့် ကရင်နီပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊…