Category: News

  • ဆိုင်ကယ်နှင့် ကား မျက်နှာချင်းဆိုင်တိုက်မှုမှာ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်သတ်ခဲ့

    ဆိုင်ကယ်နှင့် ကား မျက်နှာချင်းဆိုင်တိုက်မှုမှာ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်သတ်ခဲ့

    ပြီးခဲ့တဲ့ရက်ပိုင်းက သထုံမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အမျိုးသမီးငယ် သုံးဦးစီးနင်းလာသော ဆိုင်ကယ်နှင့် ကား မျက်နှာချင်းဆိုင်တိုက်မှုမှာ တမင်ရည်ရွယ်ချက်ရှိရှိ တိုက်သတ်ခဲ့တာဟု ဖော်ပြလာပါတယ်။👇 မတော်တဆ လူသေစေမှုနဲ့ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု မတူညီပါဘူး။ ဒါဟာရှင်းလင်းသော ရည်ရွယ်ချက်ရှိသည့် လူသတ်မှုဖြစ်ပါတယ်။ တရားခံသည် တာယာစက်ရုံနဲ့ EPC ဝင်းတွင် ကျင်လည်သူဖြစ်သည်အလျှောက် သေဆုံးသူ ၃ ဦးအနက်မှ ၁ ဦးကို သမီးရည်းစားစကားပြောပြီး အငြင်းခံထားရခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကောင်မလေးအမည်တော့ မဖော်ပြလိုပါဘူး။ တရားခံဟာ အခင်းမဖြစ်မီအချိန်က အဆိုပါမိန်းကလေးနေအိမ်အား သူငယ်ချင်းဖြစ်သူများထံံသို့မေးမြန်းခြင်း၊ တာယာစက်ရုံဝင်းအတွင်း မူးမူးရူးရူး ကားပတ်မောင်းနေခြင်း စသည့် မူမမှန်သည့် အပြုအမူများကို လုပ်ဆောင်ခဲ့ကြောင်း စက်ရုံနေ ပြည်သူများထံမှ တိကျသောသတင်းများ ရရှိပါတယ်။ နီးစပ်သူများ မျက်မြင်ကူညီခဲ့ကြများနှင့် ဖြစ်စဥ်မြင်သော လမ်းသွားလမ်းလာပြောကြားချက်များအရ တရားခံမောင်းနှင်လာသောကားသည် အခြားကားကိုကျော်တက်ပြီး မောင်းနှင်လာတာမရှိဘဲ…

  • စစ်တပ်၏ ဝေါလေဗျူဟာကုန်း  ပိတ်ဆို့ခံထားရ

    စစ်တပ်၏ ဝေါလေဗျူဟာကုန်း ပိတ်ဆို့ခံထားရ

    စစ်တပ်၏ ဝေါလေဗျူဟာကုန်း ပိတ်ဆို့ခံထားရပြီး လက်နက်နှင့် ရိက္ခာများ လေကြောင်းက ပို့နေရ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က စစ်တပ်ရဲ့ ဝေါလေဗျူဟာကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းကနေ ထောက်ပို့နေရတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါလေလမ်းပိုင်းမှာ စစ်တပ်ရဲ့ တခုတည်းကျန်ရှိနေတဲ့ ဝေါလေဗျူဟာကို မတ် ၃၁ ရက်က စတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း ကာကင်းစခန်း ၆ ခုထဲက ၄ ခု သိမ်းခံရပြီးနောက် ဝေါလေဗျူဟာနဲ့ ကာကင်းစခန်းတွေ ထပ်မံမကျဖို့ လေကြောင်းကနေ ခုခံကာကွယ်နေရပါတယ်။ ဒါ့အပြင် ဝိုင်းဝန်းပိတ်ဆို့ခံထားရတာကြောင့် လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာတွေကို လေကြောင်းကနေ ထောက်ပို့နေရပါတယ်။ စစ်ရေးသတင်းရင်းမြစ်တယောက်က “(ဝေါလေက)အရင်အတိုင်းပဲ…

  • ဧရာဝတီတိုင်းရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းကို AA နှင့် ပူးပေါင်းတပ်များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်

    ဧရာဝတီတိုင်းရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းကို AA နှင့် ပူးပေါင်းတပ်များ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်၍ တိုက်ပွဲပြင်းထန်

