Category: News

  • ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး၏ ကိုယ်ရေးအရာရှိက တပ်ရင်းမှူး ပုလဲမောင်အား သေနတ်ဖြင့် ပစ်သတ်

    ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး၏ ကိုယ်ရေးအရာရှိက တပ်ရင်းမှူး ပုလဲမောင်အား သေနတ်ဖြင့် ပစ်သတ်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး စွမ်းသူမောင်(ဗိုလ်စွမ်း)၏ ကိုယ်ရေးအရာရှိ (PA) ဖြစ်သူက အစည်းအဝေးတစ်ခုအတွင်း တပ်ရင်း (၆) တပ်ရင်းမှူး ဖြစ်သူ ပုလဲမောင်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်သည် ယနေ့ ဇွန်လ ၂၆ ရက် မွန်းလွဲ ၂နာရီခန့်တွင် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်မြစ်က ပြောသည်။ “ဒီနေ့အစည်းအဝေးမှာ ပုလဲမြို့နယ်က ရင်းတွေအကုန်ခေါ်တဲ့အချိန်မှာ စကားပြောနေတဲ့အချိန်မှာ အဲ့ဒီကလေး(ပုလဲမောင်ကို သတ်ခဲ့တဲ့သူ)က ပုလဲမောင်ကို သေနတ်နဲ့ပစ်လိုက်တာပေါ့။”ဟု ဖြစ်စဉ်သိရှိသည့် မြေပြင်ရဲဘော်တစ်ဦးက ပြောသည်။ တပ်ရင်းမှူး ပုလဲမောင်ကို ပစ်သတ်ခဲ့သည့် ရဲဘော်ငဖြိုးအား စစ်ဥပဒေဖြင့် အရေးယူသွားမည်ဟု NUG ထုတ်ပြန် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း၏ တပ်ရင်းမှူး ပုလဲမောင် ပစ်သတ်ခံရသည့် ဖြစ်စဉ်နှင့်…

  • ဗန်းမော်သို့ ဦးတည်မည့် စစ်သင်္ဘော ၂၀ ခန့် ဆန်တက်ရန်ပြင်ဆင်

    ဗန်းမော်သို့ ဦးတည်မည့် စစ်သင်္ဘော ၂၀ ခန့် ဆန်တက်ရန်ပြင်ဆင်

    စစ်ကူနှင့် ခဲယမ်းပို့ရန် မန္တလေးဂေါဝိန်ဆိပ်ကမ်းသို့ စစ်ကူယာဉ်တန်းများ ဆက်တိုက်ထွက်ခွာနေ ဗန်းမော်သို့ ဦးတည်မည့် စစ်သင်္ဘော ၂၀ ခန့် ဆန်တက်ရန်ပြင်ဆင် ‎‎​ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ရွေးတုအစိုးရစစ်တပ်စခန်းများသို့ စစ်ကူနှင့် ခဲယမ်းများ ဖြည့်တင်းရန်အတွက် မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်မည့် ဂေါဝိန်ဆိပ်ကမ်းသို့ စစ်သုံးယာဉ်တန်းများဖြင့် လက်နက်ခဲယမ်းများ ဆက်တိုက်သယ်ယူပို့ဆောင်နေကြောင်း သိရသည်။ ‎‎​ပြီးခဲ့သည့် ဇွန် ၂၃ ရက်နေ့တွင် မန္တလေးနန်းတွင်းမှ ခဲယမ်းများ တင်ဆောင်ထားပြီး မိုးကာ အုပ်ထားသည့် စစ်သုံးမော်တော်ယာဉ်ကြီးများသည် ဂေါဝိန်ဆိပ်ကမ်းဘက်သို့ ဦးတည်ထွက်ခွာသွားသည်ကို ဒေသခံများ မြင်တွေ့ခဲ့ကြရသည်။ ‎‎​ထို့အပြင် ဇွန် ၂၄ ရက် နေ့လယ် ၁၂ နာရီကျော်အချိန်တွင်လည်း အလားတူ ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်ထားသည်ဟု ယူဆရသည့် စစ်သုံးကားကြီး…

  • စစ်တပ်က ချောင်းဂွရွာရှိကို မီးတင်ရှို့၍ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

    စစ်တပ်က ချောင်းဂွရွာရှိကို မီးတင်ရှို့၍ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး

