Category: News
-

AA နှင့် ညှိနှိုင်းပေးရန် တရုတ်ထံသို့ မင်းအောင်လှိုင်က အကူအညီတောင်းခံ
အာရက္ခတပ်တော်-AA နှင့် ငြိမ်းချမ်းရေး စေ့စပ်ပေးရန်၊ သိမ်းပိုက်ခံထားရသော ရခိုင်မြို့များ ပြန်လည်ရရှိရေး ညှိနှိုင်းပေးရန် တရုတ်ထံသို့ မင်းအောင်လှိုင်က အကူအညီတောင်းခံ ရခိုင်ပြည်တွင် အာရက္ခတပ်တော်-AA နှင့် ငြိမ်းချမ်းရေး စေ့စပ်ပေးရန်၊ သိမ်းပိုက်ခံထားရသော ရခိုင်မြို့များ ပြန် လည်ရရှိရေး ညှိ နှိုင်းပေးရန် တရုတ်ထံသို့ မင်းအောင်လှိုင်က အကူအညီတောင်းခံခဲ့ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက နေပြည်တော်သို့ ဧပြီလ ၂၅ ရက်နေ့မှ ဧပြီလ ၂၆ ရက်နေ့အထိ လာရောက်ခဲ့ပြီး ယင်းခရီးစဉ်အတွင်း မင်းအောင်လှိုင်က တရုတ်နိုင်ငံခြားရေးဝမ်ယိထံသို့ ရခိုင်အရေးနှင့်ပတ်သက်၍ တရားဝင် အကူအညီတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးသည် တရုတ်-မြန်မာ နှစ်နိုင်ငံလုံး၏ အကျိုး စီးပွားများနှင့် ဆက်စပ်နေသဖြင့် တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိရေး…
-

သိန္နီ၌ MNDAA က အိမ်ထောင်စုစာရင်းနှင့် ဒေသခံမှတ်ပုံတင်ကတ်ပြား ပြုလုပ်ပေး
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်တပ်ဖွဲ့ (Myanmar National Democratic Alliance Army-MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီမြို့နယ်အတွင်း ကျေးရွာတွေမှာရှိတဲ့ ဒေသခံတွေကို အိမ်ထောင်စုစာရင်း (သန်းခေါင်စာရင်း) နဲ့ ဒေသခံမှတ်ပုံတင်ကတ်ပြားတွေ တရွာချင်းစီ လိုက်လံ ပြုလုပ်ပေးနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ ဒေသခံအမျိုးသားတယောက်က “အိမ်ထောင်စုစာရင်းနဲ့ ဒေသခံမှတ်ပုံတင်ကို တပြိုင်တည်း လုပ်ပေးနေတယ်။ ဒေသခံကတ်တခုကို ကျပ် ၁၈,၀၀၀၊ အိမ်ထောင်စုစာအုပ်ကို ကျပ် ၆,၀၀၀ ပေးရတယ်။ အခု နမ့်စလပ်ရွာက ရွာခံတွေကို လုပ်ပေးနေပြီး တရက်ကို လူ ၁၀၀ ကျော်လောက် လုပ်ပေးနေတယ်” လို့ပြောပါတယ်။ အဲဒီ ဒေသခံ အိမ်ထောင်စုစာအုပ်နဲ့ ဒေသခံ မှတ်ပုံတင်ကတ်ပြားကို သိန္နီမြို့ရှိ အရင်က စစ်ကောင်စီ လဝကရုံးဟောင်းမှာ ပြုလုပ်ပေးနေပြီး ရွာတိုင်းမှာ နာမည်စာရင်း ကြိုတင်ကောက်ယူကာ…
-

AAနှင့်မဟာမိတ်တပ်များ စစ်ကိုင်းတိုင်းတွင် စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်
လက်နက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များသည် ထီးချိုင့်မြို့မှ ထွက်ခွာလာသည့် စစ်အုပ်စုယာဉ်တန်းကို လမ်းခု လတ်တနေရာ၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ အကျ အဆုံးရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ထီးချိုင့်မြို့သို့ ရောက်ရှိလာသည့် စစ်အုပ်စုတပ်စစ်ကြောင်းသည် မေလ ၁၀ ရက်နေ့တွင် ကသာမြို့သို့ ဦးတည်ထွက်ခွာလာစဉ် မွန်းလွဲ ၂ နာရီခွဲခန့်တွင် AA၊ KIA၊ PDF နှင့် မဟာမိတ်ပူးပေါင်းတပ်များက အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ ရှေ့တန်းသတင်းရင်းမြစ်တဦးက “စစ်ကောင်စီ စစ်ကြောင်းက ၁၀ ရက်နေ့မှာ ထီးချိုင့်ကနေ…
-

စစ်အုပ်စုက အာဆီယံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ “သူခိုးက လူဟစ်” လုပ်ရပ်
အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရ၍ စစ်အုပ်စုက အာဆီယံအပေါ် ပြစ်တင်ရှုတ်ချမှုမှာ “သူခိုးက လူဟစ်” လုပ်ရပ်ဟု NUG ဝေဖန် မြန်မာစစ်တပ်ကို အသိအမှတ်မပြုရန် နိုင်ငံတကာကို ထပ်မံတိုက်တွန်း အာဆီယံထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခွင့်မရသည့်အပေါ် အာဆီယံနှင့် နိုင်ငံတကာကို ပြစ်တင်ရှုတ်ချနေသော စစ်ကောင်စီ၏ လုပ်ရပ်မှာ “သူခိုးက လူဟစ်” သည့် လုပ်ရပ်သာဖြစ်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) က ပြင်းပြင်း ထန်ထန် တုံ့ပြန်ဝေဖန်လိုက်ပြီး၊ စစ်အုပ်စုအား နိုင်ငံရေးအရ အသိအမှတ်မပြုကြရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ထပ်မံသတိပေး တိုက်တွန်းလိုက်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေဖြင့် အတုအယောင် ရွေးကောက်ပွဲများကျင်းပကာ အမည်ခံ သမ္မတရာထူး တံဆိပ်ကပ်ရုံဖြင့် အခြေအနေများ ပြောင်းလဲသွားမည်မဟုတ်ကြောင်း NUG ဝန်ကြီးချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ “သူခိုးက လူဟစ်တယ်ပဲ ပြောရမှာပေါ့၊…
-
မြန်မာတစ်နိုင်ငံလုံးစိတ်ပူနေချိန်မှာ It mint နဲ့ ပက်ထရစ်ရှာ
မြန်မာတစ်နိုင်ငံလုံးစိတ်ပူနေချိန်မှာ It mint နဲ့ ပက်ထရစ်ရှာ ဖက်နေတဲ့ဓာတ်ပုံထွက်ပေါ်လာခဲ့။ မလေးရှားမှာ ချစ်သူရည်းစားလို တွဲရိုက်ထားတဲ့ပုံတွေ တင်လာတဲ့ It’s Mint😎 It’s mint က စွပ်စွဲပြောဆိုခံနေရတာတွေအားလုံးကို ပုံတစ်ပုံတည်းနဲ့ဖြေရှင်းလိုက်ပါတယ်။ ပက်ထရစ်ရှာရဲ့ Case ဟာ ပရိသတ်တွေကို အမှန်တရားထွေပြားနေစေခဲ့ပြီး သူမဟာ Manipulate လုပ်ခံရကြောင်း တောက်လျှောက်ပြောဆိုနေပေမယ့် အဆိုပါဖြစ်စဉ်ဟာ ဘယ်ကိုဦးတည်နေကြောင်း ပရိသတ်တွေအတွက်တော့ ခန့်မှန်းရခက်စေခဲ့ပါတယ်။ It’s mint က မလေးရှားမှာ ရှာရှာနဲ့အတူ သမီးရည်းစားကဲ့သို့ ဖက်ရိုက်ထားတဲ့ပုံကို သူ့ Tik Tok ကနေတဆင့်တင်လာခဲ့တာပါ။ ငယ်စဥ်ကတည်းက ခံစာ:လာရတဲ့ စိ.တ်ဝေဒ.နာ.ကြောင့် အရက်မူ:ရင် အကူညီတွေလျှောက်တောင်းမိတတ်ကြောင်း ရင်ဖွင့်လာတဲ့ ပက်ထရစ်ရှာ 😔💔 အဲ့လိုကျတော့လည်း စိတ်မကောင်းစရာပဲနော်… ငါးခူရုပ်နဲ့ မော်ဒယ်ကို ရထားတော့ ပိုစ့်တွေ…