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီးရှိ စစ်အုပ်စု၏ အမှတ် (၃၄၄) အမြောက်တပ်ရင်း (အမတ ၃၄၄) ကို အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်း ဝန်းပိတ်ဆို့ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသဖြင့် တိုက်ပွဲများ ပြန်လည်ပြင်းထန်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။ ​ငါးသိုင်းချောင်းမြို့၊ မြောက်စမ်းရွာအနီးတွင် တည်ရှိသည့် အဆိုပါ အမြောက်တပ်ရင်းကို ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ စတင်ကာ ယနေ့ (မေလ ၁၃ရက်) အထိ AAဦးဆောင်သော တော်လှန် ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိတွင် စစ်အုပ်စုဘက်မှ အထိနာနေသည်ဟု မြေပြင်သတင်းရင်းမြစ်တဦးက ပြောသည်။ “AA ဘက်က အခုတခေါက်မှာ အင်အားအလုံးအရင်းနဲ့ ပြန်တိုက်လာတာ။ အရင်ကလို ဂွမြို့ဘက်ကို ဦးတည်လာမယ့် စစ်ကြောင်းတွေကို ဟန့်တားနေရုံတင်မဟုတ်တော့ဘဲ…

  • သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဝမ်းနည်းဖွယ် ယာဉ်တိုက်မှု

    သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဝမ်းနည်းဖွယ် ယာဉ်တိုက်မှု

    မေလ (၁၀) ရက်နေ့က သထုံ-ဘားအံ ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့သည့် ဝမ်းနည်းဖွယ် ယာဉ်တိုက်မှုကြောင့် အနာဂတ်ရှိသည့် တက္ကသိုလ်ကျောင်းသူ ၃ ဦး အသက်ဆုံးရှုံးခဲ့ရသည်။ ယခုအခါ အဆိုပါဖြစ်စဉ်ကို အမှုမှန်မပေါ်စေဘဲ ငွေကြေးဖြင့် ကျေအေးရန် ဖိအားပေးမှုများ ရှိနေကြောင်း သိရှိရသဖြင့် ပြည်သူများမှ ဝိုင်းဝန်းစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းလိုပါသည်။ ​ဖြစ်စဉ်အကျဉ်း – 📍 နေလင်းစိုး (EPC အငြိမ်းစားအရာရှိ၏သား) မောင်းနှင်သည့် Honda Fit ကားသည် မော်လမြိုင် တက္ကသိုလ်ကျောင်းသူ ၃ ဦးစီးလာသည့် ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်ခဲ့သည်။ 📍 ကျောင်းသူ ၃ ဦးစလုံး (မအေးအေးအောင်၊ မနေခြည်ကျော်၊ မဂျူလိုင်မိုး) နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရသည်။ 📍 ယာဉ်မောင်းသူသည် ဖြစ်စဉ်ဖြစ်ပွားချိန်တွင် မူးယစ်သောက်စားထားသည်ဟု…

  • MRTV သတင်းတင်ဆက်သူ၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင်  ရွာသားလူငယ်များကို စစ်တပ်က နေ့အချိန် ပေါ်တာဆွဲဖမ်းဆီး

    MRTV သတင်းတင်ဆက်သူ၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က နေ့အချိန် ပေါ်တာဆွဲဖမ်းဆီး

    နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်တပ်ဝါဒဖြန့် MRTV သတင်းတင်ဆက်သူ၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က နေ့အချိန် ပေါ်တာဆွဲဖမ်းဆီး နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် စစ်မှုထမ်းကြေး လစဉ် ပုံမှန်ကောက်ခံနေသည့်ကြားမှ စစ်တပ်ဝါဒဖြန့် MRTV သတင်းတင်ဆက်သူ ဆွေဆွေခိုင်၏ မောင်ဖြစ်သူ နေမျိုးလင်း အပါအဝင် ရွာသားလူငယ်များကို စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများက ပြောဆိုသည်။ မေလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အင်ပင် (မြောက်) ရွာမှ စစ်တပ်ဝါဒဖြန့် MRTV မြန်မာ့အသံ သတင်းတင်ဆက်သူ ဆွေဆွေခိုင်၏ မောင်ဖြစ်သူ ပြောင်ကြီး (ခေါ်) မောင်နေမျိုးလင်း အပါအဝင် ဒေသခံလူငယ်အချို့ကို စစ်တပ်နှင့် ပျူစောထီးများက ပေါ်တာဆွဲ…