    မိမိနေအိမ် ပြာကျသွားသည့် မြင်ကွင်းကို ကြည့်ပြီး အုတ်ဖိုဒေသခံတစ်ဦး စိတ်ဒဏ်ရာဖြင့် သေဆုံး စစ်တပ်က ချောင်းဂွရွာရှိကို မီးတင်ရှို့၍ အိမ်ခြေ ၁၀၀ ကျော် ပျက်စီး ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂွကျေးရွာကို ရွေးတုအစိုးရ စစ်တပ် စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ရာ မိမိပိုင်ဆိုင်သည့် နေအိမ် ပြာကျသွားသည့် မြင်ကွင်းကို ကြည့်ကာ စိတ်ထိခိုက်ပြီး အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦး စိတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။ စစ်တပ်စစ်ကြောင်းသည် ပြီးခဲ့သည့် မေလ ၃၁ ရက်က ချောင်းဂွကျေးရွာအတွင်းသို့ အင်အားသုံး ဝင်ရောက်လာပြီး ပြည်သူပိုင်နေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ထိုသို့ မီးရှို့ခံရမှုကြောင့် ကျေးရွာအတွင်းရှိ အိမ်ခြေ ၁၀၀ ကျော်…

  • ထားဝယ် အထက ၁ အခမ်းအနားတွင် ကျောင်းသူ ကျောင်းသား ၂၀ အစုလိုက် မူးမေ့လဲ

    ထားဝယ် အထက ၁ အခမ်းအနားတွင် ကျောင်းသူ ကျောင်းသား ၂၀ အစုလိုက် မူးမေ့လဲ

    ထားဝယ်မြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ကျောင်းသူ၊ ကျောင်းသားများ အစုလိုက် မူးမေ့လဲကျကြောင်း ကျောင်းသားမိဘများ နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ အချို့ထံမှ သိရသည်။ ကျောင်းတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက် ကျောင်းတက်ချိန် ၉နာရီခန့်ကစပြီး အမှတ် ၁ ပင်မ ကျောင်းဆောင်ရှေ့ ၌ ကျောင်းသူ ၊ ကျောင်းသားများ မတ်တပ်ရပ်ပြီး ကျောင်းကောင်စီ အခမ်းအနားကျင်းပနေရာမှ ကျောင်းသူ၊ ကျောင်းသား နှစ်ဉီစတင်ပြီး မူးမေ့လဲကျကြောင်း တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အသင်းမှ တာဝန်ရှိသူ ဦးန်ုင်မျိုးသွင်က ပြောသည်။ ကျန်ရှိသည့် ကျောင်သား ကျောင်းသူအချို့မှာ စာသင်ခန်းအတွင်း သို့ရောက်ရှိချိန် မူးဝေကြောင်း ၎င်းက ဆိုသည်။ “မူးမေ့လဲကျတာမှာ Grade6နဲ့…

  • ဆရာဆရာမ တွေကျူရှင်မသင်ရဆိုရင်

    ဆရာဆရာမ တွေကျူရှင်မသင်ရဆိုရင်

    ဆရာဆရာမ တွေကျူရှင်မသင်ရဆိုရင် ညီတူညီမျှ ဆရာဝန်တွေ သူနာပြုတွေလဲ အပြင်ဆေးခန်းမထိုင်နဲ့လေ ကျူရှင် သင်တာကျောင်းကနေ ဘာမှယူသင်လို့မရဘူး ဆေးခန်းဖွင့်ရင် ဆေးရုံကအစိုးရ ထုတ်ပေးတဲ့ဆေးတွေ ယူလာလို့ရတယ်နော် သဘောပြောပြတာ ယူလာတယ်လို့မစွပ်စွဲဘူးနော် စာသင်ကျောင်းကျ အခမဲ့ပညာရေး ဆိုပြီး ပေးတဲ့ထောက်ပံ့ကြေးက မလောက်မငှ ဆေးရုံမှာကျ စရိတ်မျှပေး ကျန်းမာရေးတဲ့ ဘာရောဂါဖြစ်ဖြစ် ဆေးရုံသွားရင် ဆေးက အပြင်က ဝယ်ရတာများတယ်နော် စာရင်းလား လုပ်လို့ရတာပဲလေ ဆရာဆရာမ တွေကိုပဲ တိုက်ခိုက်နေကြလို့ နောက် ဝန်ထမ်းတွေလဲရှိသေးတယ်နော် လက်ဖက်ရည်ဖိုးဆိုပြီး ငါးထောင်ပေးရင် စောင့်အောင့်နေတဲ့ဌာနတွေလဲ အများကြီး ကြပ်မလား ကြပ်ပါ ဌာနပေါင်းစုံကို သေသေချာချာကြပ်ပါ ဆရာဆရာမ ကျမှပဲ မျက်နှာမွဲမို့ ရိုးလို့ အလို့ ငြိမ်ခံနေတဲ့လူများလို့ သီးသန့် တိုက်ခိုက်မနေကြပါနဲ့ နိုင်ငံတိုးတက်ဖို့လုပ်မယ်ဆို အဖက်ဖက်ကိုကြပ်ပါ ကျူရှင် လောက်လေးမြင်မနေကြနဲ